NEWS

အလုပ်နားရက် မရတော့တဲ့ အခြေအနေဖြစ်နေလို့ အကူအညီတောင်းခံ

CoverLogo
348 Views
 
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ ၊ ဆိပ်ကမ်းသာလမ်း မှာဖွင့်လှစ်ထားတဲ့ Casico Garment Limited မှာ အလုပ်နားရက်မရဘဲ အချိန်ပိုတွေ အတင်းအကျပ် ခိုင်းစေနေတာကြောင့် အခက်အခဲဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နဲ့စက်မှုလက်မှုအလုပ်သမား များအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းခံထားပါတယ်။
 
ဒါ့အပြင် လုပ်ငန်းခွင်အတွင်း ချုပ်လုပ်ရတဲ့အထည်စံချိန်ကို ချုပ်လုပ်နိုင်တာထက်ပိုမိုသတ်မှတ်ထားပြီး မန်နေဂျာကိုယ်တိုင် ဆဲဆိုခိုင်းစေနေတာကြောင့် ဂုဏ်သိက္ခာမဲ့စွာ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေကပြောထားပါတယ်။
 
"အလုပ်ချိန်က မနက် ၈ နာရီကနေ ည ၇ နာရီအထိ ပုံမှန်ဆင်းရပါတယ်။ အချိန်ပိုအိုတီကိုတော့ ည ၉ နာရီကနေ ၁၂ နာရီအထိ ဆင်းရပြီး အောနိုက် အောလင်း ( ညလုံးပေါက်) ဆင်းရတာလည်းရှိတယ်။ အချိန်ပိုခေါ်ရင် ငြင်းဆန်ခွင့်မရှိဘူး။ မဆင်းရင် ဆဲတယ် အငြှိုးအတေးထားပြီး ခွဲခြားဆက်ဆံတယ် " လို့ အဲ့ဒီလုပ်ငန်းခွင်က အလုပ်သမားကပြောပါတယ်။
 
ဒါ့အပြင် ကြားရက်တွေဖြစ်တဲ့ စနေ နေ့မှာ အောလင်း၊ အောနိုက် ( တနေ့လုံးနှင့် တညလုံး) အလုပ်ဆင်းရတဲ့အပြင် တနင်္ဂနွေနေ့ကိုပါ အနားမပေးဘဲ အချိန်ပိုဆင်းနေရလို့ နားချိန်မရဘူးလို့ အလုပ်သမားတွေကပြောပါတယ်။
 
"အလုပ်သမား ၄၀ ကျော်ရှိတဲ့ စက်လိုင်းတလိုင်းမှာ တနာရီကို ဝယ်လွန် အထည် ၆၀ အထိ ချုပ်ဖို့ သတ်မှတ်ထားတယ်၊ စက်ချုပ်သမားတယောက်ကို ပွိုင့်သုံးပွိုင့်၊ လေးပွိုင့်အထိချုပ်ရတယ် တောင်းတဲ့အထည်မရရင် စူပါ၊ လီဒါ တွေကနားမခံနိုင်အောင်ဆဲပါတယ်။ဆဲဆိုပြီးချုပ်ခိုင်းတာပေါ့။ စက်လိုင်းမန်နေဂျာကိုယ်တိုင် အချိန်ပိုတွေမတရားခေါ်ပြီး စံချိန်ကိုမရရအောင် ဆဲဆိုပြီးချုပ်ခိုင်းတာ စားဝတ်နေရေး ကိစ္စရှိလို့ ငြိမ်ခံပြီးလုပ်နေရတယ် တကယ်ဆို မဆဲဘဲနဲ့ လည်း ခိုင်းလို့ ရပါတယ် နားရက်လည်းပေးစေချင်တယ်"လို့ အလုပ်သမားကပြောပါတယ်။
 
ဒေးကြေးပေးရာမှာလည်း တန်းတူမပေးဘဲ ၄၈၀၀ ကျပ်၊ ၅၈၀၀ ကျပ် နှင့် ၆၈၀၀ ကျပ် အသီးသီးသတ်မှတ်ပေးထားပြီး အကူလုပ်သားတွေကိုတော့ ၄၈၀၀ ကျပ်သာပေးချေတယ်လို့ ဆိုပါတယ်။
 
လုပ်ငန်းခွင်မှာ အလုပ်သမား ဥပဒေပါခံစားခွင့်တွေဖြစ်တဲ့ ရှောင်တခင်ခွင့် ၊ ဆေးခွင့် တွေမရဘဲ အလုပ်တရက်ပျက်ပါက ဒေးကြေး၊ ရက်မှန်ကြေး စုစုပေါင်း ၆၀၀၀၀ ကျပ် ဖြတ်တောက်ခံရတာကြောင့် နစ်နာနေရတယ်လို့ လည်း အလုပ်သမားတွေကပြောထားပါတယ်။
 
အဆိုပါ စက်ရုံက ကိုရီးယားနိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၄၀၀ ကျော်နဲ့ musinsa standard, Spao, Head စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။
 
အလုပ်သမားတွေအနေနဲ့ အခုလို လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေအပေါ် တိုင်ကြားဖို့အခက်အခဲရှိနေပြီး မီဒီယာတွင် သတင်းဖော်ပြပြီးနောက် အလုပ်သမားအရေးစစ်ဆေးသူတွေလုပ်ငန်းခွင်ထဲလာရောက်စစ်ဆေးပေမယ့် နောက်ပိုင်းမှာ ချိုးဖောက်မှု ဆဲဆိုမှုတွေပိုဆိုးလာတယ်လို့ ပြောထားပါတယ်။
 
အခုလို လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေကို အလုပ်ရှင် အလုပ်သမား မျှတမှုရှိစွာ ညှိနှိုင်းဖြေရှင်းပေးဖို့ အလုပ်သမားတွေက လိုလားနေပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်အနေနဲ့
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော အထည်စံချိန်ကိုသာတောင်းခံရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များခံစားခွင့်ပေးရန်။
၃။ အလုပ်ရှင်ဘက်မှ စူပါ၊ လီတာများမှ နားမခံနိုင်အောင် ဆဲဆိုပြီး စံချိန်များကိုတောင်းခံခြင်း မပြုလုပ်ရန်။
၄။ ထုတ်လုပ်ရေး မန်နေဂျာမှ စံချိန်တောင်းရာတွင် အလုပ်သမားများကို ဆဲဆိုခြင်းမပြုလုပ်ရန်။
၅။ အလုပ်ရှင်ခေါ်သော အချိန်ပိုအိုတီကို မဆင်းလျင်လည်း ဆဲဆိုခြင်း အငြိုးအတေးထားခြင်း၊ ခွဲခြားဆက် ဆံခြင်းမပြုလုပ်ရန်။
၆။ အလုပ်ရှင်ဘက်က အလုပ်သမားများကို ဒေးကြေးခွဲခြားပြီးမပေးရန် တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

Related posts

Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026