NEWS

အလုပ်သမားသဘောတူညီချက်မရှိဘဲ မိုးလင်းပေါက် အချိန်ပိုခေါ်ယူနေ

CoverLogo
260 Views
 
Golden Colour Fashion စက်ရုံမှာ ည ၈ နာရီအထိ အချိန်ပိုခေါ်ပြီး ၊ Cutting ဌာနမှာလည်း ကြိုတင်အသိပေးအကြောင်းကြားတာမရှိဘဲ မနက်ခင်းစောစောအချိန်တွေ အတွက် အတင်းအကြပ် အချိန်ပို ခေါ်ယူနေတယ်လို့ ဇူလိုင် ၁၈ ရက်ညမှာ အလုပ်သမားတွေက STUM ကို တိုင်ကြားချက် ပေးပို့ခဲ့ပါတယ်။
 
ဒီစက်ရုံဟာ ရွှေပြည်သာ စက်မှုဇုန်(၃)၊ အင်းစိန်မြို့နယ်မှာတည်ရှိတာဖြစ်ပြီးတော့ Sinsay နဲ့ Kappa အမှတ်တံဆိပ်တွေ အဝတ်အထည်တွေချုပ်လုပ်နေတာဖြစ်ပါတယ်။
 
“စက်ရုံက ဒီနေ့ည(ဇူလိုင်လ ၁၈ ရက်) မှာ cutting ဌာနကို OT အောလင်းခေါ်ပြီး စတို ဌာနတွင် အောနိုက်ခေါ်ပါတယ်။ စက်လိုင်းဌာနတွေကိုလဲ ည ၈ နာရီ အထိ အချိန်ပို ခေါ်ယူပါတယ်” လို့ အဆိုပါစက်ရုံ အလုပ်သမားတွေက STUM ကို အကူအညီတောင်းခံထားတာပါ။
 
မြန်မာနိုင်ငံအလုပ်သမား ဥပဒေအရ တနေ့ကို အလုပ်ချိန် ၈ နာရီ တပတ်လျင် ၄၈ သာ အလုပ်လုပ် ခိုင်းစေခွင့်ရှိတာဖြစ်ပြီး အချိန်ခေါ်ယူရာမှာလည်း အလုပ်သမားတွေရဲ့ သဘောချက်မရှိဘဲ ခေါ်တာဖြစ်လို့ တရားမဝင် အချိန်ပိုခိုင်းစေနေတာဖြစ်တယ်လို့ STUM က ထုတ်ပြန်ထားပါတယ်။
 
အချိန်ပို ခေါ်ယူတာမှာလည်း တစ်နေ့ကို ၄ နာရီသာ လုပ်ခွင့်ရှိပြီး တစ်ပတ်မှာ နာရီ ၂၀ သာ လုပ်ကိုင်နိုင်တယ်လို့ အလုပ်သမား ဝန်ကြီးဌာနက သတ်မှတ်ပြဌာန်းထားပြီးသားလည်း ဖြစ်ပါတယ်။

Related posts

Cover
Female Garment Workers Becoming Victims of Chinese “Rental Wife” and Paid Marriage Trafficking
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026