NEWS

အမြဲတမ်းအလုပ်သမားအဖြစ် ခန့်အပ်မခံရတာတွေအပါအဝင် မကြာခဏဆိုသလို ဥပဒေမဲ့အလုပ်ထုတ်မှု့များကြောင့် အခက်တွေ့ရတယ်လို့ Premier ကော်ဖီမစ်စက်ရုံလုပ်သားများပြော

CoverLogo
1.9K Views

 

စက်ရုံဖက်က လစဥ်လူမှု့ဖူလုံရေးကြေး ၂၈၈၀ ကျပ် ဖြတ်တောက်နေပေမယ့် အလုပ်သမားများမှာ လူမှု့ဖူလုံရေးအကျိုးခံစားခွင့်များဖြစ်တဲ့ ဆေးကုသခွင့် အကျိုးခံစားခွင့်စတာတွေ မရရှိတဲ့အပြင်စက်ရုံဖက်ကမကြာခဏဆိုသလိုလုပ်သားလျော့ချတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကြိုတင်အကြောင်းကြားမှု့မရှိပဲအလုပ်ထုတ်နေတာတွေကြောင့်အခက်ကြုံနေရတယ်လို့ Premier ကော်ဖီမစ်စက်ရုံကလုပ်သားတွေပြောပါတယ်။

Premier ကော်ဖီမစ်စက်ရုံဟာရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှု့ဇုန် ၃ ထဲကဆိပ်ကမ်းသာ လမ်းမကြီးမှာလုပ်ကိုင်နေတဲ့စက်ရုံတခုဖြစ်ပြီးလုပ်သားဦးရေ ၁၂၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီ့ထဲကမှယခု လူမှု့ဖူလုံရေး အကျိုးခံစားခွင့်မရတဲ့လုပ်သားတွေဟာရွှေပြည်သာအခြေစိုက်   HSAR kA HSAW အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီကအလုပ်သွင်းပေးထားတဲ့လုပ်သား ၄၀၀ ဖြစ်တယ်လို့သိရပါတယ်။

"ခုကျတော်တို့ကိုစက်ရုံဖက်ကရောကုမ္ပဏီဖက်ကရောဘာမှအာမခံချက်မပေးဘူး ကျတော်တို့ကလူမှုဖူလုံရေးကြေးသွင်းရပြီးဒီခံစားခွင့်တွေမရဘူးဆိုတော့ ဘာလုပ်မှာလဲ အေဂျင်စီကလာတော့လုပ်သက်သုံးနှစ်ရှိလဲခုထိပါမစ်နစ်မရဘူး အလုပ်သမားအခွင့်အရေးနဲ့ပတ်သတ်ပြီးကျတော်တို့မှာဘာမှပြောလို့မရဘူး"လို့အဆိုပါစက်ရုံမှလုပ်သက်သုံးနှစ်ကျော်လုပ်ကိုင်နေတဲ့အလုပ်သမားတဦးကပြောပါတယ်။

နစ်နာသူအလုပ်သမားတွေဟာ အေဂျင်စီနဲ့သုံးလတစ်ကြိမ်စာချုပ်ချုပ်ဆိုရပြီး အေဂျင်စီကဆွဲထားတဲ့စာချုပ်ပါအချက်အလက်တွေကိုမနှစ်မြို့ကျပေမယ့်လတ်တလောစားဝတ်နေရေးကြောင့်ဆက်လက်လုပ်ကိုင်နေရတယ်လို့သိရပါတယ်။

"အေဂျင်စီကလဲစာချုပ်ထဲဒါပါတယ် မကြိုက်ရင်ထွက်ပဲ စက်ရုံဖက်ကလဲအေဂျင်စီသမားဆိုအဖတ်ကိုမလုပ်တော့ ဘယ့်သူ့ပြောလို့ပြောရမှန်းမသိဘူး"လို့အလုပ်သမားတဦးကဆက်ပြောပါတယ်။

