NEWS

အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ

CoverLogo
206 Views
 
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး နဲ့အဖွဲ့ဝင် ၇ဦး တို့ရဲ့ သီးခြား တစ်မှုစီ အာမခံလျှောက်ထားမှုအပေါ် စက်တင်ဘာလ ၈ ရက်နေ့က ရန်ကုန်တိုင်း ၊ ရွှေပြည်သာ မြို့နယ်တရားရုံးက ပလပ်လိုက်ကြောင်း STUM ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
စက်တင်ဘာ ၁ ရက်နေ့ က ဒေါ်မျိုးမျိုးအေးပါ ၈ ဦးကို ရွှေပြည်သာမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး၊ အာမခံလျှောက်ထားမှုအပေါ်တရား ရုံးက အခုလို ပလပ် လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။
 
လာမယ့် စက်တင်ဘာလ ၁၅ ရက်မှာတော့ တရားလိုပြသက်သေများအား စစ်ဆေးရန် ရုံးချိန်း ချိန်းဆိုလိုက်တယ်လို့သိရပါတယ်။
 
အလုပ်သမားရေးလှုပ်ရှားသူဒေါ်မျိုးမျိုးအေးဟာ သွေးတိုးရောဂါနဲ့ဆီးချိုရောဂါခံစားနေရသူဖြစ်ပြီး လတ်တလော မှာ ဆီးချိုနဲ့ပတ်သက်တဲ့ဆေး ဝါးရရှိထားပေမဲ့ နေ့စဉ်ဆီးချိုစစ်ဆေးခွင့်ကိုတော့ မပေးဘူးလို့ဆိုပါတယ်။
 
ဒါ့အပြင် သွားရောဂါနဲ့ပတ်သက်တဲ့ အခြေအနေကိုလည်း ဆိုးရွားစွာခံစားနေရတယ်လို့ STUM ကအသိပေးထားပါတယ်။
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဇူလိုင်၂၅ရက်ညပိုင်း က ၎င်းရဲ့ နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် သမီးဖြစ်သူအပါအဝင် STUM အဖွဲ့ဝင်တွေ ကို ဇူလိုင်လ ၂၆ ရက်မှ ၂၈ ရက်အတွင်း ထပ်မံဖမ်းဆီးခဲ့ပါတယ်။
 
ဩဂုတ်လ ၁၈ ရက်နေ့မှာ ဒေါ်မျိုးမျိုးအေးနှင့် အဖွဲ့ကို ရွှေပြည်သာမြို့နယ် တရားရုံးတွင်ရုံးထုတ်ပြီးနောက် ခြေချုပ်နှင့် ခံဝန် အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် သီးခြား(တစ်မှုချင်းစီ) တရားစွဲတင်ပြီး ရန်ကုန်မြို့ ၊ အင်းစိန်အကျဉ်းထောင်ရှိ အချုပ်ဆောင်ကိုပို့ဆောင်ခဲ့ကြောင်း STUM ကထုတ်ပြန်ခဲ့ပါတယ်။

Related posts

Cover
လှိုင်သာယာစက်မှုဇုန်( ၂) Jin Kai Hui အထည်ချုပ် စက်ရုံတွင် အလုပ်သမားများ တောင်းဆိုမှုပြုလုပ်
Oct 31, 2025
Cover
AJ အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံခေါ်၊ အလုပ်သမားရုံးသို့ တိုင်စာတင်လည်း မထူးခြား
Oct 30, 2025
Cover
အဆိုးရွားဆုံး ပုံစံ ခိုင်းစေခံရသည့် ကလေးလုပ်သားများ တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာနသို့ သတင်းပေးပို့နိုင်ဟုဆို
Oct 30, 2025
Cover
သမဂ္ဂခေါင်းဆောင်တစ်ဦးလျှောက်ခဲ့တဲ့ "လမ်း"
Oct 30, 2025
Cover
Wan Xin Myanmar အထည်ချုပ် စက်ရုံပိတ်သိမ်း၊ အလုပ်ရှင်ဘက်မှ ပေးချေစရာရှိသည်များပေးစေလိုဟု အလုပ်သမားတွေပြော
Oct 28, 2025
Cover
Golden Five Myanmar Co.,Ltd စက်ရုံတွင် အချိန်ပိုလုပ်ခမပေးဘဲ ချုပ်ခိုင်း
Oct 27, 2025
Cover
လှိုင်သာယာ YUAN HONG စက်ရုံ၌ အလုပ်သမားများအား ဆဲဆိုခိုင်းစေခြင်းနှင့် မတရားငွေဖြတ်တောက်မှုများ ရှိနေဟုဆို
Oct 27, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးကို ခံဝန်ဖြင့် ၆ လနေထိုင်ရန် တရားရုံး အမိန့်ချ
Oct 27, 2025