NEWS

အလုပ်သမားအားထိုးကြိတ်ခဲ့သည့် Yi Cai အထည်ချုပ်စက်ရုံယာယီပိတ်သိမ်း

CoverLogo
2.3K Views

အလုပ်သမားတစ်ဦးအားလုပ်ငန်းခွင်အတွင်းဝင်ရောက်ထိုးကြိတ်မှု ဖြစ်ပွားခဲ့တဲ့ Yi Cai အထည်ချုပ်စက်ရုံဟာ  အောက်တိုဘာ(၁)ရက်မှာ  စတင်ပိတ်သိမ်းသွားမယ်လို့  စက်ရုံပိုင်ရှင်ရဲ့ မြို့နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသို့  တင်ပြအကြောင်းကြားစာအရသိရပါတယ်။

"စက်ရုံပိတ်ရင်တော့ ဥပေဒ နဲ့ အညီ ပေးရန်ရှိတာ ပေးရမှာဘဲ။ လူကြားကောင်အောင် ဂရုဏာကြေး ဆိုတာ ပြောနေဖို့မလို။ပေးရန်တာဝန်ရှိလို့ပေးရတာ ဖြစ်တယ်။သိပ်မကြာခင်က လုပ်ငန်းခွင်အတွင်း စကားပြန် ဖြစ်သူရဲ့ယောက်ျား က အလုပ်သမားကို စက်ရုံတွင်းဝင်ရိုက်တဲ့အမှု ဖြစ်ပွါးခဲ့သေးတယ်"လို့ အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးက  ဆိုပါတယ်။

အဆိုပါစက်ရုံက Yi Cai အထည်ချုပ်စက်ရုံကို ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၁ ခရေလမ်းမှာ  ဇန်နဝါရီလကဖွင့်လှစ်ထားပြီး  အော်ဒါပြတ်လပ်ခြင်းအခက်အခဲကြောင့် အောက်တိုဘာ၁ရက်နေ့မှနို၀င်ဘာ၃၁ရက်အထိ  နှစ်လတိတိ ယာယီပိတ်သိမ်းသွားမှာဖြစ်တာကြောင့်  ၀င်ရောက်လုပ်ကိုင်နေတဲ့စက်ရုံလုပ်သား (၃၃၆)ဦးကို နစ်နာကြေးခံစားခွင့်အဖြစ်  စက်တင်ဘာ(၁၉)တွင် ရှင်းလင်းပေးပြီးဖြစ်တယ်လို့  စက်ရုံရဲ့အကြောင်းကြားစာမှာ  ဖော်ပြထားပါတယ်။ 

ဒါ့အပြင်လုပ်သက်(၆)လနှင့်အထက်အလုပ်သမားများအားနစ်နာကြေးခံစားခွင့်ကို စက်တင်ဘာ(၁၉)တွင် ရှင်းလင်းပေးတဲ့အပြင် ဂရုဏာကြေးအဖြစ် လုပ်သက်(၆)လအထက်အလုပ်သမားအား (၅၀၀၀၀)ကျပ်နှင့် လုပ်သက် (၅)လအောက်အလုပ်သမားများကို (၃၀၀၀၀)ကျပ်စီကို ယခုလကုန်ထည့်မည့်  စက်တင်ဘာလစာတွင်ထည့်သွင်းပေးပြီး  လုပ်ငန်းခွင်ပြန်ဝင်ရောက်ပါက  တစ်ဦးလျှင်တစ်သိန်းနှန်းစီထပ်မံပေးအပ်မယ်လို့  ၎င်းတို့ရဲ့အကြောင်းကြားစာတွင်ဖော်ပြထားပါ သေးတယ်။

စက်ရုံပိုင်ရှင်ရဲ့ တွက်ချက်ဖြေရှင်းမှုနဲ့ပတ်သက်ပြီး စက်ရုံအပြီးပိတ်သိမ်းသည်ဖြစ်စေ ယာယီပိတ်သိမ်းသည်ဖြစ်စေ  အလုပ်သမားဥပဒေနှင့်အညီ ဖြေရှင်းပေးရမှာဖြစ်သော်လည်း ယင်းစက်ရုံအနေဖြင့် နစ်နာကြေး၊ ဂရုဏာကြေးအဖြစ်ဖြေရှင်းတာကို အလုပ်သမားအချို့ကကျေနပ်မှုမရှိတာကြောင့် လက်မှတ်ထိုးရန်ငြင်းဆန်တာတွေရှိနေတဲ့အပြင်  အချို့သောအလုပ်သမားတွေကို အတင်းအကျပ်လက်မှတ်ထိုးခိုင်းထားတာတွေရှိနေပြီး  အဆိုပါစက်ရုံမှစကားပြန်၏အမျိုးသားက အလုပ်သမားအားထိုးကြိတ်ခြင်းနဲ့ပတ်သက်ပြီး နစ်နာသူအလုပ်သမားကအမူဖွင့်တရားစွဲဆိုခဲ့တယ်လို့လည်းသိရပါတယ်။

အဆိုပါစက်ရုံမှာနိုင်ငံတကာ အမှတ်တံဆိပ်ဖြစ်တဲ့ SORONA အမှတ်တံဆိပ်ကို ချုပ်လုပ်တာဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမား၁ ဦးကိုယ်ထိလက်ရောက်ကျူးလွန်ခံရခြင်းအပေါ် တာဝန်ယူမှုမရှိတဲ့အပြင် ကျန် လိုင်းတစ်ခုလုံးမှ အလုပ်သမား များကိုပါ ဥပဒေမဲ့အလုပ်ထုတ်မှုလည်း ဖြစ်ပွားထားတယ်လို့ သိရပါတယ်။

MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026