NEWS

အသံတိတ်သပိတ်မှာမပါဝင်ဖို့ဖိအားပေးနေတဲ့အပြင်လုပ်ခလစာပါခေါင်းပုံဖြတ်နေတဲ့ KINGSRICH (MYANMAR) FASHION LIMITED စက်ရုံ

CoverLogo
4.2K Views

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမှတ်၂စက်မှု့ဇုန်အထဲမှာလုပ်ကိုင်နေတဲ့တရုတ်လူမျိုးပိုင် KINGSRICH (MYANMAR) FASHION LIMITED အထည်ချုပ်စက်ရုံမှာ အလုပ်သမား ဥပ​ဒေအခွင့်အရေးချိုးဖောက်တာတွေရှိနေတယ်လို့အမည်မဖော်လိုတဲ့စက်ရုံဝန်ထမ်းတွေက MLN ကိုပြောပါတယ်။

အဲ့ဒီ့လိုလုပ်သားအခွင့်အရေးချိုးဖောက်မှု့တွေထဲမှာလုပ်သားဝန်ထမ်းတွေကိုခေါ်ယူပြီးအိုတီကြေးမပေးတာတွေ နေထိုင်မကောင်းရင်ခွင့်ရက်မပေးဘဲ လစာအဆမတန်ဖြတ်တာတွေ အာဝါဒီအဆမတန်တိုးတောင်းခိုင်းစေနေတာတွေပါဝင်တယ်လို့အလုပ်သမားတွေကဆိုပါတယ်။

"မနက်ဖြန်အသံတိတ်သပိတ်ရှိတယ် ကျမတို့မဆင်းနိုင်ဘူးလို့ပြောတာကိုစူပါတွေကနေတဆင့်ဖိအားပေးတယ် စနေကိုအစားထိုးဆင်းပေးရမယ်ပြောတယ်စူပါကလဲမဆင်းရင်လူစားထည့်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့ ပုံစံနဲ့လာပြောတယ်"လို့ Kingsrich Myanmar စက်ရုံကလုပ်သားတဦးကပြောပါတယ်။

စက်ရုံဖက်ကနေထိုင်မကောင်းခွင့်ယူတာတွေကိုပါတရက်ကို ၂ သောင်းကျော်အထိလစာဖြတ်တောက်တာတွေရှိနေပြီးခံဝန်ဂတိထိုးခိုင်းတာတွေ Grade ချတာတွေပါရှိနေတယ်လို့လဲ MLN ကသိရပါတယ်။

"တရက်ကိုငါးဆယ်လောက်အာဝါလီအပ်ရင် နောက်ရက်ဆို ခုနှစ်ဆယ်လောက်တောင်းတယ်ရှင့် နေထိုင်မကောင်းတာလေးကိုတောင်ရက်ပြတ်တယ်ဆိုပြီးအလုပ်ထုတ်ပစ်လိုက်တယ် ကျမတို့ဒီစက်ရုံကလစာပေးတာအနည်းဆုံးပဲ ဒီလစာနဲ့ကျမတို့ဒီအခြေအနေမှာဘယ်လိုမှစားမလောက်ဖူး"လို့စက်ရုံအလုပ်သမားတဦးကဆက်ပြောပါတယ်။

Kingsrich Myanmar အထည်ချုက်စက်ရံမှအလုပ်သမားလစာတွေကို အဓမ္မတောင်းယူနေတဲ့အပ်ထည်တွေပြည့်မပြည့်နဲ့သတ်မှတ်နေတဲ့အတွက်အဆိုပါစက်ရံမှအထည်ချုပ်အလုပ်သမတယောက်ရဲ့လစာမှာဖြတ်တောက်ခံရတာနဲ့ပင်လုံးပါးပါးနေရတယ်လို့စက်ရုံဝန်ထမ်းတွေကဆိုပါတယ်။

"ဒီစက်ရုံလစာအနည်းဆုံးပဲ ဒါကိုတောင်နားလှည့်ပါးရိုက်နဲ့လုပ်အားခေါင်းပုံဖြတ်တော့အဆင်မပြေတော့ဘူး သူတို့ကလူပါးကိုဝနေတာတန်ရာတန်ကြေးမပေးနိုင်ရင်ထွက်သွားလို့ပဲပြောချင်တယ်"လို့စက်ရုံလုပ်သားတဦးကဆိုပါတယ်။

Kingsrich Myanmar အထည်ချုပ် စက်ရုံမှ H&M အမှတ်တံဆိပ်အထည်များကိုထုတ်လုပ်နေတဲ့စက်ရုံတခုဖြစ်တယ်လို့သိရပါတယ်။ 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026