NEWS

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အလုပ်သမား ဒုတိယဝန်ကြီးဦးကျော်နီနှင့်တွေ့ဆုံခြင်း

CoverLogo
1K Views

"အလုပ်သမားရေးအလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာတွေအတွက် အကြမ်းဖက်စစ်ကောင်စီလိုပဲ အလုပ်ရှင်တွေကတာဝန်ယူရမယ် ကိုယ်စိုက်ပျိုးခဲ့သမျှကိုယ်ပြန်ရိတ်သိမ်းရမယ်"

လက်ရှိအကြမ်းဖက်စစ်ကောင်စီကထိုင်းနိုင်ငံရောက်အလုပ်သမားတွေကို CI ရုံးတွေဖွင့်ပြီးငွေကြေးကောက်ခံနေတာတွေ ခြိမ်းခြောက်နေတာတွေအပါအဝင် ပြည်တွင်းပြည်ပလုပ်သားများအရေးနဲ့ပတ်သက်ပြီး MyanmarLabourNews မှအမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့အလုပ်သမားရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်နီနဲ့တွေ့ဆုံမေးမြန်းချက်များကိုထုတ်နှုတ်ဖော်ပြလိုက်ပါတယ်။


MLN - ထိုင်းကCI ရုံးတွေမှာစစ်ကောင်စီလက်ဝေခံဝန်ထမ်းတွေကအဓမ္မခြိမ်းခြောက်နေတာတွေငွေကြေးလိုအပ်တာထက်ပိုပေးနေရတာတွေရှိနေတဲ့အပေါ်ဝန်ကြီးအနေနဲ့ဘာများပြောခြင်ပါသလဲ။


ဦးကျော်နီ - CI နဲ့ပတ်သက်ပြီးတော့ကြေညာချက်ထုတ်ထားပါတယ်၊ COI သက်တမ်းတိုးဖို့ကို ကုန်ကျစရိတ်တွေဟာ ကြေညာထားတာထက်ပိုမိုပေးနေရတယ်ဆိုတာတွေ ကြားနေရပါတယ်၊ ဒါ့အပြင် အလုပ်သမားတွေကိုခြိမ်းခြောက်မှုတွေရှိနေတယ်လို့လည်း ကြားနေရပါတယ်၊ ဒါကြောင့် စကစရဲ့ CI စခန်းတွေဟာ အလုပ်သမားတွေအကျိုးအတွက်မဟုတ်ဘဲ အလုပ်သမားတွေအတွက် အကျိုးစီးပွါးထိခိုက်မယ်နေရာတွေဖြစ်နေတယ်လ်ို့ ပြောချင်ပါတယ်။

MLN - တရုတ်နိုင်ငံကပြည်တွင်းမှာရှိတဲ့သူတို့ရဲ့စီမံကိန်းတွေကိုမထိခိုက်ဖို့တောင်းဆိုတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတဲ့အပေါ်မှာရောဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။


ဦးကျော်နီ - 
တရုတ်ကတော့ မြန်မာပြည် ဘယ်လိုပဲဒုက္ခရောက်နေပါစေ သူ့အကျိုးစီးပွါး မထိခိုက်ရင်ပြီးရောဆိုတာကို လက်တွေ့ပြတဲ့သဘောလို့မြင်ပါတယ်၊ NUG မှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့အကျိုးစီးပွါးကလွဲရင် အခြားသော ပုဂ္ဂိုလ်ရေး နိုင်ငံရေး အကျိုးစီးပွါးတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ဆိုတဲ့မူဝါဒမရှိပါဘူး၊ အကြမ်းဖက်စစ်ကောင်စီနဲ့ စီးပွါးရေးဆက်ဆံမှုတွေ မလုပ်ဖို့၊ စစ်ကောင်စီဆီကိုပေးမယ့်ငွေကြေးတွေကို NUG ဆီပေးဖို့ သို့မဟုတ် ပြည်သူ့အစိုးရတက်လာတဲ့အချိန်ထိ ဆိုင်းငံ့ထားဖို့ဆိုတဲ့ တောင်းဆိုချက်တွေကိုတော့ နိုင်ငံတကာကိုတောင်းဆိုထားပါတယ်၊ တရုတ်ပြည်အနေနဲ့ မြန်မာပြည်မှာရေရှည် ရင်းနှီးမြှပ်နံမှုတွေလုပ်ချင်ရင် မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ထပ်တူ ဆောင်ရွက်ဖို့လ်ိုပါတယ်။

MLN - ပြည်တွင်းမှာနှစ်ပေါင်းများစွာလုပ်ကိုင်နေတဲ့သဘာဝဓါတ်ငွေ့နဲ့ရေနံကုမ္ပဏီကြီးအချို့ကတော့စစ်ကောင်စီနဲ့လုပ်ကိုင်နေတာတွေရပ်တန့်လိုက်ပြီဆိုတော့ စစ်ကောင်စီနဲ့ဆက်လက်လုပ်ကိုင်နေတဲ့ပြည်တွင်းပြည်ပကုမ္ပဏီတွေအပေါ်မှာရော NUG အနေနဲ့ဘယ်လိုလမ်းကြောင်းကနေဖိအားဆက်ပေးသွားဖို့ပြင်ဆင်ထားလဲ။

ဦးကျော်နီ - ရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးတွေက်ို စစ်ကောင်စီဆီငွေကြေးပေးနေတာတွေရပ်ဆိုင်းထားဖို့  ၊ ရင်းနီးမြှပ်နှံမှုတွေဆက်မလုပ်ဖို့ ကျနော်တို့အစိုးရအနေနဲ့ အစဉ်တစိုက်တောင်းဆိုနေခဲ့ပါတယ်။အခု တိုတယ်နဲ့ ရှဘရွန် ကုမ္ပဏီကြီးတွေက သူတို့ရင်းနှီးမြှပ်နှံမှုတွေက်ို မြန်မာပြည်ကနေ ရုတ်သိမ်းတော့မယ်ဆိုတဲ့အတွက် ကြိုဆိုပါတယ်။ ကျနော်တို့အစိုးရရဲ့အစဉ်တစိုက်တောင်းဆိုမှုနဲ့ ပြည်တွင်းပြည်ပ တက်ကြွလှုပ်ရှားသူတွေရဲ့ ကြိုးစားအားထုတ်မှုတွေရဲ့အကြိုးဆက်ပါပဲ။ ဒါပေမယ့် ကျနော်တို့တောင်းဆိုမှုတွေအပြည့်အဝ အောင်ပြီလို့ မဆိုလိုသေးပါဘူး။ ကျနော်တို့ အဓိကတောင်းဆိုတာက စစ်ကောင်စီဆီကို ငွေကြေးမထောက်ပံ့ရေးဖြစ်ပါတယ် ရင်းနှီးမြှပ်နှံမှုတွေရုပ်သိမ်းမှာကတော့ ဟုတ်ပါပြီ။ ပေးရန်ရှိငွေတွေကို ဘယ်သူ့ကို ဆက်ပေးမှာလဲဆိုတာက မေးခွန်းထုတ်စရာပါ။ ဒါကြောင့် ကျနော်တို့အနေနဲ့  ဒီလုပ်ငန်းကြီးတွေရဲ့ ငွေကြေးတွေ အကြမ်းဖက်စစ်ကောင်စီဆီကို ဆက်လက်မစီးဆင်းရေးအတွက် ကျနော်တို့ ဆက်လက်တောင်းဆိုဖို့ လိုပါဦးမယ်ဒါမှသာ ကျနော်တို့လိုလားချက်တွေ အောင်မြင်တယ်လို့ ပြောလို့ရမှာပါ။

MLN - နိုင်ငံနဲ့အဝှမ်းမှာပြည်သူတရပ်လုံးကစစ်ကောင်စီကိုရရာနည်းလမ်းနဲ့တော်လှန်နေတာတွေအားကောင်းနေသလိုတဖက်မှာလဲလုပ်ငန်းရှင်တွေကလုပ်သားပြည်သူတွေအပေါ်အခွင့်အရေးအဓမ္မချိုးဖောက်နေတာတွေရှိနေတယ်ဆိုတော့ဒီကာလမှာအခုလိုအခွင့်အရေးချိုးဖောက်နေတဲ့လုပ်ငန်းရှင်တွေကိုဘာပြောချင်လဲ။

ဦးကျော်နီ - 
ကျနော်တို့လူ့အဖွဲ့အစည်းဟာ လူမှုတော်လှန်ရေးက်ို တဘက်က လုပ်နေရသလိုပဲ တခြားတဘက်မှာလည်း မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေကြရပါတယ် အကြမ်းဖက်စစ်ကောင်စီကြောင့် အလုပ်လက်မဲ့  ဖြစ်သွားရတဲ့အလုပ်သမားတွေဟာသိန်းနဲ့ချီပြီးရှိနေပါပြီ။အချို့တွေဟာအလုပ်သမားတွေဟာပြည်ပထွက်ပြီး အလုပ်လုပ်ဖို့ကြိုးစားနေကြရပါတယ်၊ က်ိုဗစ်ကြောင့် ပြည်ဝင်ခွင့်တွေပိတ်ထားတဲ့နိုင်ငံတွေကို တရားမဝင် ဝင်ရောက်ကြတဲ့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ နေ့စဉ်ရာနဲ့ချီပြီးအဖမ်းခံနေရပါတယ်။

ပြည်တွင်းက အလုပ်သမားတွေမှာလည်း အခွင့်အရေးတွေချိုးဖောက်ခံရပြီး အလုပ်လုပ်နေကြရတာပါဒါတွေအတွက် အကြမ်းဖက်စစ်ကောင်စီလိုပဲ လုပ်ငန်းရှင်တွေလည်း တာဝန်ယူရမှာပါ ကိုယ်စိုက်ပျိုးခဲ့သမျှ က်ိုယ်ပြန် ရိတ်သိမ်းရမှာပါ လက်တလောအားဖြင့် အလုပ်သမားထုတရပ်လုံးကို ပြောချင်တာကတော့ တော်လှန်ရေးမှာ တတ်နိုင်တဲ့နေရာက ပါဝင်အားဖြည့်ပါ တော်လှန်ရေးမြန်မြန်အောင်မှသာ အရင်ထက်သာတဲ့ဘဝမြန်မြန်ရောက်မှာဖြစ်ပြီး တော်လှန်ရေး ကြာမြင့်တာနဲ့အမျှ ခုထက်ဆိုးတဲ့အခြေအနေတွေက်ို ရင်ဆိုင်ကြရလိမ့်မယ် လို့ပြောချင်ပါတယ်။

ခုလိုဖြေကြားပေးတဲ့အတွက် Myanmar Labour News ကကျေးဇူးတင်ပါတယ်။


Related posts

Cover
he order to further prosecute PEPSI Company has been rescheduled at 9th May
May 14, 2024
Cover
လုပ်သားအခွင့်အရေးတောင်းဆိုဖို့ ကြိုးပမ်းတဲ့အလုပ်သမား ၃၂ ဦးအလုပ်ထုတ်ခံရ
May 14, 2024
Cover
WHM Myanmar စက်ရုံ အလုပ်သမားများအား ဆန္ဒမပါဘဲ အလုပ်ပြောင်း ခိုင်းစေ၊ သန့်စင်ခန်းနှင့် သောက်ရေ မသန့်ရှင်းမှုများလည်း ဖြစ်ပေါ်နေ
May 14, 2024
Cover
Gainway international စက်ရုံတွင် အချိန်ပို မဆင်းသည့် အလုပ်သမားများအား ဆူပူ ခြိမ်းခြောက် ပြောဆို
May 14, 2024
Cover
လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုများ ဖြေရှင်းပေးစေလိုတယ်လို့ LUCKY FORTUNE GARMENT အလုပ်သမားတွေတောင်းဆို
May 13, 2024
Cover
Eternal Fashion အထည်ချုပ်လုပ်သားများ တလ နှစ်ရက်သာ နားရက်ရ
May 12, 2024
Cover
Hope One အထည်ချုပ်တွင် အောစူပါ တဦးတည်းဆန္ဒနှင့် အချိန်ပို ဆင်းခိုင်းသည့်အပြင် ဆဲဆို ခိုင်းစေနေ
May 12, 2024
Cover
အလုပ်သမား​ရေးရာအငြင်းပွားမှုများကို အလုပ်သမားဦးစီးရုံး​တွေက နစ်နာသူကိုတရားစွဲခိုင်းတဲ့နည်းလမ်းနဲ့ ​ခေါင်း​ရှောင်
May 10, 2024