VIDEO

အသက်မပြည့်သေးတဲ့ အိမ်အကူမိန်းကလေးငယ် နံရိုးကျိုးသည့် အထိ ရိုက်နှက်နှိပ်စက်ခံထားရ

CoverLogo
913 Views

ရွှေပြည်သာမြို့နယ်အတွင်း နေထိုင်တဲ့ အိမ်ရှင်မိသားစုက ၁၅ နှစ်အရွယ် အမျိုးသမီး အိမ်အကူလုပ်သားတဦးကို ခန္ဓာကိုယ်မှာ ဒဏ်ရာအပြင်းအထန် ရရှိပြီး ဆေးရုံ ပြသရတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ကျူးလွန်ခံရသူ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ကျူးလွန်သူခံရသူမှာ စုစုပေါင်း မိသားစုဝင် ၄ ဦးရှိပြီး ဒဂုံဆိပ်ကမ်းမြိုနယ်က ကျူးကျော် ရပ်ကွက်တခုမှာ နေထိုင်ကြပြီး မိန်းကလေးငယ်အနေနဲ့ ထပ်မံခြိမ်းခြောက်ခံနေရတာတွေ ရှိနေတယ်လို့ လည်း သိရပါတယ်။

 ဒီလို ရိုက်နှက်တာကို ကျူးလွန်ခံရသူ မိသားစုဝင်တွေက မသိရဘဲ ဒီဇင်ဘာ ၁၃ ရက်မှာမှ သမီးဖြစ်သူကို ရပ်ကျေးအဖွဲတွေ လာရောက် ခေါ်ယူသွားတယ်ဆိုပြီး ဆက်သွယ်ပြောဆိုတာကြောင့် အဲဒီအိမ်ကို သွားရောက်ခဲ့တာလို့ ပြောပါတယ်။ ဆေးရုံတက်ကုသနေရတဲ့ အိမ်အကူလုပ်သားမှာ ဝဲချိုဆောင်း ပေါက်ပြဲ၊ ဝဲနားထင်ဖူးရောင်၊ ကျောကုန်းဖူးရောင် ညိုမဲစွဲ၊ ယာဘက်ပုခုံး ဒဏ်ရာ၊ ဝဲဘက် လက်မောင်းနာကျင် ဒဏ်ရာ၊ ယာဘက် လက်ဖျံ ဒဏ်ရာ၊ ဝဲဘက် ဒူးခေါင်း ပေါက်ပြဲဒဏ်ရာ၊ ညာဘက်ခြေသလုံး ဒဏ်ရာတွေအပြင် နံရိုး ၂ ချောင်း ကျိုး၊ လက်ချောင်းတချောင်းကျိုးဒဏ်ရာ နဲ့ အင်းစိန်ဆေးရုံကြီးမှာ တက်ရောက်ကုသခဲ့ရပြီး နာကျင်မှုဒဏ်ကို အပြင်းအထန်ခံစားနေရတယ်လို့ သိရပါတယ်။

ကျူးလွန်ခံရမှုကို လှော်ကားရဲစခန်းမှာ အမှုဖွဲတိုင်ကြားထားပြီး ပုဒ်မ ၃၂၃ သာမာန်နာကျင်စေမှု၊ ပုဒ်မ ၃၂၅ အပြင်းထန် နာကျင်စေမှု၊ ပုဒ်မ ၃၅၄ ကာယိန္ဒြေပျက်စီးစေပြီး အနိုင်အထက်ပြုမှုနဲ့ ပုဒ်မ ၁၁၄ အားပေး ကူညီမှု တွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ကျူးလွန်ခံရသူကို ဆေးစစ်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အမှုဖွင့်ခံထားရတဲ့ မိသားစုဝင််တွေကတော့ အာမခံနဲ့ လွှတ်ပေးထားတယ်လို သိထားရပါတယ်။ 

Application - https://bit.ly/3oNDLga

Website Link - https://www.myanmarlabournews.com

Telegram Link - https://t.me/myanmarlabournews

 #MyanmarLabourNews #ChildLabour


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026