NEWS

အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါအဝင် အကျဉ်းထောင် အချုပ်ခန်းရှိ အချုပ်သား များကို ကြိုတင်မဲထည့်ဖို့ ဖိအားပေးနေဟုဆို

CoverLogo
362 Views
 
ခြေချုပ်နှင့်ခံဝန်အက် ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)၊အသင်းဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ - ၄၀၊ ၄၁ တို့နဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါအဝင် အကျဉ်းထောင် အချုပ်ခန်းရှိ အချုပ်သားတွေ ကို ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ထည့်ဖို့ အာဏာပိုင်တွေ ဘက်က ဖိအားပေးနေတယ်လို့ STUM ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
အကယ်၍ အကြိုမဲထည့် ဖို့ ငြင်းဆန်ပါက ကန့်ကွက်မဲ အဖြစ်သတ်မှတ်ပြီး တိုက်ပိတ်ခြင်း စတဲ့ ထောင်တွင်းပြစ်ဒဏ်များချမှတ်မယ်လို့ ခြိမ်းခြောက်ကြိမ်းမောင်းတယ်လို့ STUM က အသိပေးထုတ်ပြန်ထားပါတယ်။
 
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ကို ဇူလိုင်လ ၂၅ရက် ည ၉ နာရီ ခွဲအချိန်မှာသူမနေထိုင်ရာ ရွှေပြည်သာမြို့နယ် နေ အိမ်ကို လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တွေကို ထပ်မံဖမ်းဆီးခဲ့ကာ စစ်ကော်မရှင် လက်အောက်ခံတွေက ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)နဲ့အရေးယူခဲ့ပြီး နောက် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ - ၄၀၊ ၄၁ နဲ့ ထပ်တိုးအမှုဖွင့်တရားစွဲဆိုခဲ့ပါတယ်။
 
လက်ရှိမှာ ရွှေပြည်သာ မြို့နယ် တရားရုံးတွင် ခြေချုပ်နှင့်ခံဝန်အမှုမှ တရားလိုပြသက်သေတွေကို စစ်ဆေးကြားနာခဲ့ပြီး အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀၊ ၄၁ တရားလို အား ဆက်လက်စစ်ဆေးပြီး နောက် တရားလိုပြသက်သေ များ ကို စစ်ဆေးရန် ချိန်းဆိုလိုက်ကြောင်းသိရပါတယ်။
 
ရွှေပြည်သာမြို့နယ် တရားရုံးမှ အမှု၂မှုအားအောက်တိုဘာ ၂၃ရက် ကို ချိန်းဆိုလိုက်တယ်လို့လည်းသိရပါတယ်။

Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026