NEWS

အလုပ်သမား ၄၀၀ ကျော်နဲ့ အလုပ်သမားရေး ဆောင်ရွက်သူ ရဲ့ ၇ နှစ်ကြာ နစ်နာမှုတွေအတွက် ကမ်ပိန်းပြုလုပ်တောင်းဆို

CoverLogo
408 Views

 ၄၀၀ ကျော်ကို နစ်နာကြေးမပေးဘဲ အလုပ်မှထုတ်ပယ်ခဲ့တဲ့ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံကို အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဂျပန်မှာလှုပ်ရှားမှုတွေ စတင်နေသလို နှစ်ပေါင်းများစွာအမှုရင်ဆိုင်ခဲ့ရတဲ့ ဒေါ်မျိုးအေးကလည်း ဂျပန်အထိသွားရောက်တောင်းဆိုမှုပြုလုပ်နေတယ်လို့ သိရပါတယ်။  

 

အဆိုပါ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က အလုပ်သမားအခွင့်အရေး တောင်းဆိုမှုကြောင့်  အလုပ်သမား ၄၀၀ ကျော်ကို အလုပ်မှထုတ်ပယ်ခဲ့ရာမှ အလုပ်သမားထောင်ချီဆန္ဒပြတောင်းဆိုခဲ့ရာ အဲ့ဒီအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ အလုပ်သမား အရေးကူညီဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို  အဲဒီစက်ရုံကနေ နစ်နာကြေး သိန်းပေါင်းနှစ်သောင်းနီးပါးဖြစ်တဲ့ ငွေကျပ်သိန်းပေါင်းတစ်သောင်းရှစ်ထောင်ရှစ်ရာကျော်ရလိုမှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။   

 

အဲ့ဒီလို နှစ်ပေါင်း ၈နှစ်နီးပါးကြာအထိ အမှုရင်ဆိုင်ဖြေရှင်းနေရင်းက ဆက်လက်တရားစွဲဆိုလိုစိတ်မရှိတော့လို့ဆိုကာ စက်ရုံဘက်ကအမှုပိတ်လိုက်ပြီးနောက်  အလုပ်သမား ၄၀၀ ကျော်နဲ့ တရားစွဲဆိုခံဒေါ်မျိုးအေးအတွက် နစ်နာကြေးကျပ်သိန်းပေါင်း ရှစ်သောင်းကျော်ကို  ၎င်းတို့နစ်နာမှုအတွက် ပြန်လည်တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။  

 

"ဂျပန်ကိုဘာသွားလုပ်တာလဲဆိုရင် Honeys စက်ရုံက ၂၀၁၇ ခုနှစ်ကတည်းက ၇ နှစ်၈နှစ်လုံးလုံး ကျွန်မတို့သည်းခံခဲ့ရတယ်။ စောင့်ဆိုင်းခဲ့ရတဲ့အချိန်တွေရှိတယ်။ ဒီအချိန်မှာ တရားမျှတမှုအတွက် ပြန်လည်တောင်းဆိုရတော့မယ် "လို့ ဆိုထားပါတယ်။ 

 

ဒ့ါအပြင်  အဆိုပါအထည်ချုပ်စက်ရုံရဲ့ ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး  Global Campaign တစ်ခုဖြစ်တဲ့ PayYourWorkers ကမ်ပိန်းကိုလည်း ဖေဖော်ဝါရီ ၁၄ရက်ကစတင်ပြုလုပ်နေပြီဖြစ်ရာ ဂျပန်နိုင်ငံအ တွင်းက သမဂ္ဂ တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေပါ သွေးစည်းညီညွတ်မှု ကိုပြသတဲ့အနေနဲ့ အဲ့ဒီကမ်ပိန်းမှာ အားလုံးပါဝင်လှုပ်ရှားနေကြပြီဖြစ်သလို Honeys စက်ရုံလှုပ်ရှားမှုအတွက် နယ်သာလန်အခြေစိုက် Clean Clothes Campaign (CCC)ကလည်း စတင်နေပြီဖြစ်တယ်လို့သိရပါတယ်။ 

 

"CCC က နယ်သာလန်အခြေစိုက်။  STUM ကတော့  South East Asia CCC Network ကပါ။ Honeys case ကို East Asia CCC နဲ့ ပူးပေါင်းဖြေရှင်းတာပါ။ အဝတ်အထည်နဲ့အားကစားကို အဓိကထားလုပ်ဆောင်ပါတယ်" လို့ဆိုပါတယ်။ 

