NEWS

အလုပ်သမားရေးရာပေးစာကဏ္ဍ

CoverLogo
1.4K Views

ကျနော်က Camusat Myanmar Telecom company  မှာ လုပ်ခဲ့တဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်ပါတယ်။
HR ပိုင်းက အလုပ်စခေါ်တုန်းကတော့ weekend တွေနဲ့အစိုးရ ရုံးပိတ်ရက်တွေမှာတော့ နားရက်ရတယ်ဆိုပြီး ပြောခဲ့တာပဲ။အလုပ်ထဲ စရောက်ပြီး မကြာပါဘူး အားလုံးက မဟုတ်တမ်းတရားတွေဆိုတာ သိရတော့တာပဲ။

24/7 duty ချိန်လည်း ဝင်ရသလို အလုပ်ချိန် ကန့်သတ်ထားတယ်လို့လည်း သပ်သပ် မရှိပါ။အဆိုးဆုံးကတော့ အစားစားချိန်ရယ်လို့ တိတိကျကျမရှိတော့ အလုပ်သမားအများစုက အစာအိမ်ရောဂါနဲ့ ထွက်လိုက်ရတာ များတယ်။

ပြင်သစ်ဆိုတာက အလုပ်သမားဥပဒေတွေနဲ့ပက်သက်လို့ ထင်ရှားပေမဲ့ မြန်မာပြည်မှာတော့ လုံးဝမရှိသလောက်ပါပဲ။24 နာရီလုံး အလုပ်ဆင်းရပေမဲ့ အချိန်ပိုကြေး တစ်ပြားမှ မရပါဘူး။တရားဝင် လစာက 250000 ၊အလုပ်သမားတွေရဲ့ performance ပေါ်မူတည်တဲ့ KPI ဆိုတာလည်း သူတို့ဖြတ်ချင်သလို ဖြတ်ရအောင် တမင်ဖန်တီး ယူထားတာပါ။

လုံလောက်သော အကြောင်းရင်း တစ်စုံတစ်ရာ မရှိပဲ ဖြတ်ချင်သလို ဖြတ်နေလို့ပါ။သက်ဆိုင်ရာမြို့နယ် region တစ်ခုစီမှာ ရုံးခန်းတစ်ခု ရှိတယ်။ဒါပေမဲ့ မိသားစုဝင်တွေနဲ့အတူနေဖို့ကိုတော့ ကန့်သတ်ထားပြန်တယ်။

လုပ်ငန်းခွင်ထဲမှာ အင်ဂျင်နီယာတွေဆိုတာ maintenance လေးလုပ်လိုက် site လေး check လိုက်လို့ မထင်ကြပါနဲ့။အထူးစပယ်ရှယ်အနေနဲ့ site သန့်ရှင်းရှေး မြက်နုတ်၊ ပေါင်းရှင်းလည်း လုပ်ရသေးတယ်ဗျ။ Double cap၊4wheelsကြီးနဲ့ လာပြီး မြက်နုတ်ရတာလည်း တကယ့်ဟာသကြီး။ အရင်ကတော့ တစ်siteကို cleaning ကြေး site ပေါ်မူတည်ပြီး အဆင်ပြေအောင် ပေးသေးတယ်။အကယ်၍များ siteက ညစ်ပတ်နေရင် အထက်ထိ ပုံ‌‌ေရာက်သွားလျှင် KPIကတော့ အဲ့လအတွက် zeroပါပဲ။

လုပ်ငန်းလည်ပတ်ဖို့အတွက် မှာရတဲ့ပိုက်ဆံတွေကို Kpayတို့ bankတို့က ထုတ်လျှင်လည်း percentကို companyဘက်က လုံးဝမပေးပါဘူး။Red zoneဘက်မှာ လုပ်နေရလျှင်တောင်မှ အလုပ်အမြန်ပြီးဖို့ပဲ စဉ်းစားပြီး ဝန်ထမ်းတွေရဲ့လုံခြုံမှုကို လုံးဝဂရုစိုက်ခြင်းလည်း မရှိပါဘူး။

မကောင်းတဲ့စနစ်အဟောင်းတွေကို လူငယ်တွေ စွန့်ပယ်ကြပါ။ကိုယ့်ကိုယ်ကို engineerဆိုတဲ့ မာနလေးတော့ ထားကြပါ။လူကြီးတွေကတော့ သူတို့ကိုယ် သူတို့တောင် မကာကွယ်နိုင်တော့ သိပ်ပြီး မျှော်လင့်စရာတော့ မရှိပါဘူး။

အလုပ်သမားတစ်ဦး

(လုပ်ငန်းခွင်အသီးသီးကအလုပ်သမားတွေအနေနဲ့ အလုပ်သမားရေးရာ ပေးစာကဏ္ဍကို ရင်ဖွင့်စာပေးပို့လိုပါက   MyanmarLabourNews FB Messanger ကိုဖြစ်စေ myanmarlabournews@gmail.com ကနေဖြစ်စေ ပေးပို့နိုင်ပါတယ်။)


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026