NEWS

အမျိုးသားတွေပြည်ပကိုအလုပ်ထွက်လုပ်ခွင့်ပိတ်ပင်တာက တရားမဝင်ရွှေ့ပြောင်းသွားလာမှုတွေပိုမိုဖြစ်လာနိုင်တယ်လို့ဆို

CoverLogo
841 Views
 
မေလ ၁ ရက်ကစကာ ပိတ်ပင်လိုက်တဲ့အမျိုးသားတွေပြည်ပထွက်အလုပ်လုပ်ခွင့်ထပ်မံခွင့်မပြုတော့ဘူးဆိုတဲ့အချက်ဟာ ရွှေ့ပြောင်းလုပ်သားတွေအတွက်ပိုပြီးကျပ်တည်းလာစရာအခြေအနေတွေဖြစ်ပေါ်နေပြီး တရားမဝင်ရွှေ့ပြောင်းသွားလာမှုတွေအပြင် လူကုန်ကူးမှုဖြစ်စဉ်တွေပါ ပိုဖြစ်လာနိုင်စေ တယ်လို့ ​ရွှေ့​ပြောင်း အလုပ်သမား အ​ရေး​ဆောင်ရွက်သူ​တွေ ကပြောပါတယ်။
 
မြန်မာနိုင်ငံဟာ ၂၀၂၁ခုနှစ်နောက်ပိုင်း နိုင်ငံရေးအခြေအနေမငြိမ်သက်မှုတွေကြောင့် စီးပွားရေးကျပ်တည်းလာတဲ့အတွက် ပြည်ပကိုထွက်ကာအလုပ်လုပ်ကိုင်ကြသူတွေများလာကာ ပြည်ပအလုပ်အကိုင်ထွက်လိုသူတွေလည်း တစ်ဆ နဲ့တစ်ဆများလာပါတယ်။
 
ပြည်ပသွားရောက်လုပ်ကိုင်လိုသူ များပြား​နေ ချိန်မှာ ယခုကဲ့သို့အမျိုးသား လုပ်သားတွေပြည်ပထွက်ခွင့်ပိတ်လိုက်တာကြောင့် တရားမဝင်လမ်းကြောင်းတွေကနေ ပြည်ပသွားရောက်ဖို့ လုပ်ဆောင်လာကြပါက အလိမ်အညာပွဲစားတွေနဲ့တိုးကာ လူကုန်ကူးရောင်းစားခံရတာတွေလည်းရှိလာနိုင်တယ်လို့ ဆိုကြပါတယ်။
 
"ဒီလိုမျိုးရွှေ့ပြောင်းလုပ်သားတွေကို ပိတ်လိုက်ခြင်းကဘာဖြစ်လာနိုင်လဲဆိုတော့ မြန်မာနိုင်ငံမှာအခုစီးပွားရေးက အရမ်းကျပ်တည်းတယ်။ဘာမှလုပ်လို့မရတဲ့အခြေအနေမှာ နိုင်ငံခြားဝင်ငွေကို အဓိကရှာပေးတာကရွှေ့ပြောင်းလုပ်သားတွေပေါ့ ဒီလိုအခြေအနေမှာ ၁အချက် နိုင်ငံရဲ့စီးပွားရေးမှာပိုအကျပ်အတည်းတွေဖြစ်လာနိုင်သလို နောက်တချက်ကအရမ်းအရေးကြီးတယ်။ ဒါက လူငယ်တွေရဲ့ဘဝမှာ အခွင့်အလမ်းတွေအကုန်လုံးပိတ်ပစ်လိုက်သလိုဖြစ်သွားတဲ့အတွက် လူငယ်တွေရဲ့ဘဝမှာနဂိုကတည်းကအနာဂတ်ပျောက်နေတဲ့လူငယ်တွေကအခုဆိုရင်ပိုပြီးတော့ကူရာကယ်ရာမဲ့တွေဖြစ်လာမယ်လို့" ပြည်တွင်းမှာ ​ရွှေ့​ပြောင်းအလုပ်သမား အ​ရေး ​ဆောင်ရွက်သူ တဦးက ​ပြောပါတယ်။
 
မေ၁ရက်ကစလို့ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်ယာယီရပ်ဆိုင်းလိုက်ကြောင်းကြေညာချက်အရ ယခုလက်ရှိ ပြည်ပအလုပ်အကိုင်သွားရောက်ဖို့ခွင့်ပြုချက်ကျထားသူများ မပါရှိသေးကြောင်းနဲ့မေ၁ရက်နေ့နောက်ပိုင်းမှ ပြည်ပထွက်ဖို့လျှောက်ထားသူတွေအတွက်ကတော့ ပြည်ပအလုပ်အတွက် ပိတ်ပစ်လိုက်ပြီဖြစ်ကြောင်းသိရှိရပါတယ်။
 
အဆိုပါ ပြည်ပအလုပ်ထွက်လုပ်ခွင့်ယာယီရပ်ဆိုင်းမှုထဲမှာ တရားဝင်ပြည်ပကိုလုပ်သားစေလွှတ်နေတဲ့နိုင်ငံအားလုံးပါဝင်ပေမယ့် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ POEASမှ ကိုရီးယားနိုင်ငံကို EPSစနစ်နဲ့စေလွှတ်မှုကိုတော့အမျိုးသားလုပ်သားစေလွှတ်မှုယာယီရပ်နားတဲ့အထဲမပါရှိကြောင်းသိရပါတယ်။

Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026