NEWS

အလုပ်သမားတွေကိုခြိမ်းခြောက်အလုပ်ခိုင်းပြီး အလုပ်ခွင်ချိုးဖောက်မှုတွေလုပ်နေ

CoverLogo
440 Views
 
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ နဝဒေးမင်းကြီးလမ်း မှာဖွင့်လှစ်ထားတဲ့ Shwe Myinn Co.,ltd Washing Fact ရေလျှော်စက်ရုံ က အလုပ်သမားတွေမှာ ခြိမ်းခြောက်အလုပ်ခိုင်းခြင်းတွေနဲ့ အလုပ်ခွင်မှာချိုးဖောက်မှုလုပ်ရပ်‌ တွေကိုခံနေရကြောင်း အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို တိုင်ကြားထားတာပါ။
 
အဆိုပါ စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၁၀၀ကျော်နဲ့ လုပ်ငန်းလုပ်ကိုင်နေတာလို့သိရပါတယ်။
SHWE MYINN Co.,ltd WASHING FACT စက်ရုံက အလုပ်သမားများ အလုပ်လုပ်ကိုင်ရာမှာ Chemical တွေကိုင်ကာလုပ်ကိုင်ရခြင်း၊ လက်အိတ်၊နှာခေါင်းစီးမပေးထားခြင်း၊ လုပ်ငန်းခွင် အခက်ခဲများ ချိုးဖောက်မှုများ ကို ပြင်ပကိုအသိမပေးဖို့ ခြိမ်းခြောက်လှုံဆော်ခံရခြင်းများကိုကြုံတွေ့နေရတယ်လို့ဆိုပါတယ်။
 
"ဒီစက်ရုံက လုပ်ငန်းခွင်အခက်ခဲ နဲ့ ချိုးဖောက်တာတွေကို သတင်းမီဒီယာမှာ ဖော်ပြတာတွေရှိဖူးတယ်။ ဒါကို အဲ့ဒီ့ချိုးဖောက်တဲ့သတင်းရဲ့တင်ထားတဲ့ postအောက်မှာ အလုပ်ရှင် ဘက်ကမန်နေဂျာက သူ့ရဲ့ ရုံးတွင်းအလုပ်စာရေးတွေ နဲ့အလုပ်သမားဆွေမျိုးများကိုပါ လုပ်ငန်းခွင်ထဲမှာ အခုသတင်းတင်ထားသလို မဟုတ် ကြောင်းအားလုံးကောင်းမွန်နေကြောင်း ကောမန့်ဝင်ရေးခိုင်းတာ၊ အလုပ်သမားအားလုံးကို မီတင်ခေါ်ပြီး တကယ်လို့စစ်ဆေး ရေးလာခဲ့ရင်သတင်းအမှားဖြစ်ကြောင်း အလုပ်လုပ်ရတာ အဆင်ပြေတယ် ဆိုတဲ့အကြောင်းပြောဖို့ အလုပ်သမား‌တွေကိုပြောထားတာတွေရှိပြီး အဲလိုလုပ်မှနင်တို့တွေ ဒီစက်ရုံမှာ အလုပ်လုပ်ရတာ တည်မြဲမယ်နောက်ဆိုရင် စက်ရုံပိတ်ရင်နင်တို့လဲ အလုပ်လက်မဲ့ဖြစ်မယ်ဆိုပြီးပြောဆိုခြိမ်းခြောက်ထားတယ်လို့" စက်ရုံအလုပ်သမားတစ်ဦးကပြောထားပါတယ်။
 
Shwe Myinn Co.,ltd Washing Fact စက်ရုံရဲ့နောက်ထပ် လုပ်ငန်းခွင် ချိုးဖောက်မှုတွေ အနေနဲ့ အသက်မပြည့်သေးတဲ့ အသက်၁၄နှစ် ၁၅နှစ်အရွယ် လူငယ်၊ လူရွယ်တွေကို ရွေးချယ်အလုပ်ခန့်ကာ ၃လပြည့်တဲ့အထိ အတည်ပြုဝန်ထမ်း မခန့်ပဲ နေ့စားအလုပ်သမားအဖြစ်သာ လုပ်ငန်းမှာခိုင်းစေနေပြီး အလုပ်သမားအခွင့်အရေးအပြည့်အဝမပေးပဲ လုပ်အားခေါင်းပုံဖြတ်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။
 
