NEWS

အလုပ်သမားခေါင်းဆောင် ဦးသက်နှင်းအောင်ကို အဆိုးရွားဆုံးပုံစံဖြင့် ဆက်လက်တိုက်ပိတ်ထားဟုဆို

CoverLogo
262 Views
 
စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံစက်မှု၊ လက်မှု နှင့်ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF) ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကို မိသားစု တွေ ရှေ့နေတွေ နဲ့ ပါ တွေ့ဆုံခွင့် မပေးတဲ့ အပြင် အဆိုးရွားဆုံးပုံစံ ဖြင့် တိုက်ပိတ်ခံထားရ တယ်လို့ မြန်မာနိုင်ငံစက်မှု၊ လက်မှု နှင့်ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က ဇွန်လ ၁၈ရက်က သတင်းထုတ်ပြန်ကြေညာပါတယ်။
 
MICS-TUsF ရဲ့ အထွေထွေအတွင်းရေးမှုးချုပ် ဦးသက်နှင်းအောင်ကို ၂၀၂၁ခုနှစ် ဇွန်လ ၁၄/၁၅ရက်များ တွင် အဖွဲ့ချုပ် ရုံး များ အား အာဏာသိမ်းစစ်တပ်မှ ဝင်ရောက်စီးနင်း ရှာဖွေ မှု တွေ ပြုလုပ်ခံခဲ့ ရပြီး နောက် ဇွန်လ ၁၈ရက်တွင် ဖမ်းဆီးထိန်းသိမ်း မတရားအကျဉ်းချခံထားရတာမှာ ယနေ့ မှာ ၄ နှစ်ပြည့်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
 
လက်ရှိမှာ ဦးသက်နှင်းအောင်ကို မိသားစု ၊ ရှေ့နေ့ တို့ နဲ့ တွေ့ဆုံခွင့် ပိတ်ပင်ခံ ထားရပြီး အဆက်သွယ်ပြတ်တောက်နေကာ ထောင်အတွင်းနှိပ်စက်မှု များနဲ့ အဆိုးရွားဆုံး ပုံစံ ဖြင့် တိုက်ပိတ်ခံရတဲ့ အတွက် MICS-TUsF အဖွဲ့ချုပ်နဲ့ မိသားစုတွေက စိုးရိမ်ပူပန်လျက်ရှိတယ်လို့ ဆိုပါတယ်။
 
ဒါကြောင့် ဦးသက်နှင်းအောင် မတရားဖမ်းဆီးခံထားရမှု ကို အဖွဲ့ချုပ် ဝင်တွေ အားလုံးက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချ ပြီး အဖွဲ့ဝင်တွေ အားလုံးက ကျန်ရှိတဲ့ အလုပ်သမားထုတိုက်ပွဲ များနဲ့ဒီမိုကရေစီ အတွက်ဆက်လက်လုက်ဆောင်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
 
ဦးသက်နှင်းအောင် ဟာ ပြည်သူလူထုနဲ့ အလုပ်သမားထု အတွက် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်တာကြောင့် အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးပြီး အတင်းအဓမ္မ ပြစ်ဒဏ်ချမှတ် အကျဉ်းချခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

Related posts

Cover
General Textile (Myanmar) Apparel အထည်ချုပ် ပြည်တောင်စုနေ အလုပ်ဆင်းခိုင်း
Feb 09, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ်အလုပ်သမားများအား ဝန်ထမ်းတချို့ မှ ခွဲခြားဆက်ဆံ
Feb 09, 2026
Cover
Myanmar Zxi Xin အထည်ချုပ် စက်ရုံ အချိန်ပို အလွန်အကျွံခေါ်
Feb 08, 2026
Cover
Sudey အောစူပါက တရုံလုံး သူ အမိုက်ရိုင်းဆုံးလို့ ပြောပြီး ခြိမ်းခြောက်
Feb 08, 2026
Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026