NEWS

အလုပ်သမားအရေးကူညီဆောင်ရွက်ပေးသူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီဖမ်းဆီး၊ ၃ ရက်ကြာအထိ အဆက်အသွယ်မရသေး

CoverLogo
411 Views
 
ပြည်တွင်း အလုပ်သမားအရေးကို အဓိက ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများများအဖွဲ့ချုပ် မြန်မာ STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ကို စစ်ကောင်စီက ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက် ည ၉ နာရီ ၃၀မိနစ် ခန့်က ရွှေပြည်သာ နဝရတ် လမ်းရှိ ဒေါ်မျိုးမျိုးအေး နေအိမ် ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့အတူ အရပ်ဝတ်တွေ နဲ့ လူဆယ်ဦးလောက် က လာရောက် စစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
 
လက်ရှိ အချိန်ထိ ဒေါ်မျိုးမျိုးအေး ကို မည်သည့်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ ကို အတိအကျ မသိရသေးတဲ့ အတွက် မိသားစုဝင်တွေက အလွန်စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
 
""အမေ့ကို ဘာကိစ္စနဲ့ ဘယ်နေရာ ကို ဖမ်းခေါ် သွားမှန်း ဇူလိုင်၂၇ရက် နေ့ သုံးရက်ကြာတဲ့ အထိ ဘာမှမသိရသေးပါဘူး အမေ့အခြေနေက ဆေးပုံမှန်သောက်ဖို့ လိုတဲ့အခြေနေရှိတဲ့ အတွက် အမေ့သတင်းရဖို့ အပူတပြင်းစုံစမ်း နေပါတယ်""လို့ သမီးဖြစ်သူက သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားပါတယ်။
 
အလုပ်သမားအရေးကူညီဆောင်ရွက်ပေးသူ၊STUM ရဲ့ဒါရိုက်တာဒေါ်မျိုးမျိုးအေး ကို ၂၀၂၁ခုနှစ် ဧပြီ ၁၅ ရက် က လည်း စစ်ကောင်စီက ၅၀၅(က)နဲ့ ဖမ်းဆီးထောင်ချခဲ့ ကာ ထောင်ထဲ မှာ ၆လ နဲ့၆ရက် ကြာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့သိရပါတယ်။
 

Related posts

Cover
Brothers Myanmar Clothing Co.Ltd စက်ရုံ နားချိန်မပေးဘဲ ခိုင်းစေသည့်အပြင် ရိုင်းစိုင်းစွာ ဆဲဆို
Jan 19, 2026
Cover
Sheng Tai (ST) ဒေးကြေးလျှော့ပေးပြီး WCC ကို ဥပဒေမဲ့ ဖွဲ့စည်း
Jan 17, 2026
Cover
Shwe Zarmani အထည်ချုပ် အချိန်ပိုအတွက် သဘောဆန္ဒမမေးဘဲ လုပ်ကိုင်ခိုင်း
Jan 17, 2026
Cover
Wonderful Apparel စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေ
Jan 16, 2026
Cover
ကိုယ်ဝန်ဆောင် အလုပ်သမားအား Guotai Huasheng Glory Fashion လိုင်းစူပါက ကိုယ်ဝန်ဖျက်ချ ခိုင်း
Jan 16, 2026
Cover
Denko Petrochemical Management ကုမ္ပဏီ ခွင့်မပေးဘဲ ဥပဒေ ချိုးဖောက်
Jan 15, 2026
Cover
Chi Mei အထည်ချုပ် QR မန်နေဂျာ မှာ အတင်းအကျပ် အချိန်ပိုဆင်းခိုင်း
Jan 15, 2026
Cover
"မတရားသဖြင့် အလုပ်ထုတ်ခံရမှုအပေါ် မူလရာထူးဖြင့် အလုပ်ပြန်လည်ရရှိရေး ရင်ဖွင့်တိုင်ကြားစာ"
Jan 14, 2026