Premier Coffee mix စက်ရုံမှာအေဂျင်စီကတဆင်လာတဲ့အလုပ်သမားများအနေနဲ့လုပ်သက်ဘယ်လောက်ရှိရှိ ပါမစ်နစ်( လခစား) ဝန်ထမ်းများနည်းတူခံစားခွင့်မရရှိကြဘူးလို့သိရပါတယ်။

အေဂျင်စီမှလာတဲ့အလုပ်သမားတွေကိုနေရာအတည်တကျမရှိခိုင်းစေခြင်း၊ ဥပဒေမဲ့အလုပ်ထုတ်ခြင်း၊ လုပ်ငန်းခွင်အတွင်းခွဲခြားဆက်ဆံထားတာတွေလဲရှိနေတယ်လို့အလုပ်သမားတွေဖက်ကပြောပါတယ်။

"ခုသကြ်န်မှာလဲလူ ၅၀ လောက်လျော့မှာကျတော်တို့အေဂျင်စီသမားတွေကိုပေါ့ သူတို့ကတခါတခါထုတ်ရင်ဘာမှအကြောင်းမကြားဘဲ ဥပဒေမဲ့ကိုထုတ်တာ အေဂျင်စီကလဲဘာမှပြောမရတဲ့အပြင်ထွက်ဆိုထွက်ပဲ ကျတော်တို့ကိုအလုပ်ရှာပေးခ စာချုပ်ခသာခေါင်းပုံဖြတ်တာသူတို့ဖက်ကဘာမှတာဝန်မယူဘူး"လို့ Premier ကော်ဖီမစ်စက်ရုံမှအလုပ်သမားတဦးကဆက်ပြောပါတယ်။

စက်ရုံမှာသမဂ္ဂနဲ့အလုပ်သမားကော်မတီရှိပေမယ့်ယခုဖြစ်ပွားနေတဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်မှု့များအတွက်စက်ရုံနဲ့အေဂျင်စီဖက်ကတာဝန်မယူတဲ့အတွက်ဘယ်လိုမှဖြေရှင်းမပေးနိုင်သေးဘူးလို့လဲနစ်နာသူအလုပ်သမားတွေဖက်ကပြောပါတယ်။

နစ်နာသူအလုပ်သမားတွေအနေနဲ့သူတို့ရဲ့ဆုံးရှူံးနေတဲ့လူမှု့ဖူလုံရေးအကျိုးခံစားခွင့်များ၊ လုပ်သက်အလိုက်ရပိုင်ခွင့်များ၊ ရက်မှန်ကြေးများကိုအပြည့်အဝခံစားလိုနေကြတဲ့အပြင်ဥပဒေမဲ့အလုပ်ထုတ်မှု့တွေမလုပ်ဖို့တောင်းဆိုနေကြပါတယ်။

အဆိုပါစက်ရုံမှာ ယခင်ကတည်းကလည်း အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပြီး မကြာမဏဆိုသလို ဉပဒေမဲ့အလုပ်ထုတ်တာတွေလည်း လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

Premier Coffee mix စက်ရုံဟာ မြန်မာလူမျိုးပိုင်စက်ရုံဖြစ်ကာ၊ Premier အမှတ်တံဆိပ် အသင့်ဖျော်ကော်ဖီမစ်အမျိုးမျိုး၊ Happy လဖ္ဘက်ရည်၊ Milk Powder ၊ဖူးရှင်းအသင့်ဖျော်လဖ္ဘက်ရည်တို့ကိုထုတ်လုပ်ပြီးပြည်တွင်းစျေးကွက်မှာဖြန့်ချီနေတာ ဖြစ်တယ်လို့ သိရပါတယ်။

Photo- WGN-၂၀၁၈ ခုနှစ်က ပရီမီယာစက်ရုံလုပ်သားများဆန္ဒပြစဉ်

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026