NEWS

အလုပ်ပြန်ခန့်သည့် စာချုပ် ချုပ်ခဲ့ပြီး ၃ ရက်အကြာမှာ အလုပ်သမားအား Myanmar L&K စက်ရုံက အလုပ်ထုတ််

CoverLogo
661 Views
 
Myanmar L&K စက်ရုံမန်နေဂျာဆိုသူက အလုပ်ပြန်ခန့်ပါ့မယ်ဆိုပြီး အလုပ်သမားဦးစီးမှူး ရှေ့မှာ စာချုပ် ချုပ်ခဲ့ပြီးနောက် ၃ ရက်အကြာမှာ အလုပ်သမားကို နို့တစ်ပေးပြီး ထပ်မံ အလုပ်ထုတ်လိုက်တယ်လို အလုပ်သမား တဦးက ပြောပါတယ်။
 
“ ဦးစီးမှူးက အလုပ်ထုတ်ဖို့ ဆိုရင် နို့တစ်ပေးပြီး အလုပ်ထုတ်နိုင်တယ်ဆိုပြီး ကျွန်မ ရှေ့မှာပဲ ပြောခဲ့တယ်၊ အဲဒီအတိုင်း မန်နေဂျာက လိုက်လုပ်ခဲ့တာ” လို့ နို့တစ်နဲ့ အလုပ်ထုတ်ခံထားရဲ့ အလုပ်သမားတဦးက ပြောပါတယ်။
 
ညှိနှိုင်းဖြေရှင်းမှု ကြားကာလအတွက် လုပ်ခလစာ ပေးဖို့ ညှိနှိုင်းစဉ် အခုလို ပြောဆိုခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။ပြီးခဲ့တဲ့ မတ်လအတွင်း တနင်္ဂနွေ အလုပ်ပိတ်ရက်မှာ လုပ်ခလစာမပေးဘဲ ခိုင်းစေခဲ့တာကို အလုပ် မဆင်းခဲ့တဲ့ အောစူပါ အပါအဝင် အလုပ်သမား ၆ ဦးကို စက်ရုံပိုင်ရှင် ကိုရီးယားအမျိုးသား အလုပ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် အလုပ်သမားတွေက တိုင်ကြားခဲ့ရာမှာ အလုပ်ပြန်ခန့်ဖို့ အလုပ်သမားရုံးမှာပဲ စာချုပ်ချုပ်ဆိုပြိး ကြားကာလအတွက် လုပ်ခလစာရရှိရေး ညှိနှိုင်းခဲ့တာလို့ သိရပါတယ်။
 
“ကျွန်မတို့ကို ကြားကာလ အတွက် လုပ်ခလစာ ပေးဖို့ ညှိတယ်။ အလုပ်သမားတွေကို ဦးစီးမှူးက ဥပဒေအတိုင်း ကြားကာလအတွက် လုပ်ခပေးဖို့ကို ရက်တွေလျှော့ခိုင်းခဲ့တယ်။ အဲဒါနဲ့ ကျွန်မတို့ဘက် က ၃ ရက် လုပ်ခလစာ မရဘူး ဖြစ်သွားတယ်။ “ လို့ အဲဒီ အလုပ်သမားက ဆက်ပြောပါတယ်။
 
အလုပ်သမားရုံးမှာဖြေရှင်းမှာ ကြားကာလ လုပ်ခလစာအတွက် ရက်တွေလျှော့ပေးခဲ့ရသလို၊ ရာထူးချ လုပ်ခ လျှော့ချဖို့ကိုလည်း စက်ရုံမန်နေဂျာဆိုက အလုပ်ရှင်ကိုယ်စား ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မူရင်းလစာ ၁၀ သိန်းနီးပါးနဲ့ အလုပ်ရှင် ကိုရီးယားကိုယ်တိုင် အလုပ်ခန့်ခဲ့တာလို့ နို့တစ်ပေးခံထားရတဲ့ အောစူပါက ပြောပါတယ်။
 
“အလုပ်သမားဦးစီးမှူးရှေ့မှာ ကြားကာလ နစ်နာကြေးလျှော့ပေးဆို လျှော့ပေးရတယ်၊ ရာထူးချမယ်ဆိုတာလည်း ပြောတယ်၊ ရာထူးချမယ်ဆိုရင် လစာ ပြန်ညှိပေးဖို့ ဦးစီးမှူးက ပြောထားတယ်၊ ဒါလည်း လုပ်မပေးဘူး။ ဒါကို အလုပ်သမားရုံးမှာ ပြောထားတာတွေက တရားမဝင်ဘူး၊ L&K စက်ရုံက စကားကပဲ အတည်ဆိုပြီး ပြောတယ်။ နောက် ၃ ရက်လောက်နေ နို့တစ်စာ ထုတ်ပေးလာတယ်၊ ကျွန်မက လက်မခံထားဘူး” လို့ အဲ့ဒီ အလုပ်သမားက ပြောပါတယ်။
 
Myanmar L&K Fashion စက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၁ ၊ ဦးရွှေဘင်လမ်းမှာ ရှိပြီး လုပ်သား ၁၀၀ ဝန်းကျင်နဲ့ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ အလုပ်သမားရုံးမှာ အငြင်းပွားမှုတွေကို ဖြေရှင်းပြီးနောက် အလုပ်ထုတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး အလုပ်သမားရေး ဆောင်ရွက်ပေးနေသူက အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။
 
“ဒီလို ဥပဒေမဲ့ ညှိနှိုင်းမှုတွေဟာ ဘယ်လိုမှ လက်ခံပေးလို့မရတဲ့ အရာတွေပါ။ နိုင်ငံခြားသား အလုပ်ရှင် တွေက မြန်မာနိုင်ငံက ဥပဒေတွေကို မလေးစား မလိုက်နာဘဲ၊ ဥပဒေတွေကို အခုလို ပြောင်ပြောင် တင်းတင်း ချိုးဖောက် နေကြတွေက အလုပ်သမားရုံးက တာဝန်ရှိ ပုဂ္ဂိုလ်တွေကိုယ်တိုင် အလုပ်သမား ဥပဒေတွေ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိတာကြောင့်လို့ ထင်မြင်မိပါတယ်။” လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူက ပြောကြားထားပါတယ်။
 
Myanmar L&K Fashion စက်ရုံ ဖွင့်လှစ်တာ ၄ လဝန်းကျင်သာ ရှိသေးပြီး လက်ရှိ ကိုယ်ပိုင်တံဆိပ် ချုပ်လုပ်တာ မရှိဘဲ တခြားစက်ရုံက တံဆိပ်မျိုးစုံကို လက်ခစား ချုပ်လုပ်ပေးနေတယ်လို့ သိရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026