NEWS

အလုပ်သမားအရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးနဲ့ ၈ ဦးကို စက်တင်ဘာ ၁ ရက်နေ့ ရုံးချိန်းထပ်မံချိန်းဆို

CoverLogo
219 Views
 
အလုပ်သမားအရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးအပါအဝင် ၈ ဦးကို ဩဂုတ်လ၂၅ ရက်ကရွှေပြည်သာတရားရုံးမှာ ရုံးထုတ်ခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါရုံးချိန်းမှာ တရားလိုပြုလုပ် တရားစွဲသူတွေရောက်မလာတာကြောင့် စက်တင်ဘာ ၁ ရက်နေ့ကို ရုံးချိန်းထပ်မံချိန်းဆိုထားတယ်လို့ ဆိုပါတယ်။
 
ဒေါ်မျိုးမျိုးအေးတို့ (၈)ဦး အတွက် ရှေ့နေ မှ တဆင့် အာမခံ လျှောက်ထားရာ ဥပဒေအရာရှိ မှ ကန့်ကွက် တင်ပြတာကြောင့် လာမယ့်စက်တင်ဘာ ၁ရက်နေ့မှာ အာမခံလျှောက်လဲချက် ကြားနာဖို့အတွက် ချိန်းဆိုတာဖြစ်ကြောင်း သိရပါတယ်။
 
လက်ရှိ အချိန်ထိ ဒေါ်မျိုးမျိုးအေးတို့‌ကို အခြားသော ဥပဒေများ၊ ပုဒ်မများနဲ့ ထပ်မံ တရားစွဲဆိုထားခြင်း တော့ မရှိသေးသလို ဒေါ်မျိုးမျိုးအေးရဲ့ ကျန်းမာရေးနှင့်စပ်လျဉ်းပြီးလည်း အင်းစိန်ထောင်ကို ရွှေ့ပြောင်းအပြီးထဲကနေ ယနေ့အချိန်အထိ ဆီးချိုနဲ့ စပ်လျဉ်းတဲ့ ဆေးဝါး မရရှိသေးဘူးလို့ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ညက အလုပ်သမားအရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ဇူလိုင် ၂၈ ရက် ညမှာ STUM ရုံးကို ဝင်စီးပြီး သမီးဖြစ်သူမသင်းထက်စံနဲ့ အဖွဲ့ဝင်၊ ဝန်ထမ်း တွေကိုထပ်မံဖမ်းဆီးခဲ့ပါတယ်။
 
အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ အဖွဲ့ဝင် ၁၀ ဦးကို ခြေချုပ်နှင့် ခံ၀န်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ)ဖြင့် သီးခြားစီ တရားစွဲဆိုထားတာလည်းဖြစ်ပါတယ်။
 
ဒေါ်မျိုးမျိုးအေးဟာ ၂၀၂၁ ခုနှစ်ကလည်း အခုလို ဖမ်းဆီးခံရပြီး ပုဒ်မ၅၀၅(က) နဲ့ အမှုဖွင့်ခံရကာ ၆ လကြာ ထိန်းသိမ်းခံရပြီးနောက်လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွတ်လာတာဖြစ်ပါတယ်။
 
ဖမ်းဆီးထားတဲ့ အလုပ်သမားအရေးဆောင်ရွက်သူဒေါ်မျိုးမျိုးအေးအပါအဝင် STUM ရုံးအဖွဲ့ဝင်‌ တွေကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့ STUM အဖွဲ့နဲ့အတူ ပြည်တွင်းပြည်ပ အလုပ်သမားအဖွဲ့တွေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုထားပါတယ်။
 

Related posts

Cover
လှိုင်သာယာစက်မှုဇုန်( ၂) Jin Kai Hui အထည်ချုပ် စက်ရုံတွင် အလုပ်သမားများ တောင်းဆိုမှုပြုလုပ်
Oct 31, 2025
Cover
AJ အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံခေါ်၊ အလုပ်သမားရုံးသို့ တိုင်စာတင်လည်း မထူးခြား
Oct 30, 2025
Cover
အဆိုးရွားဆုံး ပုံစံ ခိုင်းစေခံရသည့် ကလေးလုပ်သားများ တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာနသို့ သတင်းပေးပို့နိုင်ဟုဆို
Oct 30, 2025
Cover
သမဂ္ဂခေါင်းဆောင်တစ်ဦးလျှောက်ခဲ့တဲ့ "လမ်း"
Oct 30, 2025
Cover
Wan Xin Myanmar အထည်ချုပ် စက်ရုံပိတ်သိမ်း၊ အလုပ်ရှင်ဘက်မှ ပေးချေစရာရှိသည်များပေးစေလိုဟု အလုပ်သမားတွေပြော
Oct 28, 2025
Cover
Golden Five Myanmar Co.,Ltd စက်ရုံတွင် အချိန်ပိုလုပ်ခမပေးဘဲ ချုပ်ခိုင်း
Oct 27, 2025
Cover
လှိုင်သာယာ YUAN HONG စက်ရုံ၌ အလုပ်သမားများအား ဆဲဆိုခိုင်းစေခြင်းနှင့် မတရားငွေဖြတ်တောက်မှုများ ရှိနေဟုဆို
Oct 27, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးကို ခံဝန်ဖြင့် ၆ လနေထိုင်ရန် တရားရုံး အမိန့်ချ
Oct 27, 2025