NEWS

အလည်ပတ် ထွက်လာသော မြန်မာနိုင်ငံသား များ စီးလာသည့် ကားတိမ်းမှောက် သဖြင့် ၁၂ဦး ဒဏ်ရာရ

CoverLogo
32 Views
 
ထိုင်း နိုင်ငံ အယုဒ္ဓယကနေ ဖိချဘွန်ကို အလည်သွားသည့် မြန်မာနိုင်ငံသားများ စီးနင်းဆောင်လာတဲ့ ဗင်ကား တိမ်းမှောက် မှု ဖြစ်တာကြောင့် ၁၂ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေထံမှ သိရပါတယ်။
 
ဇန်နဝါရီလ ၂ ရက် ဒီကနေ့ နံနက် ၁ နာရီခန့်က ဆာရာဘူရီ-လွန်ဆတ် အဝေးပြေးလမ်းမကြီးပေါ်မှာ မြန်မာနိုင်ငံသားများကို တင်ဆောင်တဲ့ အဖြူရောင်ဗင်ကားတစ်စီးဟာ လမ်းချော်၍ တိမ်းမှောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
 
ကနဦးစုံစမ်းမှုများအရ အယုဒ္ဓယပြည်နယ်မှ ဖာချဘွန်သို့ ခရီးသွားရန် လာရောက်တဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး ဆာရာဘူရီ-လွန်ဆတ် အဝေးပြေးလမ်းမကြီး ၂၁ ကီလိုမီတာအမှတ် ၉၃-၉၄ (ဖာချဘွန်ပြည်နယ်၊ ဆာရာဂရွတ်ခရိုင်၊ ဘန်ကလန်းဈေး ဘုရားကျောင်းရှေ့) မှာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
 
ယာဉ်တိမ်းမှောက်ရာ နေရာကို သီရိသက်ကယ်ဆယ်ရေးနဲ့ သီရိသက်မှ ကော့ဆိုင်းကယ်ဆယ်ရေးအဖွဲ့ တွေ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူတွေကို သီရိသက်ဆေးရုံသို့ အမြန်ပို့ဆောင်ကုသမှုပေးခဲ့တယ်လို့ သိရပါတယ်။
 
ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကို ရဲအရာရှိ တွေက စုံစမ်းစစ်ဆေးနေသလို ဒဏ်ရာရရှိသူတွေရဲ့ အခြေအနေနှင့် ယာဉ်မောင်းအပါအဝင် ခရီးသည်အားလုံးရဲ့နိုင်ငံသား နဲ့ အမည် တို့ကို စုံစမ်း စစ်ဆေးလျက်ရှိကြောင်းသိရပါတယ်။
 
ယခု နှစ်သစ်ကူး ပိတ်ရက် အတွင်း ထိုင်းရောက် မြန်မာ နိုင်ငံသား အချို့ အလည်ပတ်ခရီး သွားရာကနေ ယာဉ်မတော်တဆ ကြောင့် ထိခိုက်ဒဏ်ရာ ရတာတွေ အသက်ဆုံးရှုံး မှု တွေ ဖြစ်ပေါ် လျက်ရှိရာ ၂၀၂၅ခုနှစ်ဒီဇင်ဘာ ၃၀ရက်ည ပိုင်း တွင်လည်း မြန်မာလုပ်သား၁၃ဦးစီးလာသည့်ကား တူးမြောင်းအတွင်း ပြုတ်ကျရာ ၆ဦးသေဆုံးပြီး၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
 
Photo-Suphat EMT3669

Related posts

Cover
ကမ္ဘောဒီးယားတွင် အလုပ်ရမည်ဆိုကာ လူငယ် ၄ ဦး ကျားဖြန့်အလုပ်ရုံသို့ လိမ်လည်ရောင်းစားခံရ
Jan 08, 2026
Cover
မလေးရှား ရှိ တရားမဝင် ဖျော်ဖြေရေးစင်တာတွင် အလုပ်လုပ်နေသော မြန်မာ ၂၀ ဦး အဖမ်းခံရ
Jan 08, 2026
Cover
ပြည်ပသို့ အရေးပေါ်သွားလိုသူများအတွက် ဝန်ဆောင်ခ ကျပ် ၅ သိန်းကျော်ဖြင့် နိုင်ငံကူးလက်မှတ် အမြန်ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်
Jan 08, 2026
Cover
ကလေး သုံးယောက်မိခင်ကို အိမ်အကူ လုပ်ရမည်ဟု လိမ်ခေါ်ကာ ရွှေလီမှာ တရုတ်မယား အဖြစ်ရောင်းစား
Jan 08, 2026
Cover
အလှူကပြန်လာသော မြန်မာလုပ်သား ၁၃ဦး စီးနင်းလာသည့်ကား တူးမြောင်းထဲထိုးကျပြီး ၆ ဦးသေဆုံး
Jan 08, 2026
Cover
ကန်ချနဘူရီ၊ သလော်ကမ်းခြေတွင် အလည်အပတ်လာသော မြန်မာလုပ်သားတစ်ဦး ရေနစ်သေဆုံး
Jan 08, 2026
Cover
ထိုင်း Cal-Comp အီလက်ထရောနစ်စက်ရုံ မှ မြန်မာလုပ်သား ၁၆၀၀ အလုပ်ဖြုတ်ခံရ
Jan 08, 2026
Cover
ကားတိုက်ခံရသော မြန်မာလုပ်သားအမျိုးသမီး ဒဏ်ရာအပြင်းအထန်ရရှိသော်လည်း တိုက်သည့် ကားပိုင်ရှင် တာဝန်မယူဘူးဟုဆို
Dec 29, 2025