NEWS

အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် စက်ရုံကို သက်ဆိုင်ရာသို့ တိုင်ကြားပြီးနောက် မြန်မာလုပ်သား ၁၀၀ ကျော် အခွင့်အရေးများပြန်ရ

CoverLogo
94 Views
 
ထိုင်းနိုင်ငံ ချာချင်ဆောင်မြို့ရှိ ကြိုးထုပ်လုပ်တဲ့ စက်ရုံတစ်ရုံမှ မြန်မာ အလုပ်သမား ၁၀၄ဦး အပေါ် အလုပ်သမားအခွင့်ရေးတွေ များစွာ ချိုးဖောက်နေတဲ့ အတွက် သက်ဆိုင်ရာ မြို့နယ် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးကို နစ်နာသူအလုပ်သမားတွေက တိုင်ကြားခဲ့ ရာ အလုပ်သမား အခွင့်ရေးတွေ ပြန်လည်ရရှိခဲ့တယ်လို့ ၎င်းအမှု ကို ကူညီပေးနေတဲ့ WAGအလုပ်သမား မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
 
၎င်းစက်ရုံတွင် မြန်မာအလုပ်သမားတွေ အလုပ်လုပ်ကိုင်နေတာ ၄လ ခန့်ရှိခဲ့ ပြီးနောက် ဖေဖေါ်ဝါရီ ၁၂ရက်မှ စ၍ စက်ရုံဘက်မှ အလုပ်သမားတွေ ကို အလုပ်ပုံမှန်မဆင်းရဘဲ အလှည့်ကျဆင်းခိုင်းခြင်း၊အချိန်(၁)နာရီပိုခိုင်းခြင်း၊ OT ဆင်းရပါက OTကြေးကို (၁)နာရီ ၄၄ဘတ် သာပေးခြင်းစတဲ့ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံလာရတယ်လို့ နစ်နာသူအလုပ်သမားတွေ ထံမှ သိရပါတယ်။
 
အခုလို အလုပ်သမားအခွင့်ရေးတွေ ချိုးဖောက်ခံလာရတဲ့ အတွက် မြန်မာအလုပ်သမားတွေဟာ (WAG) အလုပ်သမားမဟာမိတ်အဖွဲ့ကို အကူညီတောင်းခံခဲ့ရာ မတ်လ ၆ရက် တွင်အလုပ်သမားများရဲ့ ကိုယ်စားနှင့်အတူ မြို့နယ်စဝပ်ဒီကန်ရုံး သို့ သွားရောက်တိုင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
 
စဝပ်ဒီကန်ရုံးဝန်ထမ်းတွေကလည်း တိုင်ကြားလာမှု နဲ့ ပက်သက်ပြီး စက်ရုံထဲသို့ နေ့ချင်း ဝင်ရောက်စစ်ဆေးခဲ့ရာ အလုပ်သမားအခွင့်အရေးချိုးဖောက်တာမှု များ စစ်ဆေးတွေ့ရှိ သဖြင့်စက်ရုံဘက်မှ ငြင်းမရတော့ဘဲ စဝပ်ဒီကန်မှ သတ်မှတ်ပေးတဲ့ စည်းကမ်းဥပဒေနှင့်အညီ မြန်မာအလုပ်သမားတွေ ကို (၁)ရက်(8)နာရီသာအလုပ်ခိုင်းစေခြင်း၊အချိန်ပို(၁)နာရီ ၇၅ဘတ် ပေးဆောင်ခြင်း၊ပုံမှန်နားရက်ရှိခြင်း၊ အလုပ်မရှိသဖြင့် စက်ရုံဘက်မှ နားရပါက နေ့စားပုံမှန် ၄၀၀ ဘတ် ပေးရန် နားခဲ့တဲ့ ရက်ကိုလဲ ပုံမှန် Day ကြေးပြန်ပေးခြင်း စတဲ့ စဝပ်ဒီကန်ဥပဒေနှင့်အညီ အလုပ်သမားအခွင့်အရေးများကို အပြည့်အဝပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026