NEWS

အာဏာသိမ်းပြီးနောက် အလုပ်သမားရေးရာဝန်ကြီး ၅ ဦးအထိအပြောင်းအလဲဖြစ်၊ ဘာမှမမျှော်လင့်ကြောင်း ပြည်သူတွေတုန့်ပြန်

CoverLogo
16 Views
 
စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေ နေရာ ကို စစ်တပ်မှ အငြိမ်းစားဗိုလ်ချုပ်ဟောင်း အောင်ကျော်ဟိုး အား ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
 
ဇူလိုင် ၃၁ ရက် က အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက ပြောင်းလဲ ခန့်အပ်လိုက်တာ ဖြစ်ပြီး ယခင် အလုပ်သမားဝန်ကြီးဦးချစ်ဆွေ ကိုတော့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှာ ပြောင်းလဲ ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
 
"ဝန်ကြီးတွေ တစ်ယောက်ပြီး တစ်ယောက် သာ ပြောင်းနေတာ ပြည်တွင်း က အလုပ်သမားတွေ အတွက် ပြောင်းလဲ လာတာ ဘာမှ မရှိဘူး အလုပ်သမားအခွင့်ရေး တွေ ဆုံးရှုံးနေဆဲပဲ လုပ်သားတွေရဲ့စားဝတ်နေရေး အခက်ခဲတွေဖြစ်နေဆဲပဲ အခုဆို အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ သူတွေကို ဖမ်းဆီးတာတွေ လုပ်နေတာ ဆိုတော့ဝန်ကြီးအသစ်ပြောင်းလဲ ဘာမှ မမျှော်လင့်ဘူး""လို့ စက်ရုံလုပ်သားတစ်ဦးကပြောပါတယ်။
 
ဒါ့အပြင် ယခင်အလုပ်သမားဝန်ကြီးဦးချစ်ဆွေ လက်ထက်ကပြောင်းလဲခဲ့တဲ့ ပြည်ပ လုပ်သားစေလွှတ်မှု မူဝါဒ လုပ်ငန်းစဉ် အသစ် တွေ ကြောင့် ပြည်ပလုပ်သား စေလွှတ်ရာမှာ ကန့်သတ်ခံရတာတွေ အချိန် ကြန့်ကြာမှုတွေ ဖြစ်ပေါ်ခဲ့ပြီး သွားရောက်မယ့် လုပ်သားတွေ ​ငွေကြေးနစ်နာဆုံးရှုံးမှုတွေဖြစ်နေသလို ပို့ဆောင်ပေးတဲ့လိုင်စင်ရအေဂျင်စီတွေ လည်း အခက်ခဲတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။
 
"ပြည်ပ လုပ်သားစေလွှတ်မှု က ဝန်ကြီးပြောင်းသွားလို့ ထူးလာမယ်မထင်ဘူး ဘာကြောင့်ဆိုတော့ လူငယ်တွေ ပြည်ပထွက်မှာကို စိုးလို့ ကန့်သတ်ထားတာ ဆိုတော့ အခု ပိတ်ထားတဲ့ အမျိုးသားလုပ်သားပြည်ပထွက်ခွင့် အသက်ကန့်သက်ချက် တွေ ပြန်လည်ဖြေလျော့ပေးမယ်မထင်ဘူး ရှေ့ဘုန်းကြီးတစ်ချက်ခေါက် နောက်ဘုန်းကြီး နှစ်ချက်ခေါက် ဆိုသလို ဘဲ ဝန်ကြီးအပြောင်းလဲကြောင့် လက်မှတ်ထိုးဖို့ စောင့်ရလို့ လုပ်ငန်းစဉ် ပိုပြီးကြန့်ကြာတာဘဲ ရှိမယ်""လို့ လိုင်စင်
ရအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
အာဏာသိမ်းပြီးနောက် ၄ နှစ်ကျော်ကာလမှာ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီး နေရာ ကို ပြောင်းလဲ ခန့်အပ်ခဲ့တာမှာ ယခု အကြိမ်ပါဆိုရင် ငါးဦး အထိ ရှိပြီ ဖြစ်ပါတယ်။
 
NLD အစိုးရလက်ထက်က ခန့်ထားတဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေကို ဖြုတ်ပစ်လိုက်ကာ ဒုဝန်ကြီး ဦးမြင့်ကြိုင်ကို ဝန်ကြီးအဖြစ် ခန့်ခဲ့ပါတယ်။
 
၂၀၂၂ ခုနှစ် သြဂုတ် ၁၉ ရက်မှာ အလုပ်သမားဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၂ ခုခွဲလိုက်ကာ ဦးမြင့်ကြိုင်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးအဖြစ်၊ ဒေါက်တာပွင့်ဆန်းကို အလုပ်သမားဝန်ကြီးအဖြစ် ခန့်ခဲ့ပြီး ၂၀၂၃ ခုနှစ် သြဂုတ် ၃ ရက်မှာတော့ အငြိမ်းစားဗိုလ်မှူးချုပ်မြင့်နောင်ကို ပြောင်းလဲ ခန့်အပ်ခဲ့ပါတယ်။
 
ထပ်မံပြီး၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ အငြိမ်းစားဗိုလ်မှူးချုပ်ချစ်ဆွေကို ပြောင်းလဲ ခဲ့ပြီး အခု အလုပ်သမားဝန်ကြီး အသစ် အဖြစ်အငြိမ်းစားဗိုလ်မှူးချုပ် အောင်ကျော်ဟိုးကို ထပ်မံ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
ဓါတ်ပုံ_အလုပ်သမား၀န်ကြီးဌာန ဝန်ကြီးဟောင်းများ

Related posts

Cover
ဂျပန်မှ မြန်မာလုပ်သား ၁၃၀၀ ကျော် ခေါ်ယူဖို့ ကမ်းလှမ်း၊ အမျိုးသမီး လုပ်သား အများဆုံးပါဝင်
Aug 04, 2025
Cover
လစာတိုးပေးရေးတောင်းဆိုတဲ့အပေါ် စက်ရုံစစ်ဆေးရေးအဖွဲ့က အလုပ်ရှင်ဘက်ကရပ်တည်ဖြေရှင်းလို့ အလုပ်သမားတွေနစ်နာ
Aug 04, 2025
Cover
ဖမ်းဆီးခံထားရတဲ့အလုပ်သမားအရေးလုပ်ဆောင်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးစေလိုဟုဆို
Aug 04, 2025
Cover
ပဲခူး Sudey စက်ရုံ လုပ်ငန်းခွင် ထိခိုက်မှုများအား တာဝန်ယူမှုမရှိဘဲ လုပ်ခ ဖြတ်ယူ
Aug 04, 2025
Cover
လုပ်ငန်းခွင်ဘေးအန္တရာယ်ရှိနေတာနဲ့ အလုပ်သမားအခွင့်ရေးဆုံးရှုံးနေတဲ့အပေါ် ဖြေရှင်းပေးဖို့တောင်းဆို
Aug 04, 2025
Cover
ရွှေဈေး၂ရက်အတွင်းပြန်ကျ စက်သုံးဆီနဲ့ဒေါ်လာဈေးများအနည်းငယ်အပြောင်းအလဲဖြစ် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Aug 04, 2025
Cover
လုပ်ငန်းခွင်ထိခိုက်မှုတွေ ဖြစ်ပေါ်ပါက တာဝန်ယူပေးဖို့ လိုအပ်နေ
Jul 31, 2025
Cover
OWIC ကတ်ပေါ် တွင် လုံခြုံရေးစတစ်ကာ ကပ်ပေးမည်ဟုဆို
Jul 31, 2025