 

Honeys စက်ရုံနဲ့ပတ်သက်ပြီး ဂျပန်အထိသွားရောက်ခြင်းဟာ   အလုပ်သမား ၄၀၀ကျော်ရဲ့ခံစားခဲ့ရတဲ့ မတရားမှူတွေနဲ့ ၎င်းရဲ့၇နှစ်ကျော်၈နှစ်အထိ ကြာအောင်တရားစွဲပြီး ဒုက္ခတွေပေးခဲ့တဲ့အတွက် တရားမျှတမှူအတွက်ပြန်လည်တောင်းဆိုတဲ့ခရီးလည်းဖြစ်ပြီး တောင်းဆိုမှုမရမချင်း  အရှေ့တောင်အာရှနိုင်ငံများနဲ့ ချိတ်ဆက်တည်ထောင်ထားတဲ့ CCC နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကမ်ပိန်းလှုပ်ရှားမှုကိုလည်း ရပ်မှာမဟုတ်ဘူးလို့  သိရပါတယ်။  

 

အဆိုပါ Honeys Garment အထည်ချုပ် စက်ရုံက မင်္ဂလာဒုံမြို့နယ်မှာရှိတာဖြစ်ပြီး အလုပ်သမား ၄ဝဝကျော် ကို အလုပ်ထုတ်ခဲ့ရာက အလုပ်သမားထောင်ကျော်က  ဥပဒေမဲ့အလုပ်ထုတ်မှုရပ်တန့်ရေး၊ ဥပဒေပါအခွင့်အရေးများရရှိရေး နှင့် ခွဲခြားဖိနှိပ်မှုများရပ်တန့်ရေး စသည့်စာသားပါ ဗီနိုင်းပိုစတာ များကို ကိုင်ဆောင်ကာ Honeys အထည်ချုပ်စက်ရုံမှ အလုပ်ထုတ် ခံရတဲ့ အလုပ်သမား ၄၀၀ကျော်ကို လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ခွင့်ရရန် တောင်းဆိုခဲ့ကြပေမဲ့ အလုပ်သမား ၄၄၈ ဦးဟာ လျော်ကြေးမရရှိခဲ့ဘဲ အလုပ်ထုတ်ခံခဲ့ရတာပါ။ 

 


Related posts

Cover
SHUN YU (MYANMAR) Garment တွင် အချိန်ပို မဆင်းသူများအား အထည်ကြေး၊ ဆုကြေး၊ ဂရိတ်ကြေးဖြတ်မည်ဟု ခြိမ်းခြောက်
Jan 27, 2026
Cover
Mei Jie Myanmar အလုပ်နေရာ အတင်းအကျပ်ပြောင်း၊ ဆန္ဒမပါဘဲ အချိန်ပို ဆင်းခိုင်း
Jan 27, 2026
Cover
တရုတ်နှစ်သစ်ကူးမတိုင်မီ “၀"ဒေသရှိ အလုပ်သမားများ၏ လုပ်ခလစာ ကို အကုန်ရှင်းပေးရမည်ဟု WSP ထုတ်ပြန်
Jan 27, 2026
Cover
Eternal Fashion အထည်ချုပ် စက်ရုံ အလုပ်နေရာ ပြောင်းရွှေ့ပြီး လုပ်ခ လုပ်စာ ခွဲခြားပေး ၊ ဖိနှိပ်
Jan 27, 2026
Cover
Sunrise Myanmar Fashion အထည်ချုပ် စက်ရုံ ညနက် အချိန်ပို အပြင် တနင်္ဂနွေပိတ်ရက် အလုပ်ဆင်းခိုင်း
Jan 27, 2026
Cover
Tai Hong အထည်ချုပ် EC စာချုပ် ဖောက်ဖျက်ပြီး သတိပေးလက်မှတ်ထိုးခိုင်း
Jan 27, 2026
Cover
Tianjin fashion Milestone အထည်ချုပ် အလုပ်သမားတောင်းဆိုမှု ၁၈ ရက်ကြာမြင့်ပေမဲ့ ပြေလည်မှုမရ
Jan 24, 2026
Cover
Innovation Food Co.,Ltd ကုန်ကြမ်းမရှိသည့် ပိတ်ရက်အတွက် အစားထိုး အလုပ်ဆင်းခိုင်း
Jan 22, 2026