VIDEO

အလုပ်သမားခန့်ထားရာမှာ ကြားခံကုမ္ပဏီတွေအသုံးပြုကာ လုပ်သားအခွင့်အရေးလျှော့ချမှုတွေ့ရှိ

CoverLogo
383 Views

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ လာရောက်လုပ်ကိုင်နေတဲ့ နယ်သာလန်အခြေစိုက်  Heineken  ဘီယာ  စက်ရုံမှာဆိုရင် အလုပ်သမားကို တိုက်ရိုက်ခန့်ထားတာမလုပ်ဘဲ ကြားခံအေဂျင်စီက တဆင့်အလုပ်သမားခေါ်ပြီး လုပ်သက် ၆ လထက်ပိုမများစေတဲ့နည်းလမ်းအသုံးပြုကာ တာဝန်ယူမှုတာဝန်ခံမှုလျှော့ချတာ တွေ့မြင်ရတယ်လို့ MICS အဖွဲ့ချုပ် တာဝန်ရှိသူက ပြောပါတယ်။

"အလုပ်သမားတွေကို တိုက်ရိုက်ခန့်ထားတာ မလုပ်တော့ဘဲ ကြားခံအေဂျင်စီကတဆင့်ခေါ်ယူပြီး ကြားခံအေဂျင်စီကတဆင့် လစာပေးတဲ့စနစ်ကို ကျင့်သုံးတယ်။ ကြားခံအေဂျင်စီနဲ့ပဲ လူမှုဖူလုံရေးကြေးဆောင်ခိုင်းတာရှိတယ်။ ကြားခံအေဂျင်စီက တဆင့်ပဲအလုပ်သမားအခွင့်အရေးပေးခိုင်းတာတွေလုပ်တယ်။ ဥပမာ ခွင့်ရက် အလုပ်ပိတ်ရက်တွေပေးခိုင်းတာတွေ ဒါကို ကြည့်ခြင်းအားဖြင့် အလုပ်သမားဥပဒေရေးရာ အငြင်းပွားမှုဖြစ်တဲ့အခါမှာ အလုပ်ရှင်သည် ကြားခံအေဂျင်စီလို့ ပြောလို့ မရပါဘူး။ လုပ်ခပေးရန် တာဝန်ရှိသူက အလုပ်ရှင်ဖြစ်တယ်"လို့ MICS အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကပြောပါတယ်။ 

ဟန်နီကယ်ဟာ အပြည်ပြည်ဆိုင်ရာ အမှတ်တံဆိပ် (International Brand) တစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေရဲ့  ကျင့်ဝတ် (Code of Conduct) အရ အလုပ်သမားများအပေါ် ခွဲခြားဆက်ဆံမှုမပြုရန်၊  အလုပ်သမား အခွင့်အရေးများကို အသိအမှတ်ပြုရန် ကတိကဝတ်ပြုထားသော်လည်း လက်တွေ့မှာ  လိုက်နာမှုမရှိတဘူးဆိုတာကို အလုပ်သမားတွေရဲ့ တိုင်ကြားချက်အရ တွေ့မြင်နေရတာပါ။ 

ကြားခံအေဂျင်စီ (Third-party Agency) အသုံးပြုခြင်း ပြဿနာကြောင့် အလုပ်အကိုင်တည်မြဲခွင့် မရှိခြင်း- အလုပ်သမားများကို ကြားခံအေဂျင်စီများမှတစ်ဆင့် ခေါ်ယူပြီး (၆) လတစ်ကြိမ် စာချုပ်အသစ်များ ပြန်လည်ချုပ်ဆိုခြင်းကြောင့် အလုပ်သမားများ၏ လုပ်သက်မှာ အမြဲတမ်းအသစ်ဖြစ်နေပြီး အလုပ်အကိုင်တည်မြဲမှုအတွက် စိုးရိမ်နေရခြင်း။

ခွဲခြားဆက်ဆံခံရခြင်း- ပင်မကုမ္ပဏီဝန်ထမ်းများနှင့် ကြားခံအေဂျင်စီမှ ဝန်ထမ်းများအကြား လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုများ။

အလုပ်ချိန်၊ လစာ၊ အချိန်ပို (OT) နှင့် လူမှုဖူလုံရေးကိစ္စရပ်များတွင် ချိုးဖောက်မှုများရှိနေပြီး၊ အလုပ်သမားအချို့သည် မိမိတို့၏ လစာပေးစလစ် (Pay Slip) ကိုပင် လက်ခံရရှိခြင်း မရှိကြတာကို တွေ့ရတယ်လို့ MICS အဖွဲ့ချုပ် တာဝန်ရှိသူက ပြောပါတယ်။

အလုပ်သမားတွေအတွက်ကတော့  လုပ်သက်တိုတောင်းပြီး ခွဲခြားဆက်ဆံခံရတာ၊ တာဝန်ယူမှုမရှိတာ၊ လူမှုဖူလုံရေးဆိုင်ရာနစ်နာချက်များနဲ့ အလုပ်အကိုင်တည်မြဲရေး စိန်ခေါ်မှုတွေကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်ခံနေရတာက မြန်မာနိုင်ငံမှာ လုပ်ငန်းလည်ပတ်နေပေမယ့် မြန်မာလုပ်သားတွေအတွက် အကျိုးစီးပွား ရရှိမှု အားနည်းတာကို ပြသနေပါတယ်။ 

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ MICS အနေနဲ့  နယ်သာလန်နိုင်ငံရှိ ဟန်နီကယ်မိခင်ကုမ္ပဏီနှင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံရှိ တာဝန်ရှိသူများနှင့်သော်လည်းကောင်း တွေ့ဆုံဆွေးနွေးရန် လိုလားနေပြီး အလုပ်သမားတွေကို ကြားခံအေဂျင်စီမှတစ်ဆင့် စီမံခန့်ခွဲခြင်းကို ရပ်တန့်ပြီး မိခင်ကုမ္ပဏီမှ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် တိုက်ရိုက်ဆောင်ရွက်ပေးရန် တောင်းဆိုထားပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026