NEWS

အလုပ်သမား ၄၀၀ ကျော်နဲ့ အလုပ်သမားရေး ဆောင်ရွက်သူ ရဲ့ ၇ နှစ်ကြာ နစ်နာမှုတွေအတွက် ကမ်ပိန်းပြုလုပ်တောင်းဆို

CoverLogo
472 Views

 ၄၀၀ ကျော်ကို နစ်နာကြေးမပေးဘဲ အလုပ်မှထုတ်ပယ်ခဲ့တဲ့ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံကို အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဂျပန်မှာလှုပ်ရှားမှုတွေ စတင်နေသလို နှစ်ပေါင်းများစွာအမှုရင်ဆိုင်ခဲ့ရတဲ့ ဒေါ်မျိုးအေးကလည်း ဂျပန်အထိသွားရောက်တောင်းဆိုမှုပြုလုပ်နေတယ်လို့ သိရပါတယ်။  

 

အဆိုပါ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က အလုပ်သမားအခွင့်အရေး တောင်းဆိုမှုကြောင့်  အလုပ်သမား ၄၀၀ ကျော်ကို အလုပ်မှထုတ်ပယ်ခဲ့ရာမှ အလုပ်သမားထောင်ချီဆန္ဒပြတောင်းဆိုခဲ့ရာ အဲ့ဒီအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ အလုပ်သမား အရေးကူညီဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို  အဲဒီစက်ရုံကနေ နစ်နာကြေး သိန်းပေါင်းနှစ်သောင်းနီးပါးဖြစ်တဲ့ ငွေကျပ်သိန်းပေါင်းတစ်သောင်းရှစ်ထောင်ရှစ်ရာကျော်ရလိုမှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။   

 

အဲ့ဒီလို နှစ်ပေါင်း ၈နှစ်နီးပါးကြာအထိ အမှုရင်ဆိုင်ဖြေရှင်းနေရင်းက ဆက်လက်တရားစွဲဆိုလိုစိတ်မရှိတော့လို့ဆိုကာ စက်ရုံဘက်ကအမှုပိတ်လိုက်ပြီးနောက်  အလုပ်သမား ၄၀၀ ကျော်နဲ့ တရားစွဲဆိုခံဒေါ်မျိုးအေးအတွက် နစ်နာကြေးကျပ်သိန်းပေါင်း ရှစ်သောင်းကျော်ကို  ၎င်းတို့နစ်နာမှုအတွက် ပြန်လည်တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။  

 

"ဂျပန်ကိုဘာသွားလုပ်တာလဲဆိုရင် Honeys စက်ရုံက ၂၀၁၇ ခုနှစ်ကတည်းက ၇ နှစ်၈နှစ်လုံးလုံး ကျွန်မတို့သည်းခံခဲ့ရတယ်။ စောင့်ဆိုင်းခဲ့ရတဲ့အချိန်တွေရှိတယ်။ ဒီအချိန်မှာ တရားမျှတမှုအတွက် ပြန်လည်တောင်းဆိုရတော့မယ် "လို့ ဆိုထားပါတယ်။ 

 

ဒ့ါအပြင်  အဆိုပါအထည်ချုပ်စက်ရုံရဲ့ ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး  Global Campaign တစ်ခုဖြစ်တဲ့ PayYourWorkers ကမ်ပိန်းကိုလည်း ဖေဖော်ဝါရီ ၁၄ရက်ကစတင်ပြုလုပ်နေပြီဖြစ်ရာ ဂျပန်နိုင်ငံအ တွင်းက သမဂ္ဂ တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေပါ သွေးစည်းညီညွတ်မှု ကိုပြသတဲ့အနေနဲ့ အဲ့ဒီကမ်ပိန်းမှာ အားလုံးပါဝင်လှုပ်ရှားနေကြပြီဖြစ်သလို Honeys စက်ရုံလှုပ်ရှားမှုအတွက် နယ်သာလန်အခြေစိုက် Clean Clothes Campaign (CCC)ကလည်း စတင်နေပြီဖြစ်တယ်လို့သိရပါတယ်။ 

 

"CCC က နယ်သာလန်အခြေစိုက်။  STUM ကတော့  South East Asia CCC Network ကပါ။ Honeys case ကို East Asia CCC နဲ့ ပူးပေါင်းဖြေရှင်းတာပါ။ အဝတ်အထည်နဲ့အားကစားကို အဓိကထားလုပ်ဆောင်ပါတယ်" လို့ဆိုပါတယ်။ 

 

Honeys စက်ရုံနဲ့ပတ်သက်ပြီး ဂျပန်အထိသွားရောက်ခြင်းဟာ   အလုပ်သမား ၄၀၀ကျော်ရဲ့ခံစားခဲ့ရတဲ့ မတရားမှူတွေနဲ့ ၎င်းရဲ့၇နှစ်ကျော်၈နှစ်အထိ ကြာအောင်တရားစွဲပြီး ဒုက္ခတွေပေးခဲ့တဲ့အတွက် တရားမျှတမှူအတွက်ပြန်လည်တောင်းဆိုတဲ့ခရီးလည်းဖြစ်ပြီး တောင်းဆိုမှုမရမချင်း  အရှေ့တောင်အာရှနိုင်ငံများနဲ့ ချိတ်ဆက်တည်ထောင်ထားတဲ့ CCC နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကမ်ပိန်းလှုပ်ရှားမှုကိုလည်း ရပ်မှာမဟုတ်ဘူးလို့  သိရပါတယ်။  

 

အဆိုပါ Honeys Garment အထည်ချုပ် စက်ရုံက မင်္ဂလာဒုံမြို့နယ်မှာရှိတာဖြစ်ပြီး အလုပ်သမား ၄ဝဝကျော် ကို အလုပ်ထုတ်ခဲ့ရာက အလုပ်သမားထောင်ကျော်က  ဥပဒေမဲ့အလုပ်ထုတ်မှုရပ်တန့်ရေး၊ ဥပဒေပါအခွင့်အရေးများရရှိရေး နှင့် ခွဲခြားဖိနှိပ်မှုများရပ်တန့်ရေး စသည့်စာသားပါ ဗီနိုင်းပိုစတာ များကို ကိုင်ဆောင်ကာ Honeys အထည်ချုပ်စက်ရုံမှ အလုပ်ထုတ် ခံရတဲ့ အလုပ်သမား ၄၀၀ကျော်ကို လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ခွင့်ရရန် တောင်းဆိုခဲ့ကြပေမဲ့ အလုပ်သမား ၄၄၈ ဦးဟာ လျော်ကြေးမရရှိခဲ့ဘဲ အလုပ်ထုတ်ခံခဲ့ရတာပါ။ 

 


Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026