NEWS

အလုပ်သမားများအား ခြိမ်းခြောက်ကာ သင်္ကြန်ပိတ်ရက်အတွက် ရက်အစားအတင်းဆင်းခိုင်းနေဟုဆို

CoverLogo
812 Views

ဧရာဝတီတိုင်းဒေသကြီး ၊ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ် စက်မှုမြို့တော်မှာရှိတဲ့ SX SXUANG XI အထည်ချုပ်စက်ရုံဟာ အလုပ်သမားတွေကိုခြိမ်းခြောက်ပြီး သင်္ကြန်ပိတ်ရက် ရက်အစားတနဂ်နွေနေ့ကို အတင်းဆင်းခိုင်းနေလို့ အခက်တွေ့နေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

" စက်ရုံမှူးကတော့ပြောတယ် သင်္ကြန်ကို ၉ရက်ပိတ်ပေးမယ် ဘာရက်အစားမှမဆင်းရဘူး ဒါကို ရန်ကုန်ကနေအလုပ်လာလုပ်တဲ့ All Superတွေက ၁၀ရက်ပိတ်ပေး တနဂ်နွေနေ့ကို အစားဆင်းပေးမယ် ဝန်ထမ်းတွေကိုလဲ သူတို့ပြောသလိုလုပ် မလုပ်ရင် အလုပ်ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး လက်မှတ်အတင်းထိုးခိုင်းတယ်။ ဌာနဆိုင်ရာကိုတိုင်ဖို့ကျတော့လည်း ဘယ်သူတိုင်ပါတယ်ဆိုတာပြန်ပေါက်ကြားတဲ့အပြင် ဘာမှအရာမရောက်ဘူး" လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကပြောပါတယ်။

အဆိုပါစက်ရုံဟာ JAKO အမှတ်တံဆိပ်က်ုချုပ်လုပ်နေပြီး လူဦးရေ နှစ်ထောင်ဝန်းကျင်နဲ့လည်ပတ်နေတယ်လို့သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026