NEWS

အလုပ်တစ်ရက်ပျက်ရင် ၅၀၀၀၀ ကျပ် အထိဖြတ်တဲ့အပြင် Hesheng ပိုက်ဆံအိတ်ချုပ်စက်ရုံမှလုပ်သားအခွင့်အရေးချိုးဖောက်မှု့များ

CoverLogo
3.2K Views

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၊ စက်မှု့ဇုန်အမှတ် (၁)မှာလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် Hesheng Myanmar ပိုက်ဆံအိတ်ချုပ်စက်ရုံမှာလုပ်သားများအပေါ်အခွင့်အရေးချိုးဖောက်
တာတွေအပြင် လုပ်အားခေါင်းပုံဖြတ်တာတွေရှိနေတယ်လို့အလုပ်သမားတွေက Myanmar Labour News ကိုပြောပါတယ်။

အဆိုပါစက်ရုံမှာအလုပ်သမမိန်းကလေးငယ်များအပေါ်အလုပ်သမားအခွင့်အရေးချိုးဖောက်မှု့များ၊ လုပ်အားခခေါင်းပုံဖြတ်မှု့များ၊ မတရားနှိပ်ကွပ်မှု့များပြုလုပ်နေတယ်လို့အလုပ်သမားတွေဖက်ကMLNကိုပြောပါတယ်။

-နေ့စဥ်ညနက်တဲ့အထိအိုတီခေါ်ယူခြင်း

Hesheng Myanmar စက်ရုံမှစက်ရုံအလုပ်သမားတွေကိုနေ့စဥ်ည၉နာရီ၊ ၁၁နာရီကနေ၁၂နာရီအထိမဆင်းမနေရပုံစံမျိုးနဲ့အိုတီဆင်းခိုင်းနေတယ်လို့အလုပ်သမားတွေဖက်ကပြောပါတယ်။

"လူသစ်တွေဆိုတနာရီ၆၅၀လူဟောင်းဆို၁၂၀၀ နေ့စဥ်ရက်ဆက်ကိုခေါ်တာကျမတို့မှာဘယ်လိုမှနားရတယ်ကိုမရှိဘူး"လို့အလုပ်သမားတဦးကပြောပါတယ်။

ဒီလိုနေ့စဥ်နဲ့အမျှအိုတီခေါ်ယူနေတာလပေါင်းများစွာရှိနေပြီဖြစ်ပေမယ့်နားရက်ယူရင်ဆင်းထားတဲ့အိုတီကြေးကိုစက်ရုံဖက်ကမပေးဘူးလို့သိရပါတယ်။

-လုပ်အားခခေါင်းပုံဖြတ်ခြင်း(သို့မဟုတ်)တစ်ရက်ပျက်ကျပ်ငါးသောင်း

အိုတီတွေနေ့စဥ်နဲ့အမျှခေါ်ယူနေတာကြောင့်တခါတလေခွင့်ယူမယ်ဆိုရင်စက်ရုံဖက်ကရက်ပျက်ခအဆမတန်ဖြတ်တောက်ပြီးအလုပ်သမားတွေအပေါ်လုပ်အားခခေါင်းပုံဖြတ်တာတွေပါရှိနေတယ်လို့အလုပ်သမားတွေဖက်ကပြောပါတယ်။

"QC ရာထူးနဲ့ လုပ်နေတဲ့ အလုပ်သမတယောက် စက်ရုံအနီးတွင် ဆိုင်ကယ်တိုက်မိသည့်အတွက် ဆေးခွင့်ဖြင့် စက်ရုံကိုအသိပေးပြီး တစ်ရက်အနားကို ရက်ပျက်ကြေး ၅၀၀၀၀ ဖြတ်တယ်ခုဟာကပေါ်ပေါ်တင်တင်ပဲတစ်ရက်ပျက်ရင်ငါးသောင်းဖြတ်တာ"လို့အလုပ်သမားတွေကပြောပါတယ်။

သုံးလမပြည့်သေးတဲ့အလုပ်သမားတွေကတရက်ကို၂၇၀၀နှုန်း၊ လူဟောင်းအလုပ်သမားတွေကတော့တရက်၄၈၀၀နှုန်းထားနဲ့လုပ်ကိုင်နေရတဲ့အချိန်မှာစက်ရုံဖက်ကအခုလိုရက်ပျက်ကြေးအဆမတန်ခေါင်းပုံဖြတ်တဲ့အတွက်အလုပ်သမားတွေအခက်တွေ့နေကြရတာပါ။

