NEWS

အလည်အပတ် နိုင်ငံကူးလက်မှတ်မှာ အလုပ်ဗီဇာကပ်ထားပြီး အလည်ပြန်လာသူများ ရန်ကုန်လေဆိပ်သာမက နယ်စပ်ဂိတ်များမှပါပြန်ထွက်မရဟုဆို

CoverLogo
477 Views

အလည်အပတ် အတွက် ပြုလုပ်ရတဲ့ PV နိုင်ငံကူးလက်မှတ်မှာ  အလုပ်ဗီဇာကပ်ထားပြီး အလုပ်လုပ်ကိုင်သူတွေပြည်ပကနေ အလည်ပြန်လာပြီး ခွင့်ရက်ပြည့်လို့ ပြည်ပကို ပြန်လည်သွားရောက်လိုပါက ရန်ကုန်လေဆိပ်သာမက နယ်စပ်ဂိတ်တွေ ကပါ ထွက်ခွင့်မပြု ဘူးလို့ အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။

Passport for vist (PV)အမျိုးအစားမှာ အလည်အပတ်အတွက်သာ ခွင့်ပြုထားပြီး အလုပ်နဲ့ပြည်ပသွားရောက်လိုသူတွေ အနေနဲ့ passport for job (PJ) အမျိုးအစား လုပ်ဆောင်ရမှာ ဖြစ်ကာ အလုပ်သမားဝန်ကြီးဌာန တွင် ပြည်ပအလုပ်သမား အဖြစ် မှတ်ပုံတင် တင်ရကြရမှာဖြစ်ကာ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးတဲ့ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) ရရှိပြီး မှ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

"အရင်က စလုံးတို့ ဒူဘိုင်းတို့ကို အလည်စာအုပ်PV နဲ့ ထွက်ပြီးတော့ ဟိုဘက်ရောက်မှ အဆင်ပြေသလိုအလုပ် ဗီဇာ ကတ်တာတွေ များတယ် အဲ့လူတွေ က မိသားစု ကိစ္စကြောင့် ပြည်တွင်း ကို အလည်ပြန်လာရင် အရင်က လွယ်ပေမယ့် အခု ဆို ပြန်အဝင်မှာလဲ အတော်လေးအရစ်ခံရတယ်  ပြီးတော့ အဲ့စာအုပ် နဲ့ ပြန်ထွက်လို့မရတော့ဘူး အဲ့တာလေဆိပ် တစ်ခုထဲ တင်မဟုတ်ဘူး နယ်စပ်ဂိတ်တွေမှာလည်း တရားဝင်ပြန်ထွက်လို့ မရဘူး ထွက်ချင်တယ်ဆိုရင် စာအုပ် PJ ပြန်လဲ OWIC ကတ်လျှောက် အဲ့လို လုပ်မှပဲရတယ်""လို့ အလုပ်အကိုင်အေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လတ်တလော မှာ  PV နိုင်ငံကူးလက်မှတ် နဲ့ ပြည်ပ ထွက်သူတွေ ကို စစ်ဆေးတာပိုမို တင်းကျပ်လျက်ရှိပြီး လေဆိပ်နဲ့နယ်စပ်ဂိတ်တွေ မှာ တာဝန်ရှိသူတွေက မသင်္ကာ တဲ့ အတွက် ပြည်ပထွက်ခွင့် မပြုတဲ့ အတွက်  ပြန်လာရသူတွေ အတော်များများရှိနေတယ်လို့ သိရပါတယ်။

PV နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပကို အလုပ်သွားရောက် မလုပ်ဖို့ကို လည်းအလုပ်သမားဝန်ကြီးဌာနက နိုင်ငံပိုင်မီဒီယာတွေကနေ ထုတ်ပြန်ကြေညာတာတွေ လည်း ပြုလုပ်လျက်ရှိပါတယ်။

တရားဝင် PJ နိုင်ငံကူးလက်မှတ် နဲ့ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်သူတွေ ကို လည်း စစ်မှုထမ်း ဥပဒေ ကြောင့် အသက် ၂၃ နှစ်ကနေ ၃၁နှစ်အထိ အမျိုးသားတွေ ကို ပြည်ပအလုပ်သွား လုပ်ခွင့်မရဘူးလို့ အလုပ်သမားဝန်ကြီးဌာနကသတ်မှတ်ထားပါတယ်။

အခုလို ပြည်ပထွက် အလုပ်လုပ်ခွင့်ကို ကန့်သက်ချက်အမျိုးမျိုးနဲ့ ပိတ်ပင်နေတဲ့ အတွက် ပြည်တွင်းက လူငယ်အများစုမှာ ဘေးကင်းလုံခြုံမှု မရှိဘဲ အန္တရာယ် များ တဲ့ တရားမဝင် ခိုးလမ်းကနေ ပြည်ပကိုအဆင်ပြေသလိုသွားရောက်မှု တွေ ပိုများလာတယ်လို့ သိရပါတယ်။

 


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(အောက်တိုဘာ၂၀-၂၆)
Oct 26, 2025
Cover
အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်အသစ်လက်ထက် ဂျပန်ရောက်မြန်မာတို့၏ အနာဂတ်နှင့် စိုးရိမ်မှုများ
Oct 26, 2025
Cover
ထိုင်းဘုရင်ရဲ့မယ်‌တော် နတ်ရွာစံတဲ့အတွက် ထိုင်းအစိုးရက ရက် ၉၀ ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ရန် ကြေညာ
Oct 25, 2025
Cover
ကန်ချနဘူရီ တွင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် ယာဉ်တိမ်းမှောက်ပြီး ၃ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရ
Oct 25, 2025
Cover
လုပ်ငန်းခွင်ထိခိုက်မှုကြောင့် လက်ချောင်းပြတ်တောက်သွားရသော အလုပ်သမား လျော်ကြေးရရှိ
Oct 25, 2025
Cover
ရုရှားနိုင်ငံသားပိုင် ကားအငှားလုပ်ငန်းကို ဝင်ရောက်စီးနင်းစစ်ဆေးရာ မြန်မာဝန်ထမ်း ၅ ဦးအဖမ်းခံရ
Oct 24, 2025
Cover
မြန်မာသံရုံး အသွင်ယူပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုး အတွက်ငွေကြေး လိမ်လည်မှုများ ရှိနေဟု စင်္ကာပူရှိမြန်မာသံရုံးကြေညာ
Oct 23, 2025
Cover
ပဲခူးတိုင်းမှ လာရောက်သည့် မြန်မာ ၃၀ ကျော် ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ
Oct 23, 2025