NEWS

အများပြည်သူအလုပ်ပိတ်ရက်တွင် ခိုင်းစေမှုတွေ ရှိနေ

CoverLogo
440 Views
 
တပေါင်းလပြည့်နေ့ အများပြည်သူရုံးပိတ်ရက် အပါအဝင် ပိတ်ရက် ၅ ရက်အဖြစ် အာဏာသိမ်းစစ်ကောင်စီက သတ်မှတ်ထားပေမဲ့ စက်ရုံလုပ်ငန်းရှင်တွေကတော့ လိုက်နာမှု မရှိဘူးလို့ အလုပ်သမားတွေဆီက သိရပါတယ်။
 
"ကျွန်မတို့ စက်ရုံဆိုရင် လပြည့်နေ့ကိုတောင် မပိတ်ပေးပါ ဘူး။ ဒီလို မပိတ်တာတွေ ရွှေပြည်သာ၊ လှိုင်သာယာ ဘက်တွေမှာ ပါတယ်။ အချိုစက်ရုံတွေကတော့ အလုပ်သမားတွေ နဲ့ ညှိနှိုင်းပြီး အချိန်ပိုကြေး ပြန်ပေးကြ ပါတယ်"လို့ အလုပ်သမားတဦးက ပြောဆိုပါတယ်။
 
ဒဂုံမြိုသစ်(တောာင်ပိုင်း)စက်မှုဇုန်၁ ၊ကျန်စစ်သားလမ်းမကြီးပေါ်က Golden Storage Eagle (PVC Door Joy Fiber Glasses) စက်ရုံက အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်တဲ့ မတ်လ ၁၃ရက် တပေါင်း လပြည့်နေ့ကို စက်ရုံ မပိတ် ဘဲ မဆင်းမနေရ အတင်းအဓမ္မ လုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂၊ မင်းသိဒ္ဒိကျော်စွာလမ်းက Myanmar Jick Young ဆေးထိုးအပ် စက်ရုံမှာလည်း အလုပ်သမားတွေကို မတ် ၁၃ရက် တရက်တည်းပိတ်ပြီး ကျန်တဲ့ရက်တွေ စက်ရုံမပိတ်ဘဲ အတင်း အဓမ္မ အလုပ် ဆင်းခိုင်းနေတယ် လို့ အလုပ်သမားတွေက ပါတယ်။
 
" မဆင်း မနေရ ၊ ဆင်းခိုင်းတဲ့ စက်ရုံတွေ ရှိပါတယ်။ ၃ရက် ပိတ်တဲ့ စက်ရုံတွေက စနေနေ့တစ်ပိုင်းကို အချိန်ပို သတ်မှတ်ပေးပါတယ်" လို ဆိုပါတယ်။
 
အများပြည်သူရုံးပိတ်ရက်တပေါင်းလပြည့် အပါအဝင် အစိုးရ ရုံးပိတ်ဆိုပြီး ကြေညာထားပေမဲ့ စက်ရုံအများစုက မတ်လ ၁၂ရက်က မတ်လ ၁၄ရက်အထိ ပိတ်ပေးထားပါတယ်။ တချို့စက်ရုံတွေက မတ်လ ၁၅ရက် စနေနေ့မှာ မူလအတိုင်း နေ့တဝက် အချိန်ပို လုပ်ခပေးထားပြီး မတ်လ ၁၆ရက် တနင်္ဂနွေနေ့ကိုတော့ အချိန်ပိုနေ့အဖြစ် သတ်မှတ်ပေးထားတာတွေ ရှိပါတယ်။ အချိုစက်ရုံတွေကတော့ မတ်လ ၁၃ ရက် တစ်ရက်တည်းပိတ်ပြီး ကျန်ရက်တွေကိုတော့ အချိန်ပို မဖြစ်အနေဆင်းခိုင်းတာတွေ ရှိသလို ရက်အစားဆင်းခိုင်းလို့ အလုပ်သမားတွေ နစ်နာမှုတွေ ဖြစ်ပေါ်နေပါတယ်။

Related posts

Cover
Mei Jie Myanmar အလုပ်နေရာ အတင်းအကျပ်ပြောင်း၊ ဆန္ဒမပါဘဲ အချိန်ပို ဆင်းခိုင်း
Jan 27, 2026
Cover
တရုတ်နှစ်သစ်ကူးမတိုင်မီ “၀"ဒေသရှိ အလုပ်သမားများ၏ လုပ်ခလစာ ကို အကုန်ရှင်းပေးရမည်ဟု WSP ထုတ်ပြန်
Jan 27, 2026
Cover
Eternal Fashion အထည်ချုပ် စက်ရုံ အလုပ်နေရာ ပြောင်းရွှေ့ပြီး လုပ်ခ လုပ်စာ ခွဲခြားပေး ၊ ဖိနှိပ်
Jan 27, 2026
Cover
Sunrise Myanmar Fashion အထည်ချုပ် စက်ရုံ ညနက် အချိန်ပို အပြင် တနင်္ဂနွေပိတ်ရက် အလုပ်ဆင်းခိုင်း
Jan 27, 2026
Cover
Tai Hong အထည်ချုပ် EC စာချုပ် ဖောက်ဖျက်ပြီး သတိပေးလက်မှတ်ထိုးခိုင်း
Jan 27, 2026
Cover
Tianjin fashion Milestone အထည်ချုပ် အလုပ်သမားတောင်းဆိုမှု ၁၈ ရက်ကြာမြင့်ပေမဲ့ ပြေလည်မှုမရ
Jan 24, 2026
Cover
Innovation Food Co.,Ltd ကုန်ကြမ်းမရှိသည့် ပိတ်ရက်အတွက် အစားထိုး အလုပ်ဆင်းခိုင်း
Jan 22, 2026
Cover
Costec အထည်ချုပ်အလုပ်သမားများ ဆန္ဒပြ တောင်းဆို
Jan 22, 2026