NEWS

အသက်မပြည့်သေးသည့် ကလေးလုပ်သား လက်ထိခိုက် ဒါဏ်ရာရ၊ လုပ်ငန်းရှင်မှ တာဝန်ယူမရှိ

CoverLogo
419 Views

ကမ္ဘာအေးလမ်းမကြီး၊ (မိုးလေဝသရုံးရှေ့) စာတိုက်မှတ်တိုင် ၊ သံမဏိ (၈) ရပ်ကွက်က ကော်စေ့ စက်ရုံ (မိုလောင်းရုံ )မှာ ကလေးလုပ်သားတဦး လုပ်ငန်းလုပ်ကိုင်နေစဉ် လက်မှာ ထိခိုက် ဒဏ်ရာရတာကြောင့် စတီးပြားထည့် ကုသထားရတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် STUM ဆီကသိရပါတယ်။

 

အထွေထွေ လုပ်သားအဖြစ် အလုပ်လုပ်နေတဲ အောင်ပြည့်စုံဟာ အသက် ၁၈ နှစ်မပြည့်သေးဘဲ ဇန်နဝါရီ ၂၃ ရက် ည ၁၀ နာရီလောက်မှာ လုပ်ငန်းခွင်အတွင်း ထိခိုက် ဒါဏ်ရာရပြီး မြောက်ဥက္ကလာ(မေဓါဝီ) ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

 

“ဖြစ်တာ ညပိုင်းဆိုတော့ ညနက်အောင် လုပ်ကိုင်ရလို့ ဖြစ်တယ်။ ဆက်တိုက်ခိုင်းနေတာကြောင့် အခုလို ဖြစ်တာလို့ ယူဆတယ် ။ ညာဘက်လက်မှာ ဖြစ်တာ ။ မနေ့ကတော့ တိုင်ချင်ရာတိုင်လို့ စက်ရုံဘက်က ပြောသွားတယ်။ ကလေးမိဘတွေက ကယ်ရီဆွဲတာ၊ မပြည်စုံကြဘူး ။ ဆေးရုံစရိတ် ဆရာဝန်ကို ၈၀၀၀၀ ၊ လူနာစောင့်ကို ၄၀၀၀၀ ပေးထားတယ်။ မလောက်လို့ မနေ့က ကလေး ဘာမှ မစားရဘူး ပြောတယ်။ “ လို့ STUM တာဝန်ရှိသူ ကပြောပါတယ်။ 

 

လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ပြီး အဲဒီညမှာဘဲ ခွဲစိတ်ကုသခဲ့ရာမှာ ညာဘက်လက် လက်မ၊လက်ညှိုး၊လက်ခလယ် စတီးပြားထည့် ကုသထားတယ်လို့ သိရပါတယ်။ စက်ရုံ ပိုင်ရှင် ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘဲ မန်နေဂျာဆိုသူ အုပ်ချုပ် ခိုင်းစေနေတယ်လို့ STUM အဖွဲ့ က ပြောပါတယ်။

 

“စက်ရုံမှာ လုပ်သား ၁၀ ယောက်ပဲ ရှိတယ်။ ကလေးကို ရက်ကွက်ထဲက လူတချို့က တဆင့်ခေါ်ပြီး အလုပ်သွင်း ထားပေးတာ။ လိုက်သွားတုန်းက မိဘတွေတောင် မသိဘူးပြောတယ်။ လစာ ဘယ်လောက်ရလဲ မသိရသေးဘူး။ အောင်ပြည့်စုံက အလုပ်ဝင်တာ တလလောက်ပဲ ရှိသေးတယ်လို့ ပြောတယ်။ ရပ်ကွက်ထဲမှာ SME လုပ်ငန်းတွေက အများကြီး။ လူမှုဖူလုံရေးကြေးလည်း မသွင်းကြဘူး။ ဒီလို လုပ်ငန်းတွေမှာ လုပ်သားတွေကို ဒီမှာ အိပ်၊ ဒီမှာစား ခိုင်းနေကြတယ်” လို့ ပြောပါတယ်။ 

 

STUM အဖွဲ့ကတော့ အောင်ပြည့်စုံကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ဆက်လက် လုပ်ဆောင်ပေးမှာဖြစ်ပြီး အလုပ်ရှင်ကို ထိရောက်တဲ့ အရေးယူမှု ပြုလုပ်နိုင်ဖို့ ကူညီပေးသွားမယ်လို့ ပြောဆိုထားပါတယ်။  

 #MyanmarLabourNews


Related posts

Cover
VHT အထည်ချုပ် စက်ရုံ လစာ ထုတ် မပေးနိုင်
Jul 07, 2025
Cover
Lesmart (Myanmar) Apparel အထည်ချုပ် စစ်ဆေးမှုအား လိမ်လည် ဖြေကြားခိုင်း
Jul 07, 2025
Cover
NEW ZHONG HUI CO.,Ltd အထည်ချုပ်အချိန် ပိုအလွန်အကျွံခိုင်းစေ
Jul 07, 2025
Cover
Peach Garden အထည်ချုပ်စက်ရုံ ထုတ်လုပ်မှု မန်နေဂျာဆိုသူက ဆဲဆို ခိုင်းစေ
Jul 07, 2025
Cover
အချိန်ပိုအလွန်အကျွံဆင်းခိုင်းပြီး လုပ်ငန်းခွင်အတွင်းလိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေရှိနေဟုဆို
Jul 05, 2025
Cover
POLY CLOTHING Co.,Ltd အထည်ချုပ်စက်ရုံ အချိန်ပို ညလုံးပေါက်ခိုင်းစေ
Jul 05, 2025
Cover
Double Packing Myanmar စက်ရုံ WCC ရွေးချယ်မှု စနစ်တကျမရှိသည့်အပြင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်များ ရှိနေ
Jul 05, 2025
Cover
Hundred Garment Myanmar အသက်မပြည့်ဟုဆိုကာ လုပ်သာ:(၁၂)ဦးအား အလုပ်ထုတ်ပြန်
Jul 05, 2025