NEWS

အန္တရာယ်ရှိ ကျောက်သေတ္တာစေတီခေါ် ကျောက်တုံးကြီးကို ဖောက်ခွဲဖျက်ဆီးပစ်ရန် အရေးပေါ်ပြောင်းရွှေ့ခိုင်း

CoverLogo
1.1K Views
 
ငလျင်ဒဏ်ကြောင့် ကျောက်ဆည်မြို့နယ် ၊စုကြီးရပ်ကွက် ၊ ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာစေတီလို့ခေါ်တဲ့ ကျောက်တုံးကြီး ​ပြုတ်ကျမယ့်အနေထားရှိတာကြောင့် ဖောက်ခွဲ ဖျက်စီးရန် အတွက် အနီးရှိရပ်ကွက်နေပြည်သူတွေ ကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က လိုက်လံအသိပေးနေတာဖြစ်တယ်လို့သိရပါတယ်။
ကျောက်သေတ္တာ စေတီခေါ် ကျောက်တုန်းကြီးမှာ ပြုတ်ကျလာဖို့ အတွက် ၈၀ရာခိုင်နှုန်း ခန့် ရှိနေတဲ့ အတွက် နီးစပ်ရာနေရာတွေ ကို အန္တရာယ် ဇုန် သတ်မှတ်ပြီး အရေးပေါ်ပြောင်းရွှေ့ခိုင်းတာဖြစ်တယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။
အန္တရာယ်ဇုန် ထဲ ကျရောက်နေတဲ့ တောင်ဘက်ဈေးလမ်း မြောက်ဘက်လေးမျက်နှာဘုရားလမ်း နယ်နမိတ်ရှိ အိမ်ထောင်စုတွေကို ပြောင်းရွှေ့ခိုင်းထားတယ်လို့ ဆိုပါတယ်။
""အန္တရာယ်ရှိတဲ့ ကျောက်တုံးကြီးကို ဖောက်ခွဲဖျက်ဆီး နိုင်ရေး ကိုတာဝန်ရှိသူ တွေ အနေဖြင့် စီမံဆောင်ရွက်လျက်ရှိပါတယ်။အန္တရာယ် ကင်းရှင်းဇုန် ကို ထပ်မံ အသိပေးမယ့် အတွက် အန္တရာယ် ကင်းရှင်းဇုန် သတ်မှတ်ကြေညာပြီးမှသာ သတ်မှတ်နယ်မြေအတွငိး ဝင်ရောက်ကြဖို့ ""ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က အသိပေးနှိုးဆော်ထားပါတယ်။
အရေးပေါ်ပြောင်းရွှေ့နေထိုင်ကြမယ့် ဒေသခံတွေအနေနဲ့ နေထိုင်စရာလိုအပ်ပါက ဝေဘူချောင် ဓမ္မာရုံနဲ့ဇရပ် တွေမှာ ယာယီနေထိုင်နိုင်ဖို့စီစဥ်ပေးထားတာကြောင့် လာရောက်နေထိုင်နိုင် တယ်လို့သိရပါတယ်။
လက်ရှိမှာ ရွှေသာလျောင်းတောင်ခြေရှိ စုကြီးရပ်ကွက်ရှိ မြောက်ဖက်နယ်နမိတ် ၊ အနောက်ဖက်နယ်နမိတ်၊ တောင်ဖက် နယ်နမိတ်၊အရှေ့ဘက်နယ်နမိတ်အတွင်းရှိ အိမ်ထောင်စု ဒေသခံတွေအားလုံး အန္တရာယ်ဇုန်ထဲ ရှိနေတာကြောင့် အရေးပေါ် ပြောင်းရွှေ့မှုတွေ ပြုလုပ်နေရတယ်လို့ ဒေသခံတွေ ထံမှ သိရပါတယ်။

Related posts

Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026