ဒါ့အပြင်ညဆိုင်း OT ကြေးများထုတ်သည့်နေ့တွင် ဖျားနာနေလို့ ခွင့်ယူမိသည့်အတွက် နောက်ရက်တွင် သွားရောက်လုပ်ခကြေးတောင်းရာ ပေးသည့်နေ့တွင်မလာသဖြင့် မပေးနိုင်တော့ကြောင်း ပြောဆိုပြီးအိုတီကြေးမပေးတာတွေလဲကြုံနေကြရတယ်လို့အလုပ်သမားတွေဖက်ကပြောပါတယ်။

-အစာအဟာရလုံလောက်အောင်မကျွေးဘဲခိုင်းစေခြင်း

စက်ရုံဖက်ကအလုပ်သမားတွေအပေါ်နေ့စဥ်နဲ့အမျှနေ့လည်ခင်းနဲ့ညအချိန်ပိုခိုင်းစေချိန်တွေမှာအစာအဟာရလုံလောက်အောင်မကျွေးမွေးပဲခိုင်းစေနေတာတွေလဲရှိနေတယ်လို့သိရပါတယ်။

"နေ့လည်ခင်းဆိုလဲထမင်းကြော်နဲနဲလေးကြွေးတယ်ညဆိုလဲကြက်ဥကမဖြစ်စလောက်ပါတဲ့ထမင်းကြော်ကြွေးတာကျမတို့မှတနေကုန်ထိုင်ရာမထလုပ်ရတာဗိုက်ဆာဆာနဲ့ပဲ"လို့အဆိုပါစက်ရုံမှာလုပ်ကိုင်နေတဲ့ပလုပ်သမတဦးကပြောပါတယ်။

အလုပ်ချိန်များပြားလွန်းတဲ့အတွက်အိမ်မှာချက်ချိန်ပြုတ်ချိန်မရှိတဲ့အလုပ်သမအများစုဟာအခုလိုအစာအဟာရလုံလောက်စွာမစားရပဲဆက်လက်အလုပ်လုပ်ကိုင်နေကြရတယ်လို့အလုပ်သမားအများစုရဲ့ပြောကြားချက်တွေအရသိရပါတယ်။

-အလုပ်သမများလုံခြုံမှု့အတွက်တာဝန်ယူတာဝန်ခံမှု့မရှိခြင်း

Hesheng Myanmarစက်ရုံအလုပ်သမတွေဟာစက်ရုံဖက်ကညနက်တဲ့အထိအိုတီခေါ်ယူတာကြောင့်နေ့စဥ်နဲ့အမျှစက်ရံမှာအိပ်ပြီးမနက်၄နာရီဝန်းကျင်မှမိမိနေထိုင်ရာအဆောင်၊အိမ်တွေကိုပြန်ကြရပါတယ်။

အဲ့ဒီလိုပြန်တဲ့အချိန်တွေမှာစက်ရုံဖက်ကဖယ်ရီကြိုပို့မစီစဥ်ပေးတာကြောင့်လမ်းမှာလုယက်ခံရတာတွေအပြင်စက်ရုံကအလုပ်သမတဦးမှာဆိုင်ကယ်၊ကယ်ရီမောင်းသူတဦးရဲ့အဓမ္မပြုကျင့်ခြင်းပါခံခဲ့ရတဲ့အထိဖြစ်ပွားခဲ့တယ်လို့အလုပ်သမားတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။

"ကောင်မလေးကတော့ဘယ်မှတိုင်မရပဲရှက်လို့အလုပ်ထွက်ပြီးရွာပြန်သွားပြီကျမတို့မှာနေ့စဥ်နဲ့အမျှမလုံခြုံတော့ဘူးပြန်ရတဲ့အဲ့ဒီ့အချိန်ကလဲမှောင်နေတုန်းဆိုတော့လုမယ့်ယက်မယ့်သူတွေကချောင်းနေတာမိန်းကလေးတယောက်ထဲဆိုဘယ်လိုမှအဆင်မပြေဘူးလေ"

ဒီကိစ္စတွေအတွက်စက်ရုံဖက်ကဘာမှအာမခံချက်နဲ့တာဝန်ယူမှု့လုံးဝမရှိတဲ့အတွက်အထက်ပါစက်ရုံရဲ့အလုပ်သမားအများစုဟာလုံခြုံမှု့ကင်းမဲ့စွာနဲ့ဆက်လက်ပြီးအလုပ်ဆင်းနေရပါတယ်။

