NEWS

အလုပ်ဆင်းချိန် Mask ချွတ်သည်ဟု အ​ကြောင်းပြကာ အလုပ်သမား၂ ဦး အလုပ်ထုတ်ခံရ

CoverLogo
1.9K Views

လှိုင်သာယာမြို့နယ်၊ ဆိပ်ကမ်းသာလမ်းမှာလုပ်ကိုင်နေတဲ့တရုတ်လူမျိုးပိုင် Primark Brand ထုတ်လုပ်တဲ့ Unifa Handbag Myanmar စက်ရုံမှာရုံးဆင်းချိန်၊ စက်ရုံအ​ပေါက်၀နားမှာ ၄င်းတို့တပ်ဆင်ထားတဲ့ Mask ကိုချွတ်မိလို့ဆိုပြီးအလုပ်သမားနှစ်ဦးကိုစက်ရုံစည်းကမ်းဖောက်ဖျက်တယ်ဆိုပြီးအလုပ်ထုတ်လိုက်တာခံလိုက်ရတယ်လို့ကာယကံရှင်တွေက MLN ကိုပြောပါတယ်။

"အလုပ်ဆင်းပြီးစက်ရုံအပေါက်ရောက်မှမတ်စ်ချွတ်တာကိုစက်ရုံစည်းကမ်းဖောက်တယ်ဆိုပြီးနို့တစ်စာ​ပေးပြီး ကျွန်တော့်ကိုအလုပ်ထုတ်လိုက်တယ်ကျွန်တော်တယောက်ထဲတော့မဟုတ်ဖူးနောက်တယောက်လဲပါတယ်။သူကတောင်းပန်တော့အလုပ်ပြန်ခန့်လိုက်တယ်။ကျွန်တော်တောင်းပန်တာကျတော့အကြောနဲ့ပြောတယ်ဆိုပြီးအလုပ်ပြန်မခန့်တော့ဘူး"လို့အလုပ်ထုတ်ခံလိုက်ရတဲ့ကာယကံရှင်တဦးကပြောပါတယ်။

အလုပ်ထုတ်ခံလိုက်ရတဲ့ကာယကံရှင်မှာနို့တစ်စာကိုမယူပဲထွက်လာခဲ့တယ်လို့လဲဆိုပါတယ်။

ဒါ့အပြင် မြို့နယ်အချို့မှာ​တော့ လမ်းသွားစဥ်မက်စ်တပ်ထားပါကလည်း စစ်​ကောင်စီတပ်သား​တွေရဲ့ စစ်​ဆေး၊ ဒဏ်ရိုက်တာခံရပါ​သေးတယ်။

စက်ရုံအလုပ်ရုံတွေမှာ ယခုကာနိုင်ငံရေးမတည်ငြိမ်မှု့နဲ့အတူအလုပ်ရှင်အလုပ်သမားဆိုင်ရာအခွင့်အရေးချိုးဖောက်မှု့တွေကတနေ့တခြားတိုးပွားလာနေတာဖြစ်ပါတယ်။


Related posts

Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026
Cover
စက်ရုံ၊အလုပ်ရုံ ကြိုပို့ယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များ ခိုင်လုံသည့် အထောက်အထားပါရှိမှ သာနေ့စဉ်ယာဉ်ပြေးဆွဲခွင့်ရမည်
Mar 07, 2026
Cover
FGWM အမျိုးသမီးကော်မတီ "၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ တောင်းဆိုချက် "
Mar 07, 2026
Cover
ILTERU Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများ နှစ်ချီကြာအောင် လူမှုဖူလုံရေး ကတ်မရ
Mar 07, 2026
Cover
Eurostyle အထည်ချုပ် ၂၄ နာရီ အတင်းအဓမ္မ အလုပ်ဆင်းခိုင်းပြီး၊ နောက်နေ့တွင် ညဆိုင်း ဝင်ခိုင်း
Mar 05, 2026
Cover
Asdet Myanmar Garment စက်ရုံ HR အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်ပြီး ရေဗူး ရောင်းစား
Mar 05, 2026
Cover
Precol Myanmar စက်ရုံ မန်နေဂျာ ကျင့်ဝတ်မညီမှု အမျိုးသမီးအလုပ်သမားများ ထိခိုက်နေ
Mar 02, 2026