NEWS

အလုပ်အပြန် လမ်းဖြတ်ကူးချိန် ဆိုင်ကယ်တိုက်မိသည့် မြန်မာလုပ်သားအမျိုးသမီး ဆေးကုသစဉ် သေဆုံး

CoverLogo
252 Views
 
ထိုင်းနိုင်ငံ၊လယောင်မြို့က အီလက်ထရောနစ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား အမျိုးသမီး တစ်ဦးဟာ အလုပ်က အပြန် ဆိုက်ကယ်တိုက်မိမှုဖြစ်ပွားကာ ဆေးရုံ တွင် ဆေးကုသမှုခံယူရင်း သေဆုံးသွားတယ်လို့ ၄င်းအမှု ကို ကူညီပေးနေတဲ့ WAGအလုပ်သမားမဟာမိတ်အဖွဲ့ မှ သိရပါတယ်။
 
ဖြစ်စဉ်မှာ အသက်၄၀နှစ်ခန့် မြန်မာအလုပ်သမား မသင်းသင်းခိုင်ဟာ ဒီဇင်ဘာ ၁၆ရက် ည၉နာရီခွဲ လောက် က အလုပ်က အပြန် ကားပေါ်မှဆင်း၍ လမ်းဖြတ်ကူးချိန် ဆိုင်ကယ် အတိုက်ခံရပြီး ဒဏ်ရာများ ရကာ သတိလစ် သွားတယ်လို့ သိရပါတယ်။
 
အခင်းဖြစ်ပြီးနောက် လူနာကို လယောင်ဆေးရုံကြီးကို ပို့ဆောင် ပြီး ဆေးကုသမှုခံယူနေရင်း ၁၁ရက်မြောက်နေ့ ဒီဇင်ဘာ၂၆ရက် မှာဆိုင်ကယ်တိုက်မိတဲ့ဒဏ်ရာတွေကြောင့် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
 
ထိုနောက် သေဆုံးသူရဲ့ ရုပ်အလောင်း ကို ဆေးရုံက ထုတ်ယူဖို့ ပြောတဲ့ အတွက် သေဆုံးသူရဲ့ မိသားစုဝင်တွေက သေမှုသေခင်းနဲ့ ပက်သက်ပြီး လုပ်ဆောင်ရမှာတွေကို နားမလည်တာကြောင်​့ သေဆုံးသူအတွက် တရားမျှတမှုနဲ့ရသင့်ရထိုက်တဲ့ ထော်လော်ဘော် နစ်နာကြေးပြန်လည်ရရှိဖို့ WAGအလုပ်သမားမဟာမိတ်အဖွဲ့ ထံ အကူညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။
 
သေဆုံးသူ မြန်မာလုပ်သား အမျိုးသမီးဟာ မြန်မာနိုင်ငံ၊ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာမြို့နယ်၊ကျောက်တန်းကြီးအုပ်စု၊နေရာပျံချီကျေးရွာ ကနေ လာရောက် အလုပ်လုပ်ကိုင်သူ ဖြစ်ကာ ၎င်းတွင် အသက် ၁၃နှစ်အရွယ်သမီးတစ်ယောက် ကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။
 
ယခုရက်ပိုင်းတွင် ထိုင်းရောက်မြန်မာ အမျိုးသမီး လုပ်သား များ ယာဉ်မတော်တဆမှု ကြောင့် သေဆုံးမှု တွေ ဖြစ်ပေါ်လျက်ရှိရာ ဒီဇင်ဘာ ၂၅ရက် ည ကလည်း ညဆိုင်းအလုပ်ဆင်းရန် ဆိုင်ကယ် ဖြင့်သွားတဲ့ မြန်မာအလုပ်သမားအမျိုးသမီး ဆယ်ဘီးကားဖြင့် တိုက်မိပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
 

Related posts

Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026