NEWS

အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ

CoverLogo
426 Views
 
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး နဲ့အဖွဲ့ဝင် ၇ဦး တို့ရဲ့ သီးခြား တစ်မှုစီ အာမခံလျှောက်ထားမှုအပေါ် စက်တင်ဘာလ ၈ ရက်နေ့က ရန်ကုန်တိုင်း ၊ ရွှေပြည်သာ မြို့နယ်တရားရုံးက ပလပ်လိုက်ကြောင်း STUM ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
စက်တင်ဘာ ၁ ရက်နေ့ က ဒေါ်မျိုးမျိုးအေးပါ ၈ ဦးကို ရွှေပြည်သာမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး၊ အာမခံလျှောက်ထားမှုအပေါ်တရား ရုံးက အခုလို ပလပ် လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။
 
လာမယ့် စက်တင်ဘာလ ၁၅ ရက်မှာတော့ တရားလိုပြသက်သေများအား စစ်ဆေးရန် ရုံးချိန်း ချိန်းဆိုလိုက်တယ်လို့သိရပါတယ်။
 
အလုပ်သမားရေးလှုပ်ရှားသူဒေါ်မျိုးမျိုးအေးဟာ သွေးတိုးရောဂါနဲ့ဆီးချိုရောဂါခံစားနေရသူဖြစ်ပြီး လတ်တလော မှာ ဆီးချိုနဲ့ပတ်သက်တဲ့ဆေး ဝါးရရှိထားပေမဲ့ နေ့စဉ်ဆီးချိုစစ်ဆေးခွင့်ကိုတော့ မပေးဘူးလို့ဆိုပါတယ်။
 
ဒါ့အပြင် သွားရောဂါနဲ့ပတ်သက်တဲ့ အခြေအနေကိုလည်း ဆိုးရွားစွာခံစားနေရတယ်လို့ STUM ကအသိပေးထားပါတယ်။
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဇူလိုင်၂၅ရက်ညပိုင်း က ၎င်းရဲ့ နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် သမီးဖြစ်သူအပါအဝင် STUM အဖွဲ့ဝင်တွေ ကို ဇူလိုင်လ ၂၆ ရက်မှ ၂၈ ရက်အတွင်း ထပ်မံဖမ်းဆီးခဲ့ပါတယ်။
 
ဩဂုတ်လ ၁၈ ရက်နေ့မှာ ဒေါ်မျိုးမျိုးအေးနှင့် အဖွဲ့ကို ရွှေပြည်သာမြို့နယ် တရားရုံးတွင်ရုံးထုတ်ပြီးနောက် ခြေချုပ်နှင့် ခံဝန် အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် သီးခြား(တစ်မှုချင်းစီ) တရားစွဲတင်ပြီး ရန်ကုန်မြို့ ၊ အင်းစိန်အကျဉ်းထောင်ရှိ အချုပ်ဆောင်ကိုပို့ဆောင်ခဲ့ကြောင်း STUM ကထုတ်ပြန်ခဲ့ပါတယ်။

Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026