NEWS

အလုပ်သမားအခွင့်အရေးများ လစ်လျူရှု့ခံနေရတယ်လို့ အလုပ်သမားတွေပြော

CoverLogo
1.2K Views

လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်နေစဉ် အတွင်းမှာပဲ အကြောင်းပြချက်မပေးဘဲ အလုပ်ထုတ်ခံရမှုတွေ ရှိနေပြီး အထည်စံချိန်တိုးမြှင့်တောင်းဆိုထားပြီး ခြိမ်းခြောက်ခိုင်းစေတာတွေ ပြုလုပ်နေတာ ခွင့်ခံစားခွင့်မရတာ သောက်သုံးရေမရရှိတာ လုပ်ငန်းခွင်အတွင်းဘေးအန္တရာယ်ကင်းရှင်းမှု မရှိတာ စတာတွေ ကြုံတွေ့ခံစားနေရတယ်လို့ Popular Internation Garment Manufuring Co,Ltd  စက်ရုံအလုပ်သမားတွေကပြောပါတယ်။

ရန်ကုန် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ဖန်ချက်ဝန်လမ်းမှာ ဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံမှာ ဖော်ပြပါ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ခံစားနေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

အလုပ်သမား ၁၃၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ အဆိုပါ စက်ရုံဟာ တရုတ်နိုင်ငံသားပိုင် လုပ်ငန်း ဖြစ်ပြီး Rab၊ FRONTIER၊ REGATTA စတဲ့အမှတ်တံဆိပ် မိုးကာသားများ၊ အနွေးထည်၊  ဂျင်းဘောင်းဘီ အင်္ကျီ တွေ ချုပ်လုပ်တင်ပို့နေတာဖြစ်တယ်လို့သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ အပြစ် တစ်စုံတစ်ရာမရှိဘဲ အလုပ်မှ ထုတ်ပယ်တာ စံချိန်တောင်းခံရာမှာ ဖိအားပေး ခြိမ်းခြောက်တောင်းဆိုတာ ရှောင်တခင်ခွင့်ကဲ့သို့ ခွင့်ခံစားခွင့်များမရရှိတာ သောက်သုံးရေ သန့်ရှင်းမှုမရှိတာ နဲ့ မီးဘေးအန္တရာယ် စိုးရိမ်နေရတာတွေ ရှိနေပြီး တာဝန်ရှိသူတွေ လာရောက်စစ်ဆေးစဉ်မှာလဲ ကြိုတင်အသိပေးလာရောက်စစ်ဆေးတဲ့အတွက် လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲတွေအတွက် ပိုမိုဆိုးရွားစွာ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

ဒါ့အပြင် အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ရှောင်တခင် ခွင့် ခံစားခွင့်မရှိဘဲ အလုပ်တစ်ရက်ပျက်ပါက ဒေးကြေး (၄၈၀၀)ကျပ်၊ ရက်မှန်ကြေး (၁၀၀၀၀) ကျပ်ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။

စံချိန်တောင်းခံရာမှာလဲ တစ်နာရီလျှင် ၆၀ အထိတောင်းခံပြီး စံချိန်မပြည့်သော အလုပ်သမားများကို မီတင်ခေါ်ယူကာ ဖိအားပေးပြောဆိုပြီး စံချိန်ပြည့်မီစေရန် ရေမသောက် သန့်စင်ခန်းမသွားဘဲ ချုပ်လုပ်နေရတယ် လို့ အလုပ်သမားက ပြောဆိုပါတယ်။

"စံချိန်တောင်းတာက အလုပ်ချိန် ၈ နာရီအတွက် မဟုတ်ဘူး အိုတီချိန်အတွက်ပါ ထည့်ပေါင်းပြီးတောင်းတာ  စံချိန်ကို မတရား တိုးတောင်းလိုက်တာစံချိန်မပြည့်တဲ့သူ တွေ ဖိအားပေး ခြိမ်းခြောက်တယ် တချို့ဆို  အိမ်သာမသွား ရေတောင်မသောက်ဘဲ အသဲအသန်ချုပ်လို့ ပြည့်သွားရင် အိုတီမခေါ်တော့ပဲ ပြန်လွှတ်လိုက်ရော " လို့ လက်ရှိလုပ်ငန်းခွင်ထဲက အခြေအနေကို အလုပ်သမားတစ်ဦးကရှင်းပြပါတယ်။

မကြာခင်ကလည်း လုပ်ငန်းခွင်ထဲမှာ Beaume Internation  Garment MFG Co,LTD  ဆိုတဲ့ အမည်တပ်ကာ အလုပ်သမားအချို့ကို ဖိအားပေးလက်မှတ်ထိုးခိုင်းပြီးတော့ ခွဲထုတ်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အလုပ်သမား ၃၀၀ နီးပါးကို ပုပ်ပြတ် အလုပ်သမားတွေဟုဆိုကာ အောလင်း အောနိုက်ခိုင်းစေတာတွေလည်းရှိနေတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

"စစ်ဆေးရေး လာရင် အရမ်းကောင်းတဲ့ ပုံစံမျိုးသင်ပေးထားတယ် လိမ်ပြီးဖြေခိုင်းတာပါ အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ နေ့စားတွေကို ဌာနက လာစစ်ရင် ကြိုရှောင်ခိုင်းထားတယ် လူဦးရေ ထောင်နဲ့ချီ အလုပ်လုပ်နေတဲ့စက်ရုံမှာ ထမင်းစားဖို့ ခုံအလုံအလောက်မရှိဘူး အိမ်သာမလုံလောက်ဘူး လျှပ်စစ် ဘယ်အချိန် ရှေ့ာထ ဖြစ်မလဲ စိုးရိမ်စိတ်တွေနဲ့ လုပ်နေရတယ် ပြီးရင် သောက်ရေပေါ့နော် သောက်လို့ရတဲ့ အခြေအနေမှာတောင်မရှိဘူး အဲ့တာတွေတော့ ပြုပြင်ပေးစေချင်တယ်" လို့ လုပ်ငန်းခွင်ထဲက အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ အလုပ်သမားရေးရာ ကိစ္စရပ်တွေမှာ အကူအညီမဲ့နေပြီး မကြာခဏ အလုပ်ထုတ်ခံရတာတွေလည်း ရှိနေတာကြောင့် အမည်မဖော်လိုဘူးလို့ လည်း အလုပ်သမားတွေကပြောဆိုပါတယ်။


Related posts

Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026