NEWS

အာဏာသိမ်းကာလတစ်နှစ်အတွင်း ပုသိမ်စက်မှု့ဇုန် အလုပ်သမား​ရေးရာ ညှိနှိုင်း ဖြေရှင်းရေး ယန္တရား ပြိုလဲသွား

CoverLogo
1K Views

အာဏာသိမ်း ကာလ တစ်နှစ်ပြည့်ပြီဖြစ်သလို ဒီကြားကာလအတွင်းမှာ ဧရာဝတီတိုင်း၊ ပုသိမ်စက်မှု့ဇုန်အတွင်းမှာ   စက်ရုံနှင့် အလုပ်သမားများကြား  ညှိနှိုင်းဖြေရှင်းရေးယန္တရား တွင် ဖြေရှင်းဆောင်ရွက်ပေးနေသော ဌာနဆိုင်ရာများကြားတွင် ဘက်လိုက်မှု့နဲ့ မတရားမှု့များ ကြုံတွေ့နေရတယ်လို့ ၎င်းစက်မှု့ဇုန် အလုပ်သမားများထံမှ သိရှိရပါတယ်။

"ဌာနဆိုင်ရာများ အလုပ်သမားအရေး ပြဿနာများကိုဖြေရှင်မှု့များမှာ တရားမျှတမှု့ မရှိဘူး၊ စက်ရုံတွေအပေါ်ကို ဘက်လိုက်မှု့တွေ၊ လာဘ်ပေးလာဘ်ယူမှု့ များနဲ့ အလုပ်သမားတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဆောင်ရွက် ပေးတယ်၊ အရင်အာဏာမသိမ်းခင်က အလုပ်သမားတွေ အပေါ် စက်ရုံတွေမှာရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ မန်နေဂျာတွေက အလုပ်သမားအခွင့်အရေးတွေကို မပေးတဲ့အခါ ၊ အလုပ်သမားဥပဒေများကို ချိုးဖောက်တဲ့အခါ အလုပ်သမားအရေးကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ့ကြောင့် သူတို့ ( အလုပ်ရှင် )တွေရဲ့ ချိုးဖောက်တဲ့ ဥပဒေပါ ခံစားခွင့်တွေ အကုန်လုံးနီးပါ အလုပ်သမားတွေ ရရှိခဲ့ကြတယ် ၊ အခု အာဏာသိမ်းကာလအတွင်းမှာ အလုပ်သမားအရေးကို တကယ်လုပ်ကိုင်ပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို တရားမဝင်တဲ့ အသင်းအဖွဲ့အဖြစ် ကြေညာလိုက်တော့ အခု အလုပ်သမားတွေ ဘာပြသနာဖြစ်ဖြစ် ဌာနဆိုင်ရာရဲ့ မတရားပြုလုပ်မှု့တွေကို အလုပ်သမားတွေ ခံနေရတယ်” လို့ စက်မှု့ဇုန် ရှိအလုပ်သမားတစ်ဦးက Myanmar Labour News ကို​ပြောပါတယ်။

အလုပ်ရှင်နဲ့ အလုပ်သမားကြား အခွင့်အရေးချိုးဖောက်မှုတွေ မတရားမှုတွေ ကျူးလွန်တဲ့အခါ ဉပဒေမှာပါရှိတဲ့ အတိုင်း အရေးယူရမယ့် ကိစ္စရပ်မျိုးတွေမှာ ဖွင့်လှစ်ထားတဲ့ ဌာနဆိုင်ရာတွေက အလုပ်မလုပ်ဘဲ ခေါင်းရှောင်တာတွေပြုလုပ်တာဟာ ပိုမိုဆိုးရွားလာတယ်လို့ ဆိုပါတယ်။

" တခုခုဆို ဌာနဆိုင်ရာက စက်ရုံတွေရဲ့ ကျူးလွန်မှု့တွေကို တရားဥပဒေမှာ ပါရှိတဲ့အတိုင်း အပြစ်ဒဏ်အရ အရေးယူရမဲ့ အရာတွေကို အရေးမယူဘဲ သူတို့ကပါ အလုပ်ရှင်ဘက်ကနေ အလုပ်သမားတွေအပေါ်ကို မကျေနပ်ရင် တရားရုံးသွားဆိုတဲ့ စာနဲ့ဘဲ ဖြေရှင်းပေးတယ် ၊ စက်ရုံတွေက အလုပ်သမား ဥပဒေတွေကို ချိုးဖောက်လို့ တိုင်ကြားခံရရင် အဲ့စက်ရုံကိုလာစစ်ဆေးတဲ့အခါ အလုပ်သမားတွေကို စစ်ဆေးမေးမြန်းမှု့ မရှိဘဲ စက်ရုံကကျွေးတဲ့ ဒန်ပေါက်နဲ့ အစားအစာတွေ၊ အဝတ်အထည်တွေကိုယူပြီးပြန်ကြတာပဲ ၊ အဲ့လိုဆိုတော့ အလုပ်သမားတွေ ဘယ်ဌာနကို အားကိုးပြီးတိုင်လို့ရမှာလဲ ၊ ဌာနဆိုင်ရာက အလုပ်သမားတွေအတွက် ဘယ်တော့မှ အလုပ်မလုပ်ပါဘူး။ စက်ရုံတွေ ဆီကပဲ  ရရှိမဲ့ အကျိုးအမြတ်ကို ကြည့်ပြီး အလုပ်သမားပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ပေးနေကြတယ်၊ အဲ့လိုမျိုးတွေကို ဌာနဆိုင်ရာက လုပ်နေတော့ စက်ရုံရဲ့လုပ်ငန်းရှင်တွေက နင်တို့တိုင်ချင်တဲ့နေရာတိုင် ငါတို့လိုက်ရှင်းမယ်ဆိုတဲ့လေသံ မျိုးတွေ နဲ့ အလုပ်သမားတွေကို အရင်ထက်ပိုပြီး ဆက်ဆံလာရဲကြတာ ” လို့ ၎င်းက ဆိုပါတယ်။

အာဏာသိမ်း ကာလအတွင်း ပုသိမ်စက်မှု့ဇုန်မှာ ဌာနဆိုင်ရာများရဲ့ အလုပ်သမားအရေး ညှိနှိုင်းဖြေရှင်းရေးယန္တရား  မှာ လာဘ်ပေးလာဘ်ယူမှု့ များ၊ စက်ရုံတွေအပေါ် ဘက်လိုက်မှု့များနဲ့ တာဝန်ယူမှု့တာဝန်ခံမှု့ မရှိသည့် ဌာနဆိုင်ရာများ၏ ဖြေရှင်းပေးမှု့အပေါ်မှာ အလုပ်သမားတွေအနေနဲ့  လုံးဝ ကျေနပ်မှု့မရှိကြောင်း ကို ပုသိမ်စက်မှု့ဇုန်အတွင်းရှိ စက်ရုံများမှအလုပ်လုပ်ကိုင်နေသော အလုပ်သမားများထံမှ သိရှိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ် ၊ ပုသိမ်စက်မှု့ဇုန် တွင် အထည်ချုပ်စက်ရုံ (၈) ရုံ ရှိပြီး ပုသိမ်၊ ငွေဆောင်လမ်းမကြီးဘေး ၊ တဲကြီးကုန်း ရပ်ကွက်တွင် တည်ရှိသော Myanmar All Rich စက်ရုံ အပါအဝင် အထည်ချုပ်စက်ရုံ စုစုပေါင်း (၉) ရုံဖြင့် လုပ်ငန်းလည်ပတ် လုပ်ကိုင်လျှက် ရှိပါတယ်။


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026