NEWS

အမျိုးသမီးသတင်းထောက် ကိုယ်ထိလက်ရောက်ကျူးလွန်ခံရသည့်အပေါ်ထိရောက်စွာအရေးယူပေးရန် MWiM ထုတ်ပြန်

CoverLogo
547 Views

မြေလတ်အသံ သတင်းဌာနမှာ သတင်းထောက်အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတစ်ဦး ကိုယ်ထိ လက်ရောက် ကျူးလွန်ခံရတဲ့အပေါ် မြန်မာသတင်းမီဒီယာကောင်စီအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ပေးဖို့ Myanmar Women in Media (MWiM) က ဒီဇင်ဘာလ (၁၆) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မြေလတ်အသံ သတင်းဌာနမှာ သတင်းထောက်အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကိုင်းတိုင်း၊ အမရာမြို့နယ်က အမျိုးသမီးသတင်းထောက် မငြိမ်းချမ်းစုကြည် (ခ) ငြိမ်းချမ်းမေနဲ့ သူရဲ့ ပါတနာ ဖြစ်သူ Transgender အမျိုးသမီးတစ်ဦးကို ဒီဇင်ဘာလ (၁၄) ရက် ည (၉) နာရီအချိန်ခန့်မှာ ကိုဝင်းကျော်ဆိုတဲ့ အမျိုးသားတစ်ဦးက ကိုယ်ထိလက်ရောက် တိုက်ခိုက်စော်ကားမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကိုဝင်းကျော်ဆိုသူ တည်းခိုတဲ့နေရာမှာ ဖွင့်လှစ်ထားတဲ့ အင်တာနက်ဆိုင်တွင်း မငြိမ်းချမ်းစုကြည် အလုပ်လုပ်နေ ချိန်မှာ ကိုဝင်းကျော်က သတင်းထောက် အမျိုးသမီးကို ပုဂ္ဂိုလ်ရေးဆိုင်ရာအပြင် သတင်းထောက်အလုပ်နဲ့ အလုပ်လုပ်နေတဲ့ သတင်းဌာနကိုပါ နှုတ်အားနဲ့ စော်ကားပြောဆိုတာတွေ လုပ်ဆောင်တဲ့အပြင် ပါတနာ ဖြစ်သူ Transgender အမျိုးသမီး သော်သော်ကိုပါ ကိုယ်ထိလက်ရောက် ထိုးနှက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ နစ်နာသူတွေက လူမှုကွန်ရက်စာမျက်နှာပါ ထုတ်ဖော်ပြောဆိုထားပါတယ်၊

“လိုင်းပေါ်မှာ အသိမိတ်ဆွေတွေ နစ်နာသူရဲ့ပို့စ်ကို ရှယ်နေတာကနေ ဖြစ်စဉ်ကို သိတာပါ။ စိတ်ထဲတော်တော် အဆင် မပြေဘူး။ စိတ်မလုံခြုံမှုကို ခံစားလိုက်ရတယ်။ သေချာတာကတော့ ထိရောက်တဲ့ အရေးယူတာကို မြင်ချင်တယ်။ ဒီလိုလူတွေကို ထိရောက်တဲ့ အရေးယူတာတွေလုပ်မှပဲ အလားတူဖြစ်ရပ်တွေ ထပ်ဖြစ်မလာအောင် ကာကွယ် နိုင်မယ် ယုံကြည်တယ်” လို့ အမျိုးသမီး သတင်းထောက်တစ်ဦးက ပြောပါတယ်။

Myanmar Women in Media (MWiM) က ထုတ်ပြန်ချက်မှာတော့ အမျိုးသမီးသတင်းထောက်တစ်ဦးကို ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုတာ၊ လိင်ပိုင်းဆိုင်ရာ တိုင်းထွာဆဲဆိုတာတွေအပြင် ကိုယ်ထိလက်ရောက် အကြမ်းဖက် ရိုက်နှက်တဲ့အပေါ် ကျား၊မ အခြေပြု အကြမ်းဖက်မှုအနေနဲ့ ရှုမြင်ပြီး ဒီလုပ်ရပ်အပေါ် အပြင်းအထန် ကန့်ကွက်ရှုံချပါတယ်လို့ ဖော်ပြထားပါတယ်။

#MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026