NEWS

အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးသက်နှင်းအောင်ဖမ်းဆီးထားမှု အဆက်အသွယ် ပြတ်တောက်နေဆဲဟုဆို

CoverLogo
1.1K Views

ဖမ်းဆီး ခံထားရတဲ့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးသက်နှင်းအောင်နဲ့ ပတ်သက်ပြီး အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ၎င်းရဲ့အဖွဲ့အစည်းဖြစ်တဲ့ MICS ကနေ သိရပါတယ်။

ဦးသက်နှင်းအောင်ဟာ ၂၀၂၁ ခုနှစ် ဇွန်လ ၁၈ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံခဲ့ရစဉ် အစောပိုင်းကာလကသာ အခြေအနေတချို့ကို သိခဲ့ရကာ လက်တလောမှာ ၎င်းရဲ့ရှေ့နေနဲ့ရော၊ မိသားစုနဲ့ပါ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။

MICSရဲ့ ဗဟိုကော်မတီဝင်တစ်ဦးက "ပထမတုန်းကတော့ ၁၇(၁) နဲ့ တောင်ဒဂုံ တရားရုံးမှာ ရုံးထုတ်သေးတယ်၊၅၀၅(ခ)နဲ့ ၁၇(၁) ပါတယ်ဆိုပြီးတော့လေ၊နောက်ပိုင်းကျတော့ ကျွန်တော်တို့ ရှေ့နေပါဝါလည်း တင်လိုက်ရော၊သူတို့က ရုံးမထုတ်တော့ပဲနဲ့ ကိုသက်နှင်းအောင်ကို စစ်ခုံရုံးပြောင်းတယ်၊၂၄ တွေ ၂၂ တွေလည်း ထပ်ပါလို့ စစ်ခုံရုံးကပြောင်းစစ်တယ်ဆိုတာမျိုး၊ စစ်ခုံရုံးကို ပြောင်းသွားတယ်ဆိုတော့ ကျွန်တော်တို့က ရှေ့နေပါဝါပဲ တင်လိုက်ရတာပေါ့နော်၊ ရှေ့နေလိုက်ခွင့်က မရလိုက်ဖူး၊ အဲ့ဒီကတည်းက နေပြီးတော့ အမှုစစ်တာလား၊ မစစ်တာလား ဘာမှလည်း  စစ်ခုံရုံးဆိုတော့ စုံစမ်းလို့ မရတော့ဘူး၊ ဘာပုဒ်မတွေလဲ စုံစမ်းလို့မရတော့ဘူး၊အဲ့ဒီလို အဆက်အသွယ်ပြတ်သွားတာ"လို့ ပြောပါတယ်။

ဦးသက်နှင်းအောင်ကို ဘာပုဒ်မတွေနဲ့ တရားစွဲထားလဲ ဆိုတာကို အတိအကျမသိရသလို လတ်တလောမှာတော့ စစ်ခုံရုံးကနေ အရပ်ဘက် တရားရုံးကို ပြန်လည်ပြောင်းရွှေ့မယ်လို့ သိထားခဲ့ရကြောင်းသာ MICS ရဲ့ ဗဟိုကော်မတီဝင်က ဆိုပါတယ်။

၂၀၂၁ခုနှစ် ဇွန်လ ၁၄ရက်နေ့ နေ့လည်ပိုင်းက မန္တလေးတိုင်း၊ မြစ်ငယ်မြို့၊ ဓနုံးကျေးရွာက  MICS အထက်မြန်မာပြည် ရုံးချုပ်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေခဲ့ကြပြီး အဆိုပါရုံးပိုင် ပစ္စည်းအများအပြားကို သိမ်းပြီး ယူဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါနေ့ ညနေပိုင်းမှာတော့ မြစ်လောင်း ကျေးရွာက ဦးသက်နှင်းအောင်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြပြီး နေအိမ်က ရွှေထည်နဲ့ ငွေကြေးတချို့ ယူဆောင်သွားခဲ့ကြောင်းသာ သိရှိထားရကြောင်း MICS ရဲ့ ဗဟိုကော်မတီဝင်က ပြောပါတယ်။

ဇွန်လ ၁၅ရက်နေ့မှာတော့ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်က MICSရဲ့ ရန်ကုန်ရုံးချုပ်ကို ဝင်ရောက် ရှာဖွေကာ ချိတ်ပိတ်ပြီး သော့ကို သိမ်းယူသွားတယ်လို့လည်း သိရပါတယ်။

ဦးသက်နှင်းအောင်ကတော့ တိမ်းရှောင်စဉ် ဇွန်လ၁၈ရက်နေ့ က ပေါင်မြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ပေါင် မြို့ စစ်ကြောရေးစခန်းမှာ ၃ရက်စစ်ဆေးခဲ့ပြီး ရွှေပြည်သာ စစ်ကြောရေးသို့ ပြောင်းရွှေ့ခံခဲ့ရပြီးတဲ့နောက် အင်းစိန်ထောင်ကို ပို့ဆောင်ခံရထားကြောင်း ဇူလိုင်လ ၃၀ရက်နေ့က နောက်ဆုံးသိရှိခဲ့ရပြီးနောက် အဆက်အသွယ် လုံးဝမရရှိတော့ဘူးလို့ သိရပါတယ်။


Related posts

Cover
Ever Lead (Myanmar) အထည်ချုပ် စက်ရုံ တွင် သီတင်းကျွတ်အတွက် ပိုက်ဆံများကောက်ခံ
Sep 07, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ ၈ ဦးကို အာမခံပေးရန်ကိစ္စ စက်တင်ဘာ ၈ ရက် အမိန့်ချမယ်လို့ဆို
Sep 05, 2025
Cover
Everlao ဦးထုပ်စက်ရုံ စစ်ဆေးမှုအား လိမ်ညာခိုင်းပြီး၊ လျှော်ကြေး‌ရမှ နေရပ်ပြန်လွှတ်မယ်ဟု ခြိမ်းခြောက်
Sep 05, 2025
Cover
Myanmar Best Fortune အထည်ချုပ် ညနက် အချိန်ပိုအပြင် နားရက်မရှိ အလုပ် ဆင်းခိုင်း
Sep 05, 2025
Cover
Sudey အထည်ချုပ် လုပ်ခလစာ အပေါ် အကျိုးအမြတ်ယူ၊ HR ဌာနက မောက်မာစွာ ခွဲခြားဆက်ဆံ
Sep 05, 2025
Cover
A&C အထည်ချုပ် လူမှုဖူရေးကြေး လစဉ် ဖြတ်တောက်ပေမဲ့ ဆေးခွင့် မပေး
Sep 05, 2025
Cover
အလုပ်ရှာနေသည့် လူငယ်များကို ပစ်မှတ်ထားလိမ်လည်ပြီး စစ်မှုထမ်းအတွက် ရောင်းစားမှုများလာ
Sep 05, 2025
Cover
အခွန်ဆောင်ရသည့်အတွက် လာအို စက်ရုံမှာ တနေ့ ၂ နာရီ အပိုလုပ်ခိုင်း၊ မြန်မာ အေဂျင်စီက ပွဲခယူ၊ လျှော်ကြေးတောင်းဟုဆို
Sep 05, 2025