အလုပ်သမားအခွင့်အရေးလှုပ်ရှား ဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဇူလိုင် ၂၅ ရက်ည ၉ နာရီ ၃၀ ခန့်မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူး နဲ့ အရပ်ဝတ် ၁၀ ဦးခန့်က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပြန်လွှတ်ပေးခြင်းမရှိသလို သမီးဖြစ်သူအပါအဝင် နောက်ထပ် ၇ ဦးကို ဇူလိုင် ၂၈ ရက်ညမှာ ထပ်မံဖမ်းဆီးသွားတာပါ။
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) STUM ဦးဆောင်သူ ဖြစ်တဲ့ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ၂၀၂၁ ဧပြီ ၁၅ ရက်မှာလည်း ပုဒ်မ ၅၀၅ (က) နဲ့ ၆ လကြာ ဖမ်းဆီးထောင်ချခဲ့ပြီး အခုလို ထပ်မံဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။
အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးနဲ့ သမီးဖြစ်သူ အပါအဝင် စုစုပေါင်း ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသလို ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ နဝရက် လမ်းမှာရှိတဲ့ STUM ရုံးခန်းကိုလည်း သော့ခတ်သွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒေါ်မျိုးမျိုးအေးဟာ ကျန်းမာရေးအရ ဆေးဝါးပုံမှန်သောက်သုံးဖို့လိုအပ်တဲ့ အခြေအနေမှာရှိနေတာကြောင့် စိုးရိမ်နေရတယ်လို့ သိရပါတယ်။
နောက်ထပ်ဖမ်းဆီးခံရသူ တွေထဲမှာ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၃ ဦး ပါဝင်ပြီး အားလုံးကို မည်သည့်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာ သိရှိရသေးခြင်းမရှိသလို အဆက်အသွယ်ရတာမရှိဘူးလို့ နီးစပ်သူတွေထံက သိရပါတယ်။