NEWS

အလုပ်သမားတွေရဲ့ တစ်ရက်လုပ်ခကို  ၆၈၀၀ ကျပ်ပေးရန် စစ်ကောင်စီသတ်မှတ်

CoverLogo
930 Views

အာဏာသိမ်းစစ်တပ်က အလုပ်သမားတွေရဲ့အနိမ်ဆုံးလုပ်ခလစာ ၆၈၀၀ ကျပ်အဖြစ်ပေးဖို့ ဩဂုတ် ၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ 


"သူက ခွင့်ရက်နဲ့အလုပ်ပိတ်ရက်အက်ဥပဒေအရဆိုတော့ နေ့စဉ်လုပ်ခ ၆၈၀၀ ပေးကိုပေးရမယ်။ မူလကတိုးပေးထားတဲ့စက်ရုံတွေက ၇၅၀၀ ဆိုရင်ခု တစ်ထောင်ထပ်ပေးရမလားဆိုတာကတော့ အလုပ်ရှင်တွေဘက်ကအသံမကြားရသေးဘူး။ ဒါကညှိရမယ်ထင်ပါတယ်" လို့ အလုပ်သမားများအရေးကူညီဆောင်ရွက်ပေးသူကဆိုပါတယ်။ 


အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ဇူလိုင်က နိုင်ငံ့ဝန်ထမ်းတွေကို ဒုတိယအကြိမ်အပိုထောက်ပံ့ကြေးတစ်လကျပ် သုံးသောင်းထပ်မံတိုးမြှင့်ပေးမယ်လို့ထုတ်ပြန်ခဲ့ပေမဲ့ အစိုးရအဖွဲ့နေ့စားအလုပ်သမားနဲ့  အရပ်ဖက်အဖွဲ့နေ့စားအလုပ်သမားတွေတော့ ပါဝင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ 


ယခုအခါမှာတော့ နေ့စားအလုပ်သမားများအားလုံးကို ၂၀၁၈ခုနှစ်က သတ်မှတ်အတည်ပြုခဲ့တဲ့ အနိမ့်ဆုံးလုပ်ခလစာ တစ်နေ့ ၄၈၀၀ ကျပ်နဲ့ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အောက်တိုဘာကသတ်မှတ် ခဲ့တဲ့ ထောက်ပံ့ကြေးကျပ်တစ်ထောင်အပြင် ထပ်မံပြီး ကျပ်တစ်ထောင်ထပ်ပေါင်းပြီး   နေ့စဉ်တစ်နေ့လုပ်ခကို ၆၈၀၀ ကျပ်အဖြစ် စစ်ကောင်စီကအတည်ပြုသတ်မှတ် လိုက်တာဖြစ်ပါတယ်။ 


အဆိုပါထုတ်ပြန်ချက်အရ အလုပ်သမားတွေဟာ အလုပ်လုပ်သောရက်များနဲ့ ၁၉၅၁ ခု  ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ပြုထားတာဖြစ်ပြီး အလုပ်သမား ၁၀ ဦးအောက်နဲ့ တစ်နိုင်တစ်ပိုင်မိသားစုလုပ်ငန်းတွေမှာတော့ အကျုံးမဝင်ဘူးလို့  ဆိုထားပါတယ်။ 


စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေနဲ့အတူ ပြည်တွင်းက အခြေခံအလုပ်သမားတွေရဲ့ လုပ်ခလစာတိုးမြင့်လာခြင်းမရှိတာတွေကြောင့် အလုပ်သမားတွေရဲ့ လူနေမှုဘ၀အခြေအနေတွေ နိမ့်ကျမှု နဲ့ လုံလောက်မှုမရှိတဲ့အခက်အခဲမျိုးစုံကို  ရင်ဆိုင်လာကြရတာဖြစ်ပါတယ်။ 


စစ်ကောင်စီက အစိုးရဝန်ထမ်းတွေကို ပြီးခဲ့တဲ့၂၀၂၃ ခုနှစ်အောက်တိုဘာလက ရရှိနေတဲ့လစာအပြင် ထောက်ပံ့ ကြေးအဖြစ် ကျပ် ၃၀,၀၀၀ ပေးခဲ့ပြီး အခု ၂၀၂၄ ဩဂုတ်လမှာလည်းဒုတိယအကြိမ်မြောက် ထပ်ဆောင်းတိုးမြင့်ပေးခြင်း ထောက်ပံ့ကြေးတိုးပေမယ့် လုပ်ခလစာတိုးမြင့်ပေးဖို့တောင်းဆို နေကြတဲ့  အခြေခံအလုပ်သမားတွေဖြစ်တဲ့  စက်ရုံအလုပ်သမားတွေ၊ ပုဂ္ဂလိက ကဏ္ဍ အလုပ်သမားတွေကိုတော့ တိုးမြှင့်ပေးခြင်းမရှိခဲ့ဘဲ ယခုမှသာတိုးမြှင့်ပေးလိုက်တာဖြစ်ပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026