NEWS

အိုမန်ရောက် မြန်မာအိမ်အကူလုပ်သားက မြန်မာအေ့ဂျင့်ရုံးထိုင်အမျိုးသမီးကို ဓါးဖြင့်ထိုးသတ်မှုဖြစ်ပွား

CoverLogo
628 Views
 
အိုမန်နိုင်ငံ၊ ဆိုဟာရ် ဝီလာယတ်မြို့တွင် အိုမန်ရောက် အိမ်အကူမြန်မာအမျိုးသမီးလုပ်သားက မြန်မာအလုပ်သမားအကျိုးဆောင်ဝန်ဆောင်မှုလုပ်ငန်း ရုံးပိုင်းဆိုင်ရာလုပ်ဆောင်သူ မြန်မာအမျိုးသမီးကိုဓါးဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့တယ်လို့ အိုမန်ရောက်မြန်မာလုပ်သားတွေထံမှ သိရပါတယ်။
ဇူလိုင် ၆ရက် နေ့လည်ပိုင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အိုမန်ရောက်မြန်မာလုပ်သားအကျိုးဆောင် ဝန်ဆောင်မှု ရုံး မှ မယုနန္ဒာ ကို မြန်မာအိမ်အကူ လုပ်သားဖြစ်သူ ဒေါ်လွင်မာမြင့်ဆိုသူက ရုံးအတွင်းမှာ တင်စကားအချေတင်များရာ မှ ဓါးဖြင့် ထိုးသတ်ခဲ့တာ ဖြစ်တယ်လို့ အိုမန်ရောက်မြန်မာလုပ်သားတွေထံ မှသိရပါတယ်။
 
ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ဒေါ်လွင်မာမြင့် မှာ အိုမန် နိုင်ငံ ကို အိမ်အကူလုပ်သား ပြုလုပ်ဖို့ ဇူလိုင်၁ရက်မှ ရောက်ရှိတယ်လို့ သေဆုံးသူနဲ့နီးစပ်တဲ့ အသိုင်းဝန်း မှသိရပါတယ်။
 
လက်ရှိမှာ ပြစ်မှုကျူးလွန်သူ ဟု ယူဆရသူ မြန်မာအမျိုးသမီး အိမ်အကူ လုပ်သားကိုဖမ်းဆီးပြီးစစ်ဆေးနေတယ်လို့ အိုမန်တော်ဝင်ရဲတပ်ဖွဲ့က (ROP)ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
""မြန်မာနိုင်ငံသား အချင်းချင်း လူသတ်မှု အထိ ဖြစ်တာ ဆိုတာတော့ မကောင်းဘူး ပေါ့ ဒါပေမယ့် သတ်တဲ့သူမှာလည်း အခုလို နယ်မြေခြားမှာ လူတစ်ယောက် ကိုသတ်ရတဲ့အထိ ဘယ်လို စိတ်နာကျည်းချက်တွေရှိနေလဲ စဉ်းစားစရာပေါ့ ""လို့ အိုမန်ရောက်မြန်မာအိမ်အကူလုပ်သားတစ်ဦးမှ ပြောပါတယ်။
 
အိုမန်ရောက် မြန်မာအိမ်အကူလုပ်သားတွေ မှာ လုပ်သားအခွင့်အရေး ချိုးဖောက်ခံရတာတွေ အိမ်ရှင် ရဲ့မတရား ဖိနှိပ်ဆက်ဆံ ခံရတာတွေအစားအသောက် ဝလင်အောင် မကျွေးတာတွေစတဲ့ အလုပ်သမားအခွင့်ရေးဆုံးရှုံးတာတွေရှိတဲ့ အတွက် မိမိကိုပို့ဆောင်ပေးတဲ့ အိုမန်ရှိ မြန်မာအလုပ်သမားအကျိုးဆောင်ဝန်ဆောင်မှုလုပ်ငန်း ရုံးများမှ တာဝန်ရှိသူတွေကို တင်ပြ အကူညီတောင်းခံတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။
 
""အလုပ်သမားဘက်ကအလုပ်တာဝန်ကျေပွန်အောင်လုပ်ရမယ် အိမ်ရှင်တွေဘက်ကလည်း လုပ်သားအပေါ် ရသင့်တဲ့အခွင့်ရေး ပေးရမှာ အခုက အလုပ်သမားကတာဝန်ကျေပွန်သလောက်အလုပ်ရှင်တေဘက်ကတာဝန်မကျေအနိုင်ကျင့်တာ တွေ အများကြီး ဒါကိုရုံးပြန်ရောက်ရင်လဲရုံးကပြသနာထပ်ရှာ ရန်လုပ်သေးတာအဲတော့ရုံးထိုင်တေအနေနဲ့အလုပ်သမားဘက်ကနေရပ်တည်ဖို့လိုပါတယ်အလုပ်သမားကောင်းတွေရှိသလိုအိမ်ရှင်ဆိုးတွေလဲရှိတယ်ဒါကို မျှမျှတတ တွေးပေးသင့်တယ်""လို့ အိုမန်ရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
ယခုဖြစ်စဉ် နဲ့ ပက်သက်ပြီးအိုမန်နိုင်ငံရောက်မြန်မာ အိမ်အကူလုပ်သားတွေကြား နောက်ဆက်တွဲ သတင်းတွေ အပေါ် စိတ်ဝင်စားမှု မြင့်တက်နေပြီး အချို့မှာလည်း မြန်မာအိမ်အကူ တွေ အပေါ် အိမ်ရှင် အိုမန် နိုင်ငံသားတွေ က ပိုမိုဖိနှိပ် တင်းကြပ်လာမှာကိုလည်း စိုးရိမ်နေတာတွေလည်း ရှိပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) ကိုယ်ထိလက်ရောက် ကျူးလွန်မှု နစ်နာသူအား အလုပ်ပြန်ခန့်ရန် အလုပ်သမားများ တောင်းဆိုထား
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026