NEWS

အသက်ကန့်သတ်ချက်ကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ လုပ်သားရှာဖို့အခက်ကြုံ

CoverLogo
697 Views

ပြည်တွင်းက အမျိုးသားတွေ ပြည်ပ ထွက် အလုပ်လုပ်ခွင့်ကို အသက်ကန့်သတ်လိုက်တာကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ လုပ်သားရှာဖွေရာမှာ အခက်ကြုံနေရတယ် လို့ အေဂျင်စီ အသိုင်းဝိုင်းမှ သိရပါတယ်။

အမျိုးသားတွေ ကို အသက် ၂၃ ကနေ ၃၁ နှစ်အထိ ပြည်ပထွက် အလုပ်လုပ်ခွင့်ပိတ်ပင်လိုက်တာကြောင့်  ပြည်ပအလုပ်အကိုင်  အတွက် လုပ်သားရှာဖွေရာမှာ  ယခင်ထက်အချိန်ကြန့်ကြာနေပြီး စိစစ်နေရတယ် လို့ဆိုပါတယ်။

"အရင်က အလုပ်ခေါ်စာ demand မှန်ကန်ကြောင်း ကျပြီဆိုတာ နဲ့ အလုပ်သမားက လူပြည့်နေပြီ အလုပ်သမားရှာဖွေရတဲ့ အချိန် သိပ်မကြာဘူး အဆင်ပြေတယ် အခု အစိုးရက ကန့်သတ်လိုက်တဲ့ အသက်တွေ က တစ်ဖက်နိုင်ငံက လုပ်ငန်းရှင်တွေ ကြိုက်တဲ့အသက်အရွယ်တွေ ဖြစ်နေတယ် အခု လုပ်သားရှာမယ်ဆိုရင် အဲ့အသက်တွေ ကိုဖယ်ပြီး မှ လက်ခံရတယ် အသက်၂၂ ကို လေး လ ငါးလ လောက်စွန်းနေရင်ကို ဝန်ကြီးဌာန ကို က စာချုပ်ချုပ်ခွင့်မပေးဘူး အဲ့တော့ သွားချင်တဲ့အလုပ်သမားကလည်းသွားမရ အေဂျင်စီအနေနဲ့က လည်း ခေါ်လို့မရနဲ့ အခက်ခဲတွေဖြစ်တာပေါ့""ဟု ပြည်ပကို လုပ်သားပို့ဆောင်ပေးနေတဲ့လိုင်စင်ရ အေဂျင်စီမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်တလောမှာ အမျိုးသား များ ပြည်ပထွက်အလုပ်လုပ်ခွင့်ကန့်သက်ချက်တွေကြောင့် အချို့ အလုပ်ခေါ်စာ တွေမှာ အသက် ၄၀ ဝန်းကျင် အထိ တိုးမြှင့်ခေါ်ယူလာတယ်လို့ဆိုပါတယ်။

အခုလို ပြည်ပလုပ်သားကို အသန့်ကန့်သတ်လိုက်တဲ့အတွက် အရွယ်ကောင်းလူငယ် တွေဟာ ပြည်ပကို နည်းမျိုးစုံနဲ့ အောက်လမ်းကနေ ထွက်ခွာမှုရှိသလို ဖမ်းဆီးခံရမှုတွေလည်း ပိုမိုမြင့်တက်လာတယ်လို့ သိရပါတယ်။

"အရင်က အလုပ်ခေါ်စာ တွေမှာ အသက် ၃၅ နှစ်အထိ ပဲခေါ်တာများတယ် အသက်ကြီးပိုင်းတွေကို လုပ်ငန်းရှင်တွေ က သိပ်မကြိုက်ကျဘူး အခုတော့ အသက်၄၀အထိ ခေါ်လာတာ တော်တော်များများတွေ့ရတယ် အခု ကဘယ်လိုဖြစ်လဲ ဆိုတော့ အသက်၂၃ ကနေ ၃၁ အထိ လူငယ်တွေက ဘာလုပ်ရမယ်မသိဖြစ်နေကျပြီ။တစ်ချို့ကလဲ အောက်လမ်းကနေတရားမဝင်တွေသွားကျတယ် အခုလို အသက်ကန့်သက်လိုက်တာ က ပြည်ပ နိုင်ငံ ကို တရားမဝင် အလုပ်သွားလုပ်ဖို့တွန်းအားပေးလိုက်သလိုဖြစ်သွားတယ်" လို့ အေဂျင်စီအသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

လက်ရှိတွင် ပြည်ပနိုင်ငံတွေမှာ  အလုပ်လုပ်ဖို့ အတွက် တရားမဝင်သွားရောက် တဲ့သူတွေပိုများလာသလို သွားရောက်ဖို့အတွက် ပွဲစားတွေကို ပေးရတဲ့ ငွေပမာဏ လည်း ပိုမိုများလာတယ်လို့ သိရပါတယ်။

 


Related posts

Cover
ဖူးခက် လ၀က အချုပ်ခန်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
Aug 22, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
ပြည်ပရောက်အလုပ်သမားရဲ့ မိသားစုထံလွှဲပို့ငွေအတွက် အေဂျင်စီတွေကို နေပြည်တော်ခေါ်ယူစိစစ်မည်
Aug 21, 2025
Cover
အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အဖမ်းခံရ
Aug 21, 2025
Cover
အလုပ်ပြောင်း၊ သူဌေးပြောင်း မည့် လုပ်သားများ အလုပ်ပြောင်းစာ ဘိုင်ကျန့်အော် ထုတ်စရာမလိုတော့ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်
Aug 21, 2025
Cover
အထောက်ထားမပြည့်စုံတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ဘတ်အသစ်ရိုက်ပေးပြီး အလုပ်လုပ်ခွင့်ပြု
Aug 20, 2025
Cover
ရွှေ့ပြောင်းလုပ်သားတွေ ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့ စစ်ကော်မရှင်ကြိုးပမ်းနေ
Aug 20, 2025
Cover
ငလျင်ကြောင့် အဆောက်ဦးပြိုကျမှုမှ သေဆုံးတဲ့ မြန်မာလုပ်သား ၈ ဦးအတွက် နစ်နာကြေး ဘတ် ၈ သန်းပေး
Aug 20, 2025