NEWS

အလုပ်သမားအခွင့်အ​ရေး ချိုး​ဖောက်ပြီး  လုပ်ငန်းဆက်လက်လည်ပတ်နေတဲ့ အမှတ်တံဆိပ်​တွေကို ထပ်မံတိုင်ကြားမှုတွေ လုပ်ဆောင်မယ်လို့ IndustriALL ထုတ်ပြန်

CoverLogo
518 Views

ပြည်တွင်းမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေကို သိသာထင်ရှားတဲ့သက်သေတွေရှိနေပေမယ့် လုပ်ငန်းဆက်လက် လည်ပတ်နေတဲ့ အမှတ်တံဆိပ်တွေကို တိုင်ကြားတာတွေ ထပ်မံလုပ်ဆောင်သွားမယ်လို့ IndustriALL အထွေထွေအတွင်း ရေးမှူး Atle Høie က ပြောဆိုထားပါတယ်။ 

လက်ရှိမှာလည်း ပြည်တွင်းမှာ လုပ်ငန်းဆက်လက်လည်ပတ်နေတဲ့ ဖက်ရှင်အမှတ်တံဆိပ်တွေဖြစ်တဲ့ Next, New Yorker နှင့် LPP တို့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲချုပ် CTUM၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲချုပ် IWFM တို့နဲ့ ပူးပေါင်းကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံဖြိုးတိုးတက်ရေး အဖွဲ့အစည်း Organization for Economic Co-operation and Development - OECD ရဲ့အမျိုးသား ဆက်သွယ်ရေးအဖွဲ့  National Contact Points (NCPs) ထံ တိုင်ကြားထားတာလည်း ရှိပါတယ်။ 

" အလုပ်သမားအခွင့်အရေးကို စနစ်တကျချိုးဖောက်နေတာတွေက သိသာထင်ရှားတဲ့ သက်သေနဲ့တကွ မြန်မာနိုင်ငံမှာ ရှိပါတယ်။ ဒါကို မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ အမှတ်တံဆိပ်တွေ လျစ်လျူရှု့လို မရပါဘူး။ ကမ္ဘာ့အကြီးဆုံး အမှတ်တံဆိပ်တွေက မြန်မာနိုင်ငံက ထွက်ခွာသွားပြီ ဖြစ်ကြပြီး ကျန်ရှိနေတဲ့ အမှတ်တံဆိပ်တွေက လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးထက် အကျိုးအမြတ်ကို ပိုဦးစားပေး တဲ့ အမှတ်တံဆိပ်တွေဖြစ်ကြပါတယ်။ ကျန်ရှိနေသေးတဲ့ အခြားအမှတ်တံဆိပ်များနဲ့ ပတ်သက်လို့ ထပ်မံတိုင်ကြားမှုတွေ လုပ်သွားဖို့ ကျွန်တော်တို စဉ်းစားနေပါတယ်" လို့ Atle Høie က ပြောဆိုထားပါတယ်။ 

စီးပွားရေးပြိုလဲနေတဲ့ မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်းဟာ စစ်အစိုးရရဲ့ နိုင်ငံခြားဝင်ငွေ ရှာဖွေဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်နေတယ်လို့လည်း IndustriALLက  ထောက်ပြပြောဆိုထားပါတယ်။ 

ဒါ့အပြင်  IndustriALL  ဟာ နိုင်ငံတကာအမှတ်တံဆိပ်တွေရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေကို တာဝန်ယူမှုနဲ့ ပြန်လည် ရုတ်သိမ်းရေးအတွက် လှုပ်ရှားဆောင်ရွက်နေတာဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်တော့  IndustriALL နဲ့  ပြည်တွင်းမှာ လုပ်ငန်းလည်ပတ်နေတဲ့ အထည်အမှတ်တံဆိပ်တွေကြားမှာ ဆွေးနွေးပွဲတွေလုပ်ဆောင်ခဲ့ပြီး “အမှတ်တံဆိပ်များ၏ မြန်မာနိုင်ငံမှ တာဝန်ခံမှုရှိစွာ စီးပွားရေး ရုတ်သိမ်းခြင်းဆိုင်ရာ မူဝါဒမှုဘောင်များ” ကို ချမှတ်ခဲ့ပါတယ်။  

Primark, New Look, Inditex, H&M, Lidl နဲ့ Fast Retailing စတဲ့အမှတ်တံဆိပ်တွေကလည်း ဒီမူဝါဒတွေကို သဘောတူခဲ့ပါတယ်။ 

“ကျွန်မတို့က နိုင်ငံတကာကို ဖြန့်တဲ့အမှတ်တံဆိပ်တွေကို ချုပ်နေရတာပါ။ ဒါပေမယ့် အဲဒီဝတ်စုံတွေ ချုပ်နေတဲ့ ကျွန်မတို့ရဲ့ အခက်အခဲတွေ၊ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို ဘယ်သူမှ မမြင်ကြဘူးလို့ ခံစားမိတယ်။ စက်ရုံတွေကလည်း Buyer တွေလာရင် အခွင့်အရေးအပြည့်အဝ ပေးထားသလို လိမ်ကြတယ်။ Buyer တွေက လည်း ကျွန်မတို့ ချိုးဖောက်ခံနေရတာတွေကို သတင်းဌာနတွေကတစ်ဆင့် မြင်နေသိနေရလည်း မကြားချင် ယောင် ဆောင်ကြတယ်”လို့ စက်မှုဇုန် အထည်ချုပ်အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

ပြည်တွင်းက အလုပ်သမားတွေဟာ ဥပဒေပါ ခွင့်ရက်တွေ ခံစားခွင့်မရတာ၊ အချိန်ပိုတွေကို အဓမ္မ ခိုင်းစေခံရတာ၊ လုပ်နိုင်စွမ်းအားထက် ပိုမိုပြီးအထည်တွေ ချုပ်လုပ်နေရတာတွေအပြင် အခြေခံကျတဲ့ သန့်ရှင်းတဲ့သောက်သုံးရေ သောက်သုံးခွင့်၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အိမ်သာအသုံးပြုခွင့်၊ လေဝင်လေထွက် ကောင်းမွန်တဲ့ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ခွင့်စတဲ့ အချက်တွေကိုတောင် အပြည့်အဝ ခံစားခွင့် မရကြဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ 

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026