NEWS

အလုပ်သမားတွေကို ထောက်ပံ့ကြေး ၁၀၀၀ ကျပ်တိုးပေးပြီး အိုတီကို ၄၈၀၀ နှုန်းနဲ့တွက်ချက်ပေး၊ လူမှုဖူလုံရေးကြေးကို ၅၈၀၀ နှုန်းနဲ့ပြန်လည်ဖြတ်တောက်နေ

CoverLogo
505 Views

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ပြည်တွင်းရှိ အနည်းဆုံးအခကြေးငွေကို ၄၈၀၀ ကျပ် သတ်မှတ်ထားမှုအပေါ် ထပ်ဆောင်းပြီး အပိုထောက်ပံ့ကြေးအဖြစ် တစ်ရက် ၁၀၀၀ ကျပ် ပေးရမယ်လို့ သတ်မှတ်လိုက်ပြီးတဲ့နောက် လုပ်ငန်းရှင်တွေဘက်က အလုပ်သမားတွေရဲ့ အိုတီကြေးတွက်ချက်ရာမှာ အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကိုသာအခြေခံပြီးတွက်ချက်ပေးတာဖြစ်သလို လူမှုဖူလုံရေးကြေးဆောင်ရာမှာတော့ ၅၈၀၀ နှုန်းနဲ့ပြန်လည်ဖြတ်တောက်တာတွေပြုလုပ်နေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

"ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်တဲ့သဘောပဲ ၃ သောင်းဆိုတာဘာမှမှမရှိတာ ၂ ရက်စာအိမ်စရိတ်ပဲရှိတယ်ဘာမှပြောင်းသွားတာမရှိဘူး အနည်းဆုံးအခကြေးငွေ ၅၈၀၀ တိုးရင် အိုတီကြေးလည်းလိုက်တိုးမှာပဲ ဒီလိုလဲမဟုတ်ဘူး ထောက်ပံ့ကြေးဆိုပြီးတော့ တစ်ထောင်ပေးတယ် လူမှုဖူလုံရေးကျတော့ အနည်းဆုံးအခကြေးငွေ ၅၈၀၀ နဲ့ဆောင်ရတယ် အလုပ်သမားက ၂ ရာခိုင်နှုန်း အလုပ်ရှင်က ၃ ရာခိုင်နှုန်းဆောင်ရတယ် ၃ ထောင်ကျော်လောက်ပေးရတာပေါ့"လို့ ကျွမ်းကျင်လုပ်သားတစ်ဦးကပြောဆိုပါတယ်။

"အခုလိုမသတ်မှတ်ခင်က အလုပ်သမားတွေက ဆန္ဒပြတာတို့ တောင်းဆိုတာတွေလုပ်လို့ တချို့စက်ရုံတွေက ၅၆၀၀ တို့ ၆၀၀၀ တို့ပေးတဲ့ရုံတွေရှိတယ် အလုပ်သမားဝန်ကြီးဌာနက တစ်လကို ၄၈၀၀ အပေါင်း ၁၀၀၀ ကျပ်လို့ ထုတ်ပြန်လိုက်တော့ ၅၆၀၀ ပေးထားတဲ့ရုံတွေက ၂၀၀ တိုးပေးတယ် ၆၀၀၀ ပေးထားတဲ့ရုံတွေက ၂၀၀ ပြန်လျှော့လိုက်တယ် အိုတီကိုတော့ ၄၈၀၀ ပေါ်မှာပဲအခြေခံပြီးတွက်တာ "လို့ အလုပ်သမားကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်တိုးပေးဖို့ ထုတ်ပြန်လိုက်တာဖြစ်ပြီး အိုတီကြေးကိုတော့ ၄၈၀၀ ပေါ်မှာသာအခြေခံပြီး တွက်ချက်ရမှာလို့ အသိပေးထားတာပါ။

ဒါကြောင့် လက်ရှိသတ်မှတ်ထားတဲ့အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်ဟာပြောင်းလဲမှုမရှိဘဲ အလုပ်သမားတွေအနေနဲ့ ထောက်ပံ့ကြေး ၃၀၀၀၀ ကျပ် ခံစားခွင့်ရတယ်လို့ ယူဆရမှာပါ။

ဒါပေမဲ့ တချို့စက်ရုံတွေမှာ ဝန်ကြီးဌာနက တိုးပေးလိုက်တဲ့ ၃၀၀၀၀ ကျပ်ကိုခံစားခွင့်မရဘဲ ယခင်ခံစားခွင့်တွေနဲ့ လျှော်ပစ်တာ၊ ကျွမ်းကျင်ကြေးတွေ လျှော့ချတာတွေလုပ်လို့ လစာထုတ်ယူရာမှာ ငွေကျပ်ပမာဏသိသာစွာတိုးမြင့်လာခြင်းမရှိဘူးလို့ အလုပ်သမားတွေကပြောဆိုထားပါတယ်။

ယခုလို တိုးပေးလိုက်တဲ့ တစ်ရက် တစ်ထောင်ကျပ်ဟာ ကုန်ဈေးနှုန်းထပ်မံမြင့်တက်မှုကြောင့် အလုပ်သမားတွေအတွက် အထောက်အကူမဖြစ်ဖူးလို့ ဆိုပါတယ်။ အဲ့ဒီအစား ၁၀၀၀၀ ကျပ် တိုးပေးဖို့ လိုလားနေတယ်လို့ လည်း ပြည်တွင်းအလုပ်သမားအရေးလုပ်ဆောင်သူတွေနဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေက တောင်းဆိုထားပါတယ်။

#MyanmarLabourNews


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026