NEWS

အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ ၈ ဦးကို အာမခံပေးရန်ကိစ္စ စက်တင်ဘာ ၈ ရက် အမိန့်ချမယ်လို့ဆို

CoverLogo
19 Views
 
အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ ဒေါ်မျိုးမျိုးအေး အပါအဝင် ၈ဦးကို အာမခံပေးမယ့်အဆုံးအဖြတ်ကို စက်တင်ဘာ ၈ ရက်မှာ အမိန့်ချမယ်လို့ ‌‌ သွေးစည်းညီညွတ်‌သောသမဂ္ဂများအဖွဲ့ချုပ်(STUM )ကနေသိရပါတယ်။
 
"စက်တင်ဘာလ (၈)ရက်နေ့ ရုံးချိန်းတွင် အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူဒေါ်မျိုးမျိုးအေးနဲ့ ၈ ဦး ကို အာမခံပေးသင့် မပေးသင့် ရွှေပြည်သာတရားရုံးက ဆုံးဖြတ် ကာ အမိန့်ချမှာဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့ ဒေါ်မျိုးမျိုးအေး အနေနဲ့ အကျဉ်းထောင်မှာ ရှိနေစဉ် ဆီးချိုဆေးရရှိပေမယ့် နေ့စဉ် ဆီးချိုစစ်ဆေးခွင့်မရရှိသလို အခြားကျန်းမာရေးအနေနဲ့ သွားမှာ အခြေအနေဆိုးဝါးစွာ ဖြစ်ပွားနေတယ်"လို့ STUM ကသတင်းထုတ်ပြန်ပါတယ်။
 
အာမခံကိစ္စကို ဒေါ်မျိုးမျိုးအေး တို့၈ဦးအတွက် ရှေ့နေကတဆင့် လျှောက်ထားရာမှာ ဥပဒေအရာရှိက ကန့်ကွက်လို့ စက်တင်ဘာ ၁ ရက်ကို ရုံးချိန်ပြုလုပ်ချိန်းဆိုခဲ့ပေမယ့် အာမခံကိစ္စ အဆုံးအဖြတ်မရခဲ့ဘဲ ရုံးချိန်းထပ်မံချိန်းဆိုထားတာလည်းဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ညက အလုပ်သမားအရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ဇူလိုင် ၂၈ ရက် ညမှာ STUM ရုံးကို ဝင်စီးပြီး သမီးဖြစ်သူမသင်းထက်စံနဲ့ အဖွဲ့ဝင်၊ ဝန်ထမ်း တွေကိုထပ်မံဖမ်းဆီးခဲ့ပါတယ်။
 
အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ အဖွဲ့ဝင် ၁၀ ဦးကို စစ်ကောင်စီက ခြေချုပ်နှင့် ခံ၀န်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ)နဲ့ သီးခြားစီ တရားစွဲဆိုထားတာလည်းဖြစ်ပါတယ်။

Related posts

Cover
Everlao ဦးထုပ်စက်ရုံ စစ်ဆေးမှုအား လိမ်ညာခိုင်းပြီး၊ လျှော်ကြေး‌ရမှ နေရပ်ပြန်လွှတ်မယ်ဟု ခြိမ်းခြောက်
Sep 05, 2025
Cover
Myanmar Best Fortune အထည်ချုပ် ညနက် အချိန်ပိုအပြင် နားရက်မရှိ အလုပ် ဆင်းခိုင်း
Sep 05, 2025
Cover
Sudey အထည်ချုပ် လုပ်ခလစာ အပေါ် အကျိုးအမြတ်ယူ၊ HR ဌာနက မောက်မာစွာ ခွဲခြားဆက်ဆံ
Sep 05, 2025
Cover
A&C အထည်ချုပ် လူမှုဖူရေးကြေး လစဉ် ဖြတ်တောက်ပေမဲ့ ဆေးခွင့် မပေး
Sep 05, 2025
Cover
အလုပ်ရှာနေသည့် လူငယ်များကို ပစ်မှတ်ထားလိမ်လည်ပြီး စစ်မှုထမ်းအတွက် ရောင်းစားမှုများလာ
Sep 05, 2025
Cover
အခွန်ဆောင်ရသည့်အတွက် လာအို စက်ရုံမှာ တနေ့ ၂ နာရီ အပိုလုပ်ခိုင်း၊ မြန်မာ အေဂျင်စီက ပွဲခယူ၊ လျှော်ကြေးတောင်းဟုဆို
Sep 05, 2025
Cover
Tia Hong အထည်ချုပ်စက်ရုံတွင် အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများ ရှိနေဟုဆို
Sep 01, 2025
Cover
ကျားဖြန့်လုပ်ငန်းများ အလုပ်သမားနှင့် လက်လုပ်လက်စားများအား ပစ်မှတ်ထားလာ
Sep 01, 2025