NEWS

အလုပ်ပြောင်း၊ သူဌေးပြောင်း မည့် လုပ်သားများ အလုပ်ပြောင်းစာ ဘိုင်ကျန့်အော် ထုတ်စရာမလိုတော့ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်

CoverLogo
360 Views
 
ထိုင်းနိုင်ငံရှိ မြန်မာအပါအ၀င်နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ အလုပ်ပြောင်း သူဌေးပြောင်း လိုပါက ယခင်လို အလုပ်ပြောင်းစာ ဘိုင်ကျန့်အော်မလိုတေ့ာဘဲ အလုပ်ရှင်အသစ်ထံ ပြောင်းလဲလုပ်ကိုင် နိုင်ပြီ လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန နိုင်ငံခြားအလုပ်သမားညွှန်ကြားမှုဦးစီးဌာန ရုံးမှ ဩဂုတ်လ ၂၀ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
 
အလုပ်ခန့်ထားမှုဦးစီးဌာန ထံ အလုပ်ရှင်/စက်မှုလုပ်ငန်းများနှင့် နိုင်ငံခြားသားများထံမှ တိုင်ကြားချက်အရ ခရိုင်အလုပ်အကိုင်ရှာဖွေရေးရုံးတွေနဲ့ ဘန်ကောက် အလုပ်အကိုင်ရှာဖွေရေးရုံးတွေမှာ နိုင်ငံခြားသား အလုပ်သမားများ အလုပ်ရှင်ပြောင်းလဲရာတွင် ယခင်အလုပ်ရှင်ထံမှ ထွက်ခွာကြောင်း စာရွက်စာတမ်းများ တောင်းခံနေသည်ကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
 
အဆိုပါ ကိစ္စနှင့်ပတ်သက် ပြပြီး နိုင်ငံခြားသား အလုပ်အကိုင် စီမံခန့်ခွဲမှုဆိုင်ရာ တော်ဝင်အမိန့် (B.E. 2560) အရ နိုင်ငံခြားသား အလုပ်သမား တစ်ဦး ရဲ့ အလုပ်ရှင် ပြောင်းလဲမှုအတွက် ယခင်အလုပ်ရှင်ထံမှ ထွက်ခွာကြောင်း စာရွက်စာတမ်း များ တောင်းခံရန် မလိုအပ်ကြောင်း ညွှန်ကြားရေးမှူးချုပ်ရုံးမှ ရှင်းလင်းအသိပေးထားတယ်လို့ဆိုပါတယ်။
 
"ကျန့်အော်မလိုတော့ဘဲ အလုပ်ပြောင်းလို့ရပြီဆိုတော့ အလုပ်သမားတွေ အတွက်အတော်အဆင်ပြေသွားတာပေါ့ ငွေကုန်ပေါက် လမ်းတစ်ခုလျော့သွားပြီ ကျွန်တော်တုန်းက ဘိုင်ကျန့်အော်ထုတ်တာ ဘတ် ၁၀၀၀ တောင်ပေးခဲ့ရတယ် ""လို့ ထိုင်းရောက် ​မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဘိုင်ကျန့်အော်ထုတ်ခြင်း ကို ယခင်အလုပ်ရှင်ဟောင်းက ဆောင်ရွက်ရမှာ ဖြစ်ပြီး ကျန့်ခေါက်ခြင်း ကိုတော့အလုပ်ရှင် အသစ်ထံ အလုပ်စဝင်သည့်နေ့မှ စပြီး ၁၅ရက်အတွင်း ဆောင်ရွက်ပေးရမယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ယခုထုတ်ပြန်ချက်ဟာ သက်တမ်းတိုးထားတဲ့ အမည်စာရင်းစာရွက်ရရှိပြီးသူတွေနဲ့ဘတ်အသစ်ရိုက်ထားသူတွေ သာ အကျုံးဝင်ပြီး MOU ဖြင့်လာရောက်သူတွေ အတွက် အကျုံးမဝင်ကြောင်း သိရပါတယ်။

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026