-စစ်ကောင်စီနဲ့ပူးပေါင်းပြီးအလုပ်သမားများအပေါ်မတရားစစ်ဆေးဖမ်းဆီးနေခြင်း

Hesheng Myanmar စက်ရုံရဲ့ မန်နေဂျာအမျိုသမီးသည် တရုတ်သူဌေးကို မျက်နှာလိုမျက်နှာရလုပ်ပြီး အလုပ်သမားအခွင့်အရေးများ၊ လုပ်အားခများ ဖောက်ဖျက်ခေါင်းပုံဖြတ်ခြင်းများ ပြုလုပ်နေသည့်အပြင် အကြမ်းဖက်စစ်ကောင်စီနှင့်ပါ ပူးပေါင်းပြီး အလုပ်သမားများအား ဖိနှိပ်တာတွေပြုလုပ်နေတယ်လို့အလုပ်သမားတွေရဲ့ပြောကြားချက်အရသိရပါတယ်။

"စစ်တပ်ကိုခေါ်လာပြီးစက်ရုံအဝင်အဝမှာလက်ကိုင်ဖုန်းစစ်ပြီးဖမ်းခိုင်းတယ်စက်ရုံထဲမှာစစ်တပ်ကိုဆန့်ကျင်တဲ့သဘောထားရှိတဲ့အလုပ်သမားတွေကိုဖိနှိပ်တယ်အဲ့ဒီ့အမျိုးသမီးကတော်တော်ဆိုးပါတယ်"

ဒါ့အပြင်စက်ရုံမှာလုပ်နေတဲ့ရာထူးကြီးပိုင်းများအတွင်း အခွင့်အရေးမျှဝေခံစားပြီး Supervisor များအား လုပ်ခလစာနှင့် အခွင့်အရေးများ အနည်းငယ်တိုးပေးပြီး သာမာန်ဝန်ထမ်းများအား ဖိနှိပ်ခေါင်းပုံဖြတ်ခြင်း၊ တနေ့တာလုပ်အားခ ၃၆၀၀ သာပေးပြီး ခေါင်းပုံဖြတ်နေတယ်လို့အလုပ်သမားတွေဖက်ကပြောပါတယ်။

-လုပ်သားအခွင့်အရေးချိုးဖောက်ပြီးလုပ်အားခခေါင်းပုံဖြတ်နေတဲ့Heshengစက်ရုံရဲ့ထုတ်ကုန်များ

Hesheng Myanmar စက်ရုံဟာအီတလီအမှတ်တံဆိပ်တခုဖြစ်တဲ့ Guess အမှတ်တံဆိပ်ပိုက်ဆံအိတ်တွေ၊ ခါးပတ်တွေ၊ လက်ကိုင်အိတ်တွေအဓိကထားချုပ်လုပ်ပြီးဥရောပစျေးကွက်ကိုတင်ပို့နေတာဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင်စက်ရုံမှာရံဖန်ရံခါဆိုသလိုတရားဝင်ရောင်းဝယ်ဖောက်ကားမှု့ကန့်သတ်ထားတဲ့ကျား၊ကျားသစ်အစရှိတဲ့တိရိစ္ဆာန်တွေရဲ့သားရေတွေနဲ့လက်ကိုင်အိတ်တွေကိုတိုးတိုးတိတ်တိတ်ချုပ်ပြီးတင်ပို့နေတာတွေလဲရှိနေတယ်လို့MLNကိုအလုပ်သမားတွေဖက်ကပြောကြားထားပါတယ်။

အခုလိုအလုပ်သမားအခွင့်အရေးချိုးဖောက်ပြီးခေါင်ပုံဖြတ်အမြတ်ထုတ်ဖိနှိပ်နေတဲ့Hesheng Myanmar စက်ရုံရဲ့လုပ်ရပ်တွေကိုအမြန်ဆုံးဖော်ထုတ်ပေးဖို့အလုပ်သမားတွေဖက်ကလိုလားနေကြပါတယ်။

ယခုစစ်တပ်ကအာဏာသိမ်းထားတဲ့ကာလမှာအလုပ်သမားတွေအပေါ်လုပ်သားအခွင့်အရေးခချိုးဖောက်တာတွေ၊ဖိနှိပ်၊ခေါင်းပုံဖြတ်တာတွေလုပ်နေတဲ့မည်သူ့ကိုမဆိုပြင်းထန်တဲ့အရေးယူမှု့တွေလုပ်ဖို့ဆောင်ရွက်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့အလုပ်သမားရေးဝန်ကြီးဌာနဖက်ကထုတ်ပြန်ကြေညာထားပါတယ်။


Photo-Hesheng စက်ရုံမှထုတ်လုပ်သည့် Brand ထုတ်ကုန်တစ်ခု။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026