NEWS

အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၃၀၀၀ ကျော်အထိစျေးပေါက်နေ

CoverLogo
5.7K Views

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၀၀ ကျော်ပေါက်စျေးအထိ ရှိနေတယ်လို့ ပြင်ပဒေါ်လာစျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

" သုံးထောင်ကျော်နေပြီခုည ခုနကပဲကျွန်တော် ၃၀၂၀ နဲ့အပြာအရွက်သန့်အရောင်းဝယ်လုပ်ဖို့ပြောနေတာ။ ထပ်ပြီးတော့ဒေါ်လာစျေးတက်ပြီး ကျပ်ငွေတန်ဖိုးထိုးကျအုံးမှာပဲ။ ဘာလို့လဲဆိုတော့ လုပ်ငန်းရှင်တွေ လုပ်ငန်းလည်ပတ်ဖို့ပစ္စည်းတန်ဖိုးတွေပေးချေဖို့တွေကို စစ်တပ်က လိုအပ်သလောက်ထုတ်မရောင်းပေးဘူး။ လိုအပ်တာကိုအပြင်ပေါက်စျေးမှာ ကြိုက်ရောင်းကြိုက်ဝယ်ဆိုတော့ မှောင်ခိုစျေးကွက်သာ အားကောင်းလာမှာ''လို့ ဒေါ်လာစျေးကွက်ကစားသူ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက  ဝါဇီစက်ရုံမှ ထုတ်ဝေလိုက်သည့် ငွေစက္ကူ အသစ် ဘီလီယံ ၄၀၀ ကို အခမ်းအနားဖြင့် လွှဲပြောင်းမှုကို ဩဂုတ်လ ၁၂ ရက်နေ့တွင် ဆောင်ရွက်ပြီးနောက် ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့တွင် ထိုင်းဘတ်ငွေနှင့် ဒေါ်လာစျေးမြင့်တက်ကာ မြန်မာကျပ်ငွေ တန်ဖိုး ထိုးကျသွားခြင်းဖြစ်ပါတယ်။

လက်ရှိ ဩဂုတ်၁၃ရက်ညအထိ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၇၅၀ ကနေ  ၃၀၁၀ ကျပ်အထိ  စျေးပေါက်ကာ ကြိုက်ရောင်ကြိုက်ဝယ်ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

"ဒါက ရှင်းပါတယ်။ ငွေစက္ကူတွေ ဘီလီယံချီ ရိုက်ထုတ်တဲ့ အကျိုးဆက်ပဲလေ။  မြန်မာငွေတွေ ရိုက်ထုတ်ကြတာကြောင့်  ပိုဆိုးလာဖို့ပဲရှိတယ်" ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

ယမန်နေ့က ရွှေစျေးနှုန်းသည်ကျပ်  ၂၆ သိန်းကျော်ကျော်သာရှိခဲ့ရာမှ ယနေ့တွင် ၂၈ သိန်းနီးပါး စျေးထိုးတက်လာပြီး ဒေါ်လာစျေးနှုန်းမှာလည်း တစ်ဒေါ်လာလျှင်   ယနေ့ဩဂုတ်၁၃ရက်ည အပိတ်စျေး ၃၀၀၀ကျပ်ကျော်သွားခြင်းဖြစ်တယ်လို့ သိရပါတယ်။

MyanmarLabourNews


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026