NEWS

အလုပ်သမားခေါင်းဆောင် ဦးသက်နှင်းအောင်ကို အဆိုးရွားဆုံးပုံစံဖြင့် ဆက်လက်တိုက်ပိတ်ထားဟုဆို

CoverLogo
236 Views
 
စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံစက်မှု၊ လက်မှု နှင့်ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF) ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကို မိသားစု တွေ ရှေ့နေတွေ နဲ့ ပါ တွေ့ဆုံခွင့် မပေးတဲ့ အပြင် အဆိုးရွားဆုံးပုံစံ ဖြင့် တိုက်ပိတ်ခံထားရ တယ်လို့ မြန်မာနိုင်ငံစက်မှု၊ လက်မှု နှင့်ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က ဇွန်လ ၁၈ရက်က သတင်းထုတ်ပြန်ကြေညာပါတယ်။
 
MICS-TUsF ရဲ့ အထွေထွေအတွင်းရေးမှုးချုပ် ဦးသက်နှင်းအောင်ကို ၂၀၂၁ခုနှစ် ဇွန်လ ၁၄/၁၅ရက်များ တွင် အဖွဲ့ချုပ် ရုံး များ အား အာဏာသိမ်းစစ်တပ်မှ ဝင်ရောက်စီးနင်း ရှာဖွေ မှု တွေ ပြုလုပ်ခံခဲ့ ရပြီး နောက် ဇွန်လ ၁၈ရက်တွင် ဖမ်းဆီးထိန်းသိမ်း မတရားအကျဉ်းချခံထားရတာမှာ ယနေ့ မှာ ၄ နှစ်ပြည့်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
 
လက်ရှိမှာ ဦးသက်နှင်းအောင်ကို မိသားစု ၊ ရှေ့နေ့ တို့ နဲ့ တွေ့ဆုံခွင့် ပိတ်ပင်ခံ ထားရပြီး အဆက်သွယ်ပြတ်တောက်နေကာ ထောင်အတွင်းနှိပ်စက်မှု များနဲ့ အဆိုးရွားဆုံး ပုံစံ ဖြင့် တိုက်ပိတ်ခံရတဲ့ အတွက် MICS-TUsF အဖွဲ့ချုပ်နဲ့ မိသားစုတွေက စိုးရိမ်ပူပန်လျက်ရှိတယ်လို့ ဆိုပါတယ်။
 
ဒါကြောင့် ဦးသက်နှင်းအောင် မတရားဖမ်းဆီးခံထားရမှု ကို အဖွဲ့ချုပ် ဝင်တွေ အားလုံးက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချ ပြီး အဖွဲ့ဝင်တွေ အားလုံးက ကျန်ရှိတဲ့ အလုပ်သမားထုတိုက်ပွဲ များနဲ့ဒီမိုကရေစီ အတွက်ဆက်လက်လုက်ဆောင်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
 
ဦးသက်နှင်းအောင် ဟာ ပြည်သူလူထုနဲ့ အလုပ်သမားထု အတွက် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်တာကြောင့် အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးပြီး အတင်းအဓမ္မ ပြစ်ဒဏ်ချမှတ် အကျဉ်းချခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

Related posts

Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025
Cover
Haejii (Myanmar) apparel (အထည်ချုပ်) စက်ရုံ ခွင့်ရက်နှင့် ခွင့်ခံစားခွင့် မပေးဘဲ လစာဖြတ်နေ
Dec 18, 2025
Cover
Myanto Garment လစာအတွက် ဘဏ်ကတ် အတင်းအကျပ် လုပ်ခိုင်း
Dec 18, 2025
Cover
Saifeom International Garment Myanmar အထည်ချုပ်စက်ရုံ ပိတ်ရက်မရှိ လုပ်ကိုင်ခိုင်း
Dec 18, 2025
Cover
Myanmar LNY (2) ဦးထုတ်စက်ရုံက ဌာနပြောင်း လစာလျှော့ချမှုတွေ ပြုလုပ်နေ
Dec 16, 2025
Cover
Win Land Co,.Ltdစက်ရုံ မန်နေဂျာမှာ အလုပ်သမားများအား ရိုင်းစိုင်းစွာ ဆဲဆို
Dec 16, 2025
Cover
အလုပ်သမားဝန်ကြီး လာရောက်ပြီးနောက် အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံမည့် အရေး ရင်ဆိုင်နေရ
Dec 15, 2025