NEWS

အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေ အလုပ်ရရှိရန် ခက်ခဲနေ

CoverLogo
1.7K Views

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံအလုပ်ရုံလုပ်ငန်းခွင်တွေမှာရှိတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို အလုပ်ထုတ်တာတွေ လုပ်သားအင်အားလျှော့ချတာတွေ ပြုလုပ်တဲ့အတွက်ကြောင့် အလုပ်သမားသမဂ္ဂခေါင်းဆောင်ပြုလုပ်ဖူးသူနဲ့ အဖွဲ့ဝင် အဖြစ်လုပ်ကိုင်ခဲ့သူတွေကို အလုပ်ခန့်ထားမှုမရှိလို့ အလုပ်အကိုင်ရရှိဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံများတွင်လဲ အလုပ်သမားသမဂ္ဂခေါင်းဆောင်းအချို့ အလုပ်ထုတ်ခံရမှု၊ လုပ်သားလျှော့ချမှုများတွင်ပါဝင်နေပြီး တခြားစက်ရုံကိုပြောင်းလျှောက်ရာတွင် သမဂ္ဂခေါင်းဆောင်အဖြစ် စာရင်းပေါက်နေတဲ့အတွက် အလုပ်မခေါ်ဘူးလို့သိရပါတယ်။

"  ကျွန်တော်ဆို လုပ်သားလျှော့တဲ့ထဲမှာပါခဲ့တယ် ပုသိမ်စက်မှုဇုန်က တခြားစက်ရုံတွေကိုလိုက်လျှောက်ခဲ့တယ် ဘယ်စက်ရုံမှမရခဲ့ဘူး သူများတွေကိုအသီးသီးခေါ်တယ် ကိုယ့်ကျမှ ပယ်ချခဲ့တယ် ဘာလို့လဲမေးတာမဖြေဘူး နောက်ဆုံး HuaboTime အထည်ချုပ်စက်ရုံကိုသွားလျှောက်တော့လဲ ကိုယ်တစ်ယောက်ထဲကိုပဲ ပယ်ခဲ့တယ် ဝန်ထမ်းတစ်ဦးကိုမေးကြည့်တော့ Amava Apparel အထည်ချုပ်စက်ရုံက black list စားရင်းထည့်ထားလို့လို့ပြောတယ်"လို့ Amava Apparel  အထည်ချုပ်စက်ရုံ ဝန်ထမ်း ဟောင်းဖြစ်သူထံက သိရပါတယ်။

အလားတူ Myanmar Knitting သိုးမွှေးအထည်ချုပ်စက်ရုံမှ သမဂ္ဂခေါင်းဆောင်များ ၊ အလုပ်သမားရေးတက်ကြွလှုပ်ရှားသူများ၊ HuaboTime အထည်ချုပ်စက်ရုံမှ သမဂ္ဂခေါင်းဆောင်များ ၊အလုပ်သမားရေးတတ်ကြွလှုပ်ရှားသူများ၊ Amava Apparelအထည်ချုပ်စက်ရုံမှ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ၊ အလုပ်သမားရေးတတ်ကြွလှုပ်ရှားသူများကို ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံများမှ အလုပ်ခန့်ထားရန် ငြင်းပယ်ကြတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို  "ဘယ်စက်ရုံမှ အလုပ်လျှောက်မရအောင်လုပ်မယ်"လို့ ခြိမ်းခြောက်ခံရမှုများလဲရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိ ဧရာဝတီတိုင်းမှာ အထည်ချုပ်နှင့် ဆက်စပ် စက်ရုံပေါင်း ၁၂ ရုံခန့်ရှိပြီး လုပ်သားအင်အား ၁သောင်းခန့် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

 

ဓါတ်ပုံ- ပုံဟောင်း (၂၀၁၉)

#MyanmarLabourNews

 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026