NEWS

အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးကို ခံဝန်ဖြင့် ၆ လနေထိုင်ရန် တရားရုံး အမိန့်ချ

CoverLogo
330 Views
 
အလုပ်သမားအရေးလှုပ်ရှားသူဖြစ်တဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ကို စွဲဆိုထားတဲ့ အမှု တွေ ထဲမှ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ အရစွဲဆိုသော အမှုအတွက်ခံဝန်ဖြင့် ခြောက်လနေထိုင်ရန် တရားရုံးမှ အမိန့်ချမှတ်ခဲ့တယ်လို့ STUM အဖွဲရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
အောက်တိုဘာ ၂၄ ရက်က ရွှေ ပြည်သာမြိုနယ် တရားရုံးမှ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ ၅(၁)(စ)(ဆ) အရ သိန်း(၃၀)တန် ခံဝန်သူနှစ်ဦးဖြင့် ခြောက်လ အတွင်းကောင်းမွန်စွာ ကျင့်ကြံနေထိုင်စေရန် ခံဝန်ချုပ် ချုပ်ဆိုတဲ့ အမိန့်ချမှတ်ခဲ့တယ်လို သိရပါတယ်။
 
ဒေါ်မျိုးမျိုးအေးကို စစ်ကော်မရှင်က ဇူလိုင်၂၅ ရက် မှာ နေအိမ်တွင် ဖမ်းဆီးခဲ့ ပြီး ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄၀၊ ၄၁ တိုနဲ့ တရားစွဲဆိုခဲ့ပြီးနောက် အောက်တိုဘာ ၂၀ ရက်မှာ အင်းစိန်အကျဉ်းထောင် မှ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။
 
အကျဉ်းထောင်ကနေ လွှတ်စဉ်က စွဲဆိုထား တဲ့ အမှုအားလုံးအား ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ ရုတ်သိမ်းတယ်လို့ ပြောခဲ့ပေမယ့် လက်ရှိမှာ တရားရုံးတော်မှ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ ပုဒ်မ (၆)အရ စုံစမ်းစစ်ဆေးနေတဲ့ အဆင့်ဖြစ်၍ ထိုကဲ့သို ရုတ်သိမ်း၍ မရကြောင်းပြောပြီး အမိန့်တစ်ရပ်ချမှတ်ခဲ့တာဖြစ်တယ်လို့ STUM က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် သင်းဖွဲမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄၀၊ ၄၁ အမှုအတွက်ကိုလည်း အာမခံလျှောက်ထားခြင်းအား ရုံးတော်မှ ခွင့်ပြု၊ မပြုကို နောက်ရုံးချိန်းဖြစ်တဲ့ အောက်တိုဘာ ၂၇ ရက်မှာ အမိန့်ချမှတ်မယ် လို့ သိရပါတယ်။
 
ဒေါ်မျိုးမျိုးအေးကဲ့သို့ အဖမ်းခံရပြီး မလွတ်မြောက်သေးတဲ့ STUM အဖွဲ့ဝင် (၉)ဦးအတွက် စွဲဆိုထားတဲ့ အမှုအား ရုတ်သိမ်းပေးပါရန် လျှောက်ထားလွှာသီးသန့်တင်သွင်းခဲ့မှုကိုတော့ ရုံးတော်မှ လက်ခံခဲ့ပြီးအောက်တိုဘာ၂၇ ရက်မှာ ဥပဒေအရာရှိဘက်မှ ကန့်ကွက်လျှောက်လဲချက်တင်သွင်းမှာဖြစ်ကြောင်းသိရပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026