NEWS

အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများကို ဖြတ်ကျော်နိုင်ဟုမိုး/ဇလထုတ်ပြန်

CoverLogo
242 Views
 
အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” ဟာ လာမယ့် စက်တင်ဘာ ၃၀ရက် နံနက်ပိုင်းမှာ မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသတွေကို အပူပိုင်းမုန်တိုင်းငယ်အဖြစ် ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၉ရက် မွန်းတည့်၁၂နာရီမှာ သတင်းထုတ်ပြန်ထားပါတယ်။
 
ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသတွေကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း “ဘူအလွိုင်”ဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ဗီယက်နမ်နဲ့ လာအိုနိုင်ငံ နယ်စပ်ဒေသတွေကို ဆက်လက်ဖြတ်ကျော်လျက်ရှိတယ်လို့ဆိုပါတယ်။
 
၎င်းမုန်တိုင်းဟာ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းမှာ လာအို နိုင်ငံနဲ့ မြန်မာ နိုင်ငံအရှေ့ပိုင်း နယ်စပ် ဒေသတွေကို အပူပိုင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းကြောင်း ထုတ်ပြန်ထားပါတယ်။
 
ပြင်ပမိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်နိုင်ကလည်း"" စက်တင်ဘာလ ၂၈ ရက် ည ၁၀ နာရီ ၂၀ မိနစ်မှာ တိုင်ဖွန်းမုန်တိုင်းဗဟို ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် အောက်တိုဘာ ၁ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အထိ မြန်မာပြည်မှာ နေရာအနှံ့အပြားမိုးရွာနိုင်၊ နေရာကွက်ပြီး မိုးများနိုင်ပါမယ်။ ၂၀၂၄ ခုနှစ် တိုင်ဖွန်းမုန်တိုင်းယာဂိမုန်တိုင်းအကြွင်းအကျန်များလောက် မိုးများနိုင်ခြင်းမဖြစ်သလို ရေကြီးရေလျှံခြင်းဆိုးရွားစွာဖြစ်ခြင်း မရှိနိုင်ပါဘူး""လို့ သုံးသပ်ပြောကြားထားပါတယ်။
 
မုန်တိုင်းအရှိန်ကြောင့် ယနေ့နံနက်မှ အောက်တိုဘာလ ၁ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီးအချို့ဒေသတွေမှာ ဒေသအလိုက်နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုး/ဇလ က ထုတ်ပြန်ထားပါတယ်။
 
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးမှာ ဖြစ်သလို တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွခြေင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း ဖြစ်ပေါ်နိုင်တာကြောင့် မြေပြိုမှုအန္တရာယ်၊ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြု ရှောင်ရှားကြဖို့ကိုလည်း သတိပေးထားပါတယ်။
 

Related posts

Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026