NEWS

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင်ကာ ခြိမ်းခြောက်ပြောဆိုမှုပြုလုပ်

CoverLogo
422 Views

သစု (မြန်မာ) ဂလိုရီဖက်ရှင် THA SHU (MYANMAR) Fashion CO, LTD  အထည်ချုပ်စက်ရုံမှာ အလုပ်သမား အခွင့် အရေးချိုးဖောက်တာတွေကို လုပ်ဆောင်ပြီး အလုပ်သမားတွေအနေနဲ့ ကြိုက်တဲ့ရုံးကို တိုင်ကြားသလို စက်ရုံဘက် က ဖြေရှင်းနိုင်တယ်လို့ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံကို တရုတ်နိုင်ငံသားက ပိုင်ဆိုင်တာဖြစ်ပြီး ရွှေသံလွင်စက်မှုဇုန် မင်းဧရာလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပါ တယ်။ 

လုပ်သားအင်အား (၈၅၀) နီးပါးနဲ့ လုပ်ငန်းလည်ပတ်နေတာပြီး mont.bell အမှတ်တံဆပ်ကို ချုပ်လုပ်နေ တာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ သမဂ္ဂမရှိဘဲ WCC သာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
 
“အလုပ်သမား အမျိုးသမီးတွေ ကိုယ်ဝန်ရှိရင် အကြောင်းအမျိုးမျိုးရှာပြီး အလုပ်ထုတ်ပါတယ်။ ကိုယ်ဝန်ဆောင် တွေကို တစ်ခြားအလုပ်သမားတွေနဲ့တန်းတူ ခိုင်းပါတယ်။ မညှာပါဘူး။ လစာပေးထားလို့ တန်းတူလုပ်ရမယ်။ မလုပ်နိုင်ရင် ကိုယ့်ဘာသာထွက်လို့ ထုတ်လုပ်ရေးတာဝန်ခံ မန်နေဂျာနဲ့ စက်ရုံတာဝန်ခံက ပြောပါတယ်။ ကိုယ်ဝန် ဆောင်တစ်ယောက်ရသင့်တဲ့ အခွင့်အရေးတွေလည်း မပေးပါဘူး။ စစ်ဆေးရေးလာရင် ဆေးခန်း၊ သူနာပြု ထားပေး ပါတယ်။ ဒါပေမယ့် အလုပ်သမားတွေ တကယ်နေမကောင်းဖြစ်ရင် ဆေးမရှိပါဘူး။ နေမကောင်းလို့ ခဏနားခွင့် တောင် မရှိပါဘူး။ သူတို့မကြိုက်ဘူးဆိုရင် အလုပ်သမားတွေကို နောက်နေ့လာစရာမလိုဘူး။ အလုပ်ထုတ်တယ်ဆို ပြီး ထုတ်ပါတယ်။ မကျေနပ်ရင် ကြိုက်တဲ့နေရာတိုင်ဆိုပြီး မိုက်ကြေးခွဲသလို ပြောပါတယ်။ နောက်နေ့ဆို အလုပ် ဖြုတ်ခံရတဲ့သူတွေနေရာမှာ လူစားထိုးထည့်ပါတယ်။ အထည်စံချိန်တွေကိုလည်း မတရားတောင်းပါတယ်။ မရရင် အော်စူပါ၊ စူပါတွေပြောဆိုတာထက် ထုတ်လုပ်ရေးမန်နေဂျာက နားမခံနိုင်အောင် တစ်ရုံလုံးကို ပတ်ဆဲပါတယ်။ ပြီးရင် ကြိုက်တဲ့နေရာတိုင် ပြောတာမကြိုက်ရင် အလုပ်ထွက်လို့ရတယ်။ ငါက ရုံးအားလုံးနဲ့ ပြီးတယ်လို့ ပြောပြီး နားမခံသာအောင် အော်ဟစ်ဆဲဆို ကြိမ်းမောင်းပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံမှာ မနက် (၈) နာရီကနေ ညနေ (၆) နာရီခွဲအထိ ပုံမှန်အလုပ်ချိန်သတ်မှတ်ထားပြီး အချိန် ပိုအလုပ်ချိန် (၂) နာရီသာ သတ်မှတ်တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ အလုပ်ရှင်ဘက် မနက် (၈) နာရီကနေ ည(၈) နာရီအထိ အချိန်ပိုတွေ ခေါ်ယူနေပါတယ်။ ဒီလိုတစ်ဖက်သတ် လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး WCC ကလည်း တာဝန်ယူ ဖြေရှင်းပေးတာမရှိဘဲ အလုပ်ရှင်ဘက်က အချိန်ပိုခေါ်ယူတာကို လက်မှတ်ထိုးပေးတာပဲ လုပ်ဆောင်နေပါတယ်။

“အလုပ်ထွက်တဲ့ အလုပ်သမားတွေကိုလည်း လကုန်ပြီး (၁၀) ရက်နေ့ နောက်ဆုံးထားပြီး လုပ်ခလစာ ထုတ်ပေးရ မှာကို အလုပ်ရှင်က မထုတ်ပေးပါဘူး။ မနက်ကတည်းက စက်ရုံရှေ့မှာ နေပူထဲမှာ စောင့်ခိုင်းပြီး ညနေ (၃) နာရီခွဲ ခါနီးမှာ နောက်ရက်မှ ထုတ်ပေးမယ်ဆိုပြီး ပြန်လွှတ်ပါတယ်။ သူတို့ပြောတဲ့အချိန်ကို ပြန်ချိန်းပါတယ်။ လုပ်ငန်းခွင် ထဲကို အလုပ်သမားဝန်ကြီးဌာနကဆိုပြိး တစ်ယောက်ပြီးတစ်ယောက် ပုံစံအမျိုးမျိုးနဲ့ လာကြပါတယ်။ ဝန်ကြီးဌာန က သတင်းမှာပါလို့ လာစစ်ရင် မန်နေဂျာပြောတာနဲ့ လုပ်ငန်းခွင်ထဲမှာ ဖြစ်နေတာတွေက တစ်ခြားစီ ဖြစ်နေပါ တယ်။ အလုပ်သမားတွေ တကယ်အခက်အခဲတွေ့နေတာကို ကူညီဖြေရှင်းပေးတာ မရှိပါဘူး”လို့ အလုပ်သမားတစ် ဦးက ပြောပါတယ်။

ဒီလိုလုပ်ငန်းခွင်တွင်းမှာ အခွင့်အရေး ချိုးဖောက်ခံနေရတာကို ကူညီဖြေရှင်းပေးဖို့ စက်ရုံအလုပ်သမားတွေက မြန် မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားအဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။ 

စက်ရုံအလုပ်သမားတွေအနေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ အလုပ်သမားတွေကို အလုပ်သမား အခွင့်အရေး အပြည့်အဝပေးဖို့၊ လုပ်ငန်းခွင်မှာ ရိုင်းစိုင်းစွာ ဆဲဆိုနေတဲ့ မန်နေဂျာနဲ့ တာဝန်ရှိသူတွေကို ထိရောက် စွာ အရေးယူပြီး အလုပ်ကထုတ်ပေးဖို့၊ ဆေးပေးခန်းမှာ ဆေးဝါးတွေထားပေးပြီး ကျန်းမာရေးအရ နားဖို့လိုအပ်သူ တွေကို နားခွင့်ပေးပြီး ပြန်ဖို့လိုအပ်သူတွေကို စိစစ်ပြီး ပြန်လွှတ်ဖို့၊ အကြောင်းပြချက်မရှိဘဲ အလုပ်မထုတ်ဖို့နဲ့ မိမိ သဘောဆန္ဒအရ အလုပ်ထွက်သူတွေကို သတ်မှတ်ထားတဲ့လကုန်ပြီး (၁၀) ရက်မှာ လစာထုတ်ပေးဖို့နဲ့ အလုပ် သမားတွေ ချုပ်လုပ်နိုင်သာ အထည်စံချိန်သာတောင်းခံပြီး ဖိအားပေးဆဲဆိုတာ မလုပ်ဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026