NEWS

အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သာများ နစ်နာကြေး လုပ်အားခများ ပြန်ရ

CoverLogo
332 Views
 
ထိုင်းနိုင်ငံ၊ ချာချင်ဆောင်ခရိုင်က ကော်အရည်ကျိုစက်ရုံမှာ မြန်မာအလုပ်သမား ၁၉ ဦး အလုပ် ထုတ်ခံရတာကြောင့် နစ်နာကြေးရရှိဖို့ NUG အလုပ်သမားဝန်ကြီးဌာနနဲ့ MHACမဟာမိတ်အဖွဲ့တို့က ကူညီဖြေရှင်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ပြီးခဲ့တဲ့ ဧပြီ လ ၂၉ရက်က မြန်မာလုပ်သား ၁၉ဦး အလုပ်ထုတ်ခံခဲ့ရတာ ဖြစ်ပြီး လုပ်အားခကျန်ငွေ နဲ့ နစ်နာကြေးတွေ ပြန်လည်ရရှိဖို NUG အလုပ်သမားဝန်ကြီးဌာနဆီ အကူအညီတောင်းလာတဲ့ အတွက် ချာချင်ဆောင် မြို့နယ်၊ အလုပ်သမားကူညီရေးရုံး (ဆဝါဒီကန်ရုံး)မှာ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ MHAC အဖွဲ့တိုက အလုပ်ရှင်ကို အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
 
ဒီလို တိုင်ကြားခဲ့ပြီးနောက် မေလ ၂၈ ရက်မှာ လုပ်အားခကျန်ငွေတွေ၊ နစ်နာကြေးနဲ့ အထောက် အထား စာရွက်စာတမ်းတွေကို ဆဝါဒီကန်ရုံးမှာပဲ အလုပ်ရှင်က အလုပ်သမားတွေကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
 
"ရွှေ့ပြောင်းအလုပ်သမားတွေ သိထားရမှာက အလုပ်ထုတ်ခံရရင် အထူးသဖြင့် နှစ်ကြီးသမားတွေ အနေနဲ့ စက်ရုံက မလိမ့်တပတ်နဲ့ အလုပ်ထုတ်ခဲ့ရင် ကိုယ်မသိနားမလည်တဲ့ စာတွေကို လက်မှတ် မထိုးကြဖို့ လိုတယ်"လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ MHACမဟာမိတ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
ပြည်ပရောက် မြန်မာလုပ်သားတွေ အနေနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်ပေါ်က အမျိုးသားညီညွတ်ရေး အစိုးရအလုပ်သမားဝန်ကြီးဌာန ရဲ့ Email address - complaint@ molmyanmar.org နဲ့ ထိုင်း ဖုန်းနံပါတ် +66 969801067 ၊ +66 969801346 ၊+66 953950769 နဲ့မလေးရှားနိုင်ငံ ဖုန်းနံပါတ် +6011-1675 4215 ၊+60 1162167739၊ +60 109660273 တို့ကို တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026