NEWS

အမျိုးသမီးအလုပ်သမားများအား ​စက်ရုံလုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက် ကျူးလွန် မှုများဖြစ်ပွားနေ

CoverLogo
2K Views

''လုပ်ငန်းခွင်မှာ အလုပ်ရှင်ရဲ့အစေအပါး မန်နေဂျာတွ လီဒါတွေ အောဆူပါတွေက အလုပ်သမားတွေအပေါ် အော်ဟစ်ဆဲဆိုတာ ကြိမ်မောင်းတာ ကိုယ်ထိလက်ရောက် ခြေထောက်နဲ့ကန်တာတွေ ပါးရိုက်မယ်လို့ပြောတာတွေ မီးပူနဲ့ ကောက်ပေါက်တာတွေ ဆိုးဝါးဝါးအလုပ်သမားတွေကြုံတွေ့နေရပါတယ် အလုပ်ရှင်က စစ်ကောင်စီနဲ့ပေါင်းပြီး လုပ်ငန်းခွင်ထဲဝင်ရောက်ဖမ်းဆီးတာတွေ အလုပ်သမားတွေလုပ်ခတွေဖြတ်တောက်ပြီး စစ်ကောင်စီကိုထောက်ပံ့နေတာတွေရှိနေပါတယ် ဒါတွေကိုတွန်းလှန်ဖို့ အလုပ်သမားတွေအားလုံး စည်းလုံးညီညွှတ်ဖို့လိုပါတယ်''လို့ အလုပ်သမားများအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လတ်တလောကာလများမှာ အမျိုးသမီးအလုပ်သမားများအပေါ် ကိုယ်ထိလက်ရောက်ပြုမူမှုတွေ ဖြစ်ပွားနေတယ်လို့ စက်ရုံအလုပ်သမားများက ဆိုပါတယ်။

လက်တလော အထည်ချုပ်စက်ရုံလုပ်ငန်းခွင် အတွင်း အမျိုးသမီးအလုပ်သမားများအား  ကိုယ်ထိလက်ရောက် ပြုမူခဲ့သော စက်ရုံတွေဟာ     ကုန်အမှတ်တံဆိပ်တွေ ထုတ်လုပ်နေတဲ့ စက်ရုံတွေ ဖြစ်တယ်လို့ လည်း သိရပါတယ်။ ​

Brand ချုပ်နေတဲ့ စက်ရုံတစ်ခုမှာ အထည်ချုပ်နေစဉ် အထည်စံချိန်မပြည့်ဘူး လက်ကနှေးရမလားဆိုပြီး အထည်ချုပ်နေသော အလုပ်သမားလက်ကို စူပါက ရိုက်နှက်ပြုလုပ်ခဲ့တာတွေ နောက်ထပ် Brand ချုပ်နေတဲ့စက်ရုံ မှာလည်းမီးပူတိုက်နေတဲ့အလုပ်သမားအမျိုးသမီးကို အမျိုးသားစူပါက မီးပူတိုက်တာအဆင်မပြေလို့ အလုပ်သမားကို မီးပူဖြင့် ပစ်ပေါက်ခဲ့တာတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် Brand ချုပ်နေတဲ့စက်ရုံတစ်ခုမှာလညိး  အလုပ်သမားနေမကောင်းဖြစ်၍  ဆေးခန်းပြရန်ခွင့်တောင်းစဉ် စူပါ  မှ ပါးရိုက်ရန် ပြုလုပ်ခဲ့တာ၊ Myanmar Hang Shin အထည်ချုပ်စက်ရုံ  အမျိုးသမီးအလုပ်သမားကို နိုင်ငံခြားသားစက်ရုံမှူးက လက်သီးနှင့်လိုက်ထိုးလို့ အလုပ်သမားက ထွက်ပြေးခဲ့လို့ အလုပ်ထုတ်ခံခဲ့ရတာတွေ စတဲ့ကိုယ်ထိလကရောက််ကျူးလွန်တာတွေက  နေရာအစုံမှ လုပ်ငန်းခွင်တွင်းကိုယ်ထိလက်ရောက်ကျူးလွန်မှုများစွာရှိနေပြီး နေ့စဉ်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်လက်ရှိစစ်​ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာ  အလုပ်သမားတွေဟာ တစ်နေ့လုပ်ခ ၄၈၀၀ မရတဲ့အလုပ်သမားတွေလည်းအများကြီးရှိနေတယ်လို့ ဆိုပါတယ်။

အလုပ်ရှင်​တွေအနေနဲ့ အလုပ်သမားဆန္ဒမပါဘဲ  အချိန်ပိုအတင်းခေါ်ယူစေခိုင်းတာတွေ၊ လုပ်ငန်းခွင်ထဲမှာ အခွင့်ရေးချိုးဖောက်နေပြီး  ခေါင်းပုံဖြတ် အမြတ်ထုတ်နေတဲ့အလုပ်ရှင်တွေကသာ အကျိုးမြတ်များစွာကို ရရှိနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာလာလုပ်နေတဲ့ Brand တွေကလည်း အလုပ်သမားတွေအပေါ် တာဝန်ယူမျုတာဝန်ခံမှုမရှိပါဘူးလို့လညိးအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောဆိုပါတယ်။

MyanmarLabourNews
 


Related posts

Cover
Chi Mai အထည်ချုပ်စက်ရုံမှူး ဆဲဆို ခြိမ်းခြောက် ခိုင်းစေ
Jun 21, 2025
Cover
Hosheng Myanmar အထည်ချုပ် ကိုယ်ဝန်ဆောင်ပါ ညနက် အချိန်ပိုဆင်းခိုင်း
Jun 21, 2025
Cover
အလုပ်အချိန် အလွန်အကျွံဖိအားပေးခိုင်းစေပြီး အခွင့်အရေးချိုးဖောက်
Jun 20, 2025
Cover
Myanmar Ayeyarwaddy MFG စက်ရုံ ရက်ပျက်ဆိုပြီး ၂ ရက်အတွက် ဒေးကြေးဖြတ်
Jun 20, 2025
Cover
အချိန်ပိုကြေးမပေးတဲ့အပြင် အထည်စံချိန်အလွန်အကျွံတောင်းခံတာကြောင့် အလုပ်သမားအချို့ အာဟာရချို့တဲ့ပြီး ကျန်းမာရေးထိခိုက်တာတွေရှိနေ
Jun 19, 2025
Cover
ဘန်ကောက်တွင် တနေ့လုပ်ခ အနည်းဆုံး ဘတ် ၄၀၀ တိုးပေးမည်
Jun 19, 2025
Cover
အလုပ်သမားဝင်ငွေကနေ အခွန်ဖြတ်
Jun 19, 2025
Cover
အလုပ်သမားခေါင်းဆောင် ဦးသက်နှင်းအောင်ကို အဆိုးရွားဆုံးပုံစံဖြင့် ဆက်လက်တိုက်ပိတ်ထားဟုဆို
Jun 19, 2025