NEWS

အလုပ်သမားများကိုလာကြိုသည့်ယာဉ် မှ အရှိန်လွန်ပြီးဝင်တိုက်သဖြင့် မြန်မာလုပ်သား၁ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရ

CoverLogo
251 Views
 
ထိုင်းနိုင်ငံ ချွန်ပူလီမြို့တွင်ရှိသော ဂျက်လစင်ဟွေ့ပါကွန်ဒိုအနီး အလုပ်သွားရန်စောင့်နေတဲ့ မြန်မာအလုပ်သမားတွေကို စက်ရုံမှ လာကြိုတဲ့ ကား က အရှိန်လွန်ပြီး ဝင်တိုက်တာကြောင့် မြန်မာအလုပ်သမား တစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ WAG အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှသိရပါတယ်။
 
ယနေ့မနက် ၆နာရီခွဲ လောက်မှာ ဘန်ဝ၊ဒယ်အိုးရုံ မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ကိုစိုးလင်းဦး ဟာ အလုပ်သွားရန်အတွက် ကွန်ဒိုအနီးရှိဖုန်းဆိုင်မှာ ကားစောင့်နေချိန်တွင် အလုပ်သမားတွေကိုလာကြိုတဲ့ နှစ်ထပ်မှန်လုံကားဟာစက်တစ်ခုခုချို့ယွင့်းပြီး အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှုဖြစ်တာကြောင့် အခင်းဖြစ်တဲ့ နေရာမှာတင် ပွဲချင်းပြီးဆုံးသွားတယ်လို့ ဆိုပါတယ်။
 
၎င်းနှင့်အတူ မြန်မာအလုပ်သမား၃ ဦးလည်းဒဏ်ရာအပြင်းအထန်ရသွားပြီး သေဆုံးသူနဲ့ဒဏ်ရာရသူတွေ ကို ဆေးရုံသို့
ပို့ဆောင်ကာ ဆေးစစ်ချက်ယူနေတယ်လို့ သိရပါတယ်။
 
သေဆုံးသူမြန်မာလုပ်သားရဲ့ အစ်ကိုဖြစ်သူဟာ သေမှူသေခင်းနှင့်ပတ်သက်ပြီး မည်သို့လုပ်ဆောင်ရမည်ကိုနားမလည်တဲ့ အတွက် လာရောက်ကူညီဆောင်ရွက်ပေးဖို့ WAG အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ထံအကူအညီတောင်းခံလာတယ်လို့ သိရပါတယ်။
 
ဒါကြောင့် ယနေ့အောက်တိုဘာ ၁၄ ရက် မွန်းလွဲ( ၁၂နာရီခွဲ )အချိန်မှာ အမှုကိုလက်ခံခဲ့ပြီး အခင်းဖြစ်တဲ့နေရာသို့ချက်ချင်းသွားရောက်ကူညီဆောင်ရွက်ပေးနေတယ်လို့ WAGအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026