" လူငယ်၊ လူရွယ်အလုပ်သမားများကို အစမ်းခန့်ကာလ အလုပ်သမားများအဖြစ် ၃လအထိဒေးကြေး ၆၈၀၀ကျပ်ရှင်းပေးတာ၊ အလုပ်လုပ်ကိုင်တာ ၃လပြည့်‌ ပေမယ့်တည်ပြုဝန်ထမ်းမခန့်အပ်ဘဲ ဒီအတိုင်းဘဲဆက်လက်အလုပ်ခိုင်းနေတာ နဲ့အလုပ်သမားအခွင့်အရေးကိုသိလို့ သွားပြောသူတွေကိုမန်နေဂျာက အသက်မပြည့်ဘဲအလုပ်လာ လျောက်တာကို သူကတောင်ရဲခေါပြီးဖမ်းခိုင်းလို့ရတယ်၊ သူစေတနာကို မစော်ကားနဲ့ဆိုပြီးပြောဆိုနေသလိုစက်ရုံကအ လုပ်သမားက၁၀၀ကျော်ဘဲရှိပြီး အလုပ်ကမနိုင်မနင်းဖြစ်ပေမယ့် လူသစ်ထပ်မခေါ်ဘဲရှိပြီး သားအလုပ်သမားများနဲ့လှည့်ပတ်ပြီးနေရာစုံ ခိုင်းစေနေတာ၊အလုပ်သမားများအလုပ်တက်ချိန်မှာ နံနက်၈နာရီကနေ ညနေ့၆နာရီမှ ၈နာရီအထိဆင်းရခြင်း၊ ယခုနောက်ပိုင်းတွင် ညဘက်၁၂နာရီအထိဆင်းရတဲ့အပြင် အောလင်းအထိဆင်းရခြင်းများဖြစ်လာတယ်လို့" စက်ရုံဝန်ထမ်းတစ်ဦးကပြောပါတယ်။
 
အလုပ်သမားတွေအနေနဲ့လည်း စက်ရုံရဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေကြောင့်၊ညဘက်၈နာရီအထိ အချိန်ပိုအိုတီဆင်းပြီး အိမ်ပြန်ရရင်လည်စ အလုပ်သမားများ အားလုံးကိုဘောက်ကား တစ်စီးဖြင့်ပတ်ပို့တဲ့အတွက် အိမ်ကိုနောက်ကျမှရောက်ပြီးညဘက်၁၂နာရီအထိ အချိန်ပိုအိုတီဆင်းရ လည်းအိမ်ပြန်လျင် မလုံခြုံတဲ့အတွက် စက်ရုံထဲတွင်ကြုံတဲ့နေရာတွင် တိုးပြီးအိပ်ရခြင်း၊ အိပ်ဖို့နေရာ မရှိခြင်း၊ နောက်နေ့တွင်လည်း အိပ်ရေးမဝဘဲ အလုပ်ဆက်လက်လုပ်ကိုင်ရခြင်း၊ အလုပ်ထဲတွင်ခေါင်းဆောင် တွေကတအားဘက်လိုက်တဲ့အတွက် မန်နေဂျာစကားတစ်ခွန်းသာနား‌ ထောင်နေကြပြီး ခေါင်းဆောင်တွေက အလုပ်သမားတွေဘက် ကလုံးဝမကြည့်ခြင်း၊ ခေါင်းဆောင်တွေကို အလုပ်အကြောင်းအနည်းငယ် အကြိုးကြောင်းပြန်ပြောလျင်ပြန် ပြောတယ်ဆိုပြီးအငြိုးအတေးထားပြီး ဆက်ဆံခံရခြင်းတွေကို ကြုံရတဲ့အတွက် အဲ့ဒါတွေကို ဖြေရှင်းပေးနိုင်ဖို့ လိုလားနေတယ်လို့ဆိုပါတယ်။
 
အလုပ်သမားတွေရဲ့ အလုပ်ခွင် တရားမျှတဖို့အတွက် တောင်ဆိုမှုတွေကတော့
၁။ အသက်၁၄နှစ် ၁၅နှစ်အရွယ်လူငယ်၊ လူရွယ်အလုပ်သမားများခိုင်းစေပြီး အလုပ်ရှင်ဘက်မှ လူကြီးအလုပ် သမားများနှင့် တန်းတူခိုင်းစေခြင်းမပြုလုပ်ရန်။
၂။ စက်ရုံမှမန်နေဂျာက အစည်းဝေးခေါပြီး အလုပ်သမားများကို ခြိမ်းခြောက်ပြောဆိုနေခြင်း မပြုလုပ်ရန်။
၃။ လုပ်ငန်းခွင်ထဲတွင် အလုပ်ကမနိုင်မနင်းဖြစ်ချင်းကြောင့် အလုပ်ရှင်ဘက်မှ အလုပ်သမားများထပ်ခေါ်ရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အချိန်ပိုအိုတီကို ည၈နာရီ ည၁၂နာရီအထိ အချိန်ပိုအိုတီမခေါ်ရန်။
၅။ အလုပ်သမားရုံးမှ စက်ရုံကိုလာရောက်စစ်ဆေးလျင် အလုပ်ရှင်ခေါ်ပေးသော အလုပ်သမားများကိုမမေး ရန်။
၆။ အလုပ်ရှင်ဘက်မှ မန်နေဂျာမှခိုင်းစေခြင်းကြောင့် မဟုတ်မမှန်သော ကော့မန့်များမန့်ခိုင်းခြင်းမပြုလုပ်ရန် Shwe Myinn Co.,ltd Washing Fact အလုပ်သမား တွေက အကူညီတောင်းထားပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026