NEWS

အလုပ်ပြောင်းသည့် အလုပ်သမားများအား အလုပ်မခန့်ရန် အလုပ်ရှင်က လိုက်လံ ပြောဆို

CoverLogo
1.1K Views

ဖယ်ရီကားမပေးတာကြောင့် အလုပ်သမား ၇၀ အလုပ်ပြောင်းခဲ့သည့် စက်ရုံကို လိုက်လံပြီး အလုပ်မခန့်ဖို့ အလုပ်ရှင်ဟောင်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်က IMPAK GEAR အထည်ချုပ်စက်ရုံက အလုပ်သမား ကြီးကြပ်သူ၊ ခေါင်းဆောင်တွေနဲ့ အလုပ်သမား ၇၀ လောက်ဟာ အဲဒီ စက်ရုံမှာ ၃ လခန့် အလုပ် လုပ်ကိုင်ခဲ့ပြီးနောက်က  ဩဂုတ်လကုန် ဖယ်ရီကားမပေးနိုင်ကြောင်း ပြောကြားခဲ့ရာ အလုပ်သမား တွေက ဆက်လက်လုပ်ကိုင်ဖို့ အဆင်မပြေတာကြောင့် အလုပ်ပြီးစီးအောင်လုပ်ကိုင်ပြီး လကုန် အလုပ်ထွက်မယ်လို့ ပြောထားခဲ့တယ်လို့  Solidarity of Trade Unions Myanmar မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အလုပ်သမားတွေကလည်း စက်တင်ဘာလ ၃၀ ရက်မှာ အလုပ်အား အားလုံးပြီးစီးတဲ့ အတွက် လုပ်ခ လစာ ထုတ်ပြီး တရားဝင်နုတ်ထွက်စာတင်ခဲ့တယ်လို့လည်း သိရပါတယ်။ အလုပ်သမားတွေက  IMPAK GEAR အထည်ချုပ်စက်ရုံက အလုပ်ထွက်ပြီး ဒီရှင်း မြန်မာအထည်ချုပ်စက်ရုံမှာ အလုပ်လျှောက်ခဲ့ရာ   စက်တင်ဘာလ ၁၂ ရက်မှာ အလုပ်ဆင်းဖို့  သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

IMPAK GEAR အလုပ်သမားဟောင်းတွေက ဒီရှင်းမြန်မာအထည်ချုပ်စက်ရုံမှာ အလုပ်ဆင်းပြီး အလုပ်လုပ်နေစဉ် IMPAK GEAR အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်ရောက်လာပြီး အလုပ်သမားတွေကို အလုပ်မခန့်ဖို့ ပြောဆိုတာကြောင့် အလုပ်လုပ်နေတဲ့ အလုပ်သမား တွေကို ဒီရှင်းစက်ရုံက  ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။  

IMPAK GEAR အထည်ချုပ်စက်ရုံမှာ ကိုယ်ပိုင် Brand ချုပ်လုပ်တာ မရှိသေးဘဲ Sheng Mei Garment စက်ရုံက အထည်တွေကို ကိုယ်စားယူ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